ဒုတ္တာနှင့် ထုံးဆေးရည်၏ အားနည်းချက်၊ အားသာချက်များ သိလိုပါသည်။
အားသာချက် - ဓာတုကင်းလွတ်ပြီး တောင်သူများ အလွယ်တကူပြုလုပ်နိုင်သည့်အပြင် ကုန်ကျစရိတ်သက်သာစေပါသည်။ ဆေးဖျော်စပ်ပြီး ကြာသွားသောအခါ အနှစ်များကိုပြန်ဖျော်ပြီး မြေအောင်းပိုးကာကွယ်ရန် အသုံးပြုနိုင်ပါသည်။
အားနည်းချက် - ကန့်သည် အပင်ရောဂါများကို သေစေသော်လည်း အပင်ကို အဆိပ်သင့်စေတတ်သဖြင့် ထုံးနှင့် သုံးစွဲရခြင်းဖြစ်ပြီး စနစ်တကျ ဖျော်စပ်သုံးစွဲရမည်။ ဆေးဖျန်းချိန် အနံ့ရှူမိခြင်း၊ အရေပြားတို့နှင့်ထိမိပါက လူကိုအန္တရာယ်ဖြစ်စေနိုင်သဖြင့် အကာအကွယ်ဖြင့် ဖျန်းသင့်ပါသည်။
ဆေးမသုံးသင့်သောအချိန် - အပူချိန် (၂၇) ဒီဂရီစင်တီဂရိတ်ထက်ကျော်လျှင် အပင်လောင်တတ်သဖြင့် မသုံးသင့်ပါ။ အပင်ရေငတ်ချိန်၊ အားနည်းချိန်၊ အရွက်နုထွက်ချိန်များတွင် မသုံးသင့်ပါ။
ဆေးသုံးသင့်သောအချိန် - မနက်စောစောနှင့် ညနေပိုင်းများတွင် ဆေးဖျန်းနိုင်သည်။
ပျောက်ကင်းနိုင်သောရောဂါများ - မှိုနှင့် ဘက်တီးရီးယားကြောင့်ဖြစ်တတ်သော ရောဂါများနှင့် ဖျက်ပိုးများ၊ စပျစ်ရွက်ခြောက်ရောဂါ၊ ကြက်သွန်တောက်တဲ့မြီးရောဂါ၊ ရှောက် သံပုရာကိုင်းဖျားခြောက်ရောဂါ၊ ဝါမြစ်ပုပ်ရောဂါ၊ မွှားပင့်ကူ၊ အကြေးပိုး၊ လှေးပိုး၊ ပျပိုး၊ မီလီဂျပိုး၊ အကိုင်းထိုးပိုး၊ မှိုဖြူရောဂါ၊ နှင်းဆီရွက် အနက်ပြောက်ရောဂါ၊ သံချေးရောဂါ၊ မြေပဲနှင့် ပဲမျိုးစုံရွက်ပြောက်ရောဂါ၊ မြစ်ပုပ်ရောဂါနှင့် ပင်စည်ကွဲအက်ရောဂါတို့ကို ကာကွယ်နိုင်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more