ဆေးဖက်ဝင်တဲ့ ခွေးတောက်နွယ်
၁။ မျိုးရင်း ။ ။ Asclepiadaceae
၂။ ရုက္ခဗေဒအမည် ။ ။ Dregea volubilis Benth
၃။ အခေါ်အဝေါ်
(က) မြန်မာအမည် - ခွေးတောက်နွယ်
၄။ ပုံသဏ္ဌာန်
အပင် - ရှည်လျားသော နွယ်ပင်မျိုးဖြစ်သည်။ ပင်စည်လုံးသည် အခေါက် ဘော်ငွေရောင်ပေါ်တွင် အညိုရောင်အဖုအစက်လေးများ ရှိသော်လည်း ချော့မွေ့၏။ ပင်စည်မှ အခက်အလက်များထွက်၍ ထပ်မံနွယ်တက်သည်။
အရွက် - ရွက်ဆိုင်ထွက်သည်။ နှလုံးပုံရှိ၍ ရွက်ထိပ်ချွန်ပြီး ရွက်ရင်း အဝိုင်းများညီညာသည်။ ရွက်ကြော ၄စုံမှ ၅စုံထိရှိ၍ ထင်ရှားသည်။ ရွက်ညှာ ၁လက်မမှ ၃လက်မထိရှည်သည်။ ရွက်ပြားပြောင်ချော၍ ရွက်နားညီ၏။
အပွင့် - ကြားထွက်ပန်းခိုင်ဖြစ်၍ ပန်းခိုင်မှာ ငိုက်ကျနေပြီး ထိပ်တွင်သေးငယ်၍ စိမ်းဝါရောင်ရှိသော အပွင့်များစုပြုံ၍ပွင့်သည်။ တစ်နှစ်ပတ်လုံးပွင့်၏။
အသီး - ကြီး၍ပြောင်ချောပြီး ကျယ်ပြန့်သော လှံစွပ်ပုံရှိသည်။ အစိမ်းရောင်ရှိသည်။ အလျားလိုက်မြောင်းပါရှိသည်။ အတွင်း၌ ပြောင်ချောသော အစေ့ကလေးများရှိ၏။

၅။ ပေါက်ရောက်သည့်ဒေသ
မြန်မာနိုင်ငံဒေသအနှံအပြားတွင်ပေါက်ရောက်သည်။
၆။ ပေါက်ရောက်ပုံ
သဘာဝအလျောက်ပေါက်ရောက်သည်။
၇။ အသုံးပြုသည့်အစိတ်အပိုင်း
အရွက်၊ အမြစ်။
၈။ အာနိသင်
မြန်မာ့ဆေးကျန်းများအလိုအရ ခွေးတောက်သည် ခါးသက်သက်အရသာရှိ၏။ ပူ၏။ ခါး၏။ ဝမ်းမီးကိုတောက်စေ၏။ ကြေပျက်လွယ်၏။ ဓာတ်လေများကိုခိုင်မာစေ၏။ သွေးကိုပွားစေ၏။ ကာမကိုအားပေး၏။ နှုတ်ကိုမြိန်စေ၏။ လေကိုသက်စေ၍ သလိပ်ကိုကြေစေ၏။ လည်ချောင်းနာ၊ လေရောဂါ၊ ညောင်းကျနာ၊ ပန်းနာ၊ ရင်ကျပ်၊ ဒူလာနှင့် ကြွက် အဆိပ်သင့်အနာများကိုနိုင်၏။ ချွေးထွက်စေ၍ ရေငတ်ပြေစေသည်။
အသုံးပြုပုံ
အရွက်
(၁) အရွက်ကိုမီးကင်၍ ကပ်လျှင်အနာစိမ်း၊ သွေးစုနာများများ နုလျှင်ပိန်၍ ရင့်လျှင်ပြည်ပေါက်၍ ပေါက်၏။
(၂) ထန်းရည်၊ အရက်ကြာရှည်စွာသောက်သုံးသူများ တစ်နှစ်တစ်ခါ ကြက်သားနှင့် ခွေးတောက်ရွက်ကို ချက်စားပါက အဆိပ်အတောက်ပျောက်စေ၏။
(၃) အရွက်ကိုဟင်းခါးချက်သောက်ခြင်း၊ ကြော်စားခြင်းဖြင့် လေအောင့်၊ လေထိုး၊ ဆီးချိုရောဂါများပျောက်၏။
(၄) ခွေးတောက်ရွက်ကို ကြိတ်၍ရသော အရည်ဖြင့် ရေယုန်အနာများကိုဆွတ်လိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်၏။
(၅) အရွက်ကိုကြိတ်၍ အုံစည်းပေးခြင်းဖြင့် အဖုအပိန့်များပျောက်သည်။
(၆) ခွေးတောက်ရွက်ကို သကြားနှင့်ထောင်း၍ အုံပေးပါက အကြောအဆစ်လွဲခြင်းပျောက်၏။
(၇) ခွေးတောက်ရွက်ကို ကြက်ဥနှင့်ကြော်စားပါက ခွန်အားကိုတိုးပွားစေသည်။
အမြစ်
ခွေးတောက်မြစ်ကို ခွေးရူးပြန်ဆေး၊ အန်ဆေးနှင့် သလိပ်ရွှင်ဆေးများတွင်ထည့်သွင်းအသုံးပြုသည်။
( မြန်မာ့ဆေးဝါးပင်များ စာအုပ်မှကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်)
အပင်တွေရဲ့ ဆေးဖက်ဝင်ပုံအကြောင်းကို ‘ ကကြီးကနေ အ အထိ’ သိချင်ရင်တော့ ' မြန်မာ့ဆေးဝါးပင်များ ' စာအုပ်ကို အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို ဈေးတန်းကြီး fb page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်
ဆက်စပ်ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
ဆက်စပ်မေးခွန်းများ
ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပွင့်ဝင်ချိန်ပဲပင်များ သေဆုံးရသည့် ကိုကာကွယ်နိုင်မည့် နည်းလမ်းများကို သိချင်ပါတယ်
ဦးနေလင်းထက် • ဖြေကြားချက် 2 ခု
ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပင််များအပွင့်ဝင်ချိန်မှ စတင်သေဆုံးရသည့် အကြောင်းအရင်းကို သိချင်ပါတယ်ခင်ဗျ
Nay L H • ဖြေကြားချက် 2 ခု
GW 11 ကြဲပြီးရက်မှ ရိတ်ချိန်အထိမြေဆီကြွေးပုံကြွေးနည်းလေးပြောပြပေးပါဗျ
Aye Chan Min • ဖြေကြားချက် 1 ခု
ဆရာကြီးခများ သဘာဝပိုးသတ်ဆေးကောင်းတာလမ်းညွန်ပေးပါခများ chemical ပိုးသတ်ဆေးတွေဈေးကြီးလို့ပါ
U Than Toe Aung • ဖြေကြားချက် 1 ခု
ဆရာတို့ ပုံမှာ ငရုတ်ပင်က ဘာဖြစ်တာလဲ ရောဂါလား ပိုးမွှားလား ပညာရှင်များဝေဖန်ပေးကျပါဦး
MgMinlwinsoe • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026