ဆေးဖက်ဝင်တဲ့ ခွေးတောက်နွယ်

27/07/2022 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

၁။ မျိုးရင်း ။ ။ Asclepiadaceae

၂။ ရုက္ခဗေဒအမည် ။ ။ Dregea volubilis Benth

၃။ အခေါ်အဝေါ်

(က) မြန်မာအမည် - ခွေးတောက်နွယ်

၄။ ပုံသဏ္ဌာန်

အပင် - ရှည်လျားသော နွယ်ပင်မျိုးဖြစ်သည်။ ပင်စည်လုံးသည် အခေါက် ဘော်ငွေရောင်ပေါ်တွင် အညိုရောင်အဖုအစက်လေးများ ရှိသော်လည်း ချော့မွေ့၏။ ပင်စည်မှ အခက်အလက်များထွက်၍ ထပ်မံနွယ်တက်သည်။

အရွက် - ရွက်ဆိုင်ထွက်သည်။ နှလုံးပုံရှိ၍ ရွက်ထိပ်ချွန်ပြီး ရွက်ရင်း အဝိုင်းများညီညာသည်။ ရွက်ကြော ၄စုံမှ ၅စုံထိရှိ၍ ထင်ရှားသည်။ ရွက်ညှာ ၁လက်မမှ ၃လက်မထိရှည်သည်။ ရွက်ပြားပြောင်ချော၍ ရွက်နားညီ၏။

အပွင့် - ကြားထွက်ပန်းခိုင်ဖြစ်၍ ပန်းခိုင်မှာ ငိုက်ကျနေပြီး ထိပ်တွင်သေးငယ်၍ စိမ်းဝါရောင်ရှိသော အပွင့်များစုပြုံ၍ပွင့်သည်။ တစ်နှစ်ပတ်လုံးပွင့်၏။ 

အသီး - ကြီး၍ပြောင်ချောပြီး ကျယ်ပြန့်သော လှံစွပ်ပုံရှိသည်။ အစိမ်းရောင်ရှိသည်။ အလျားလိုက်မြောင်းပါရှိသည်။ အတွင်း၌ ပြောင်ချောသော အစေ့ကလေးများရှိ၏။ 

၅။ ပေါက်ရောက်သည့်ဒေသ

မြန်မာနိုင်ငံဒေသအနှံအပြားတွင်ပေါက်ရောက်သည်။

၆။ ပေါက်ရောက်ပုံ

သဘာဝအလျောက်ပေါက်ရောက်သည်။

၇။ အသုံးပြုသည့်အစိတ်အပိုင်း

အရွက်၊ အမြစ်။

၈။ အာနိသင်

မြန်မာ့ဆေးကျန်းများအလိုအရ ခွေးတောက်သည် ခါးသက်သက်အရသာရှိ၏။ ပူ၏။ ခါး၏။ ဝမ်းမီးကိုတောက်စေ၏။ ကြေပျက်လွယ်၏။ ဓာတ်လေများကိုခိုင်မာစေ၏။ သွေးကိုပွားစေ၏။ ကာမကိုအားပေး၏။ နှုတ်ကိုမြိန်စေ၏။ လေကိုသက်စေ၍ သလိပ်ကိုကြေစေ၏။ လည်ချောင်းနာ၊ လေရောဂါ၊ ညောင်းကျနာ၊ ပန်းနာ၊ ရင်ကျပ်၊ ဒူလာနှင့် ကြွက် အဆိပ်သင့်အနာများကိုနိုင်၏။ ချွေးထွက်စေ၍ ရေငတ်ပြေစေသည်။

အသုံးပြုပုံ

အရွက်

(၁) အရွက်ကိုမီးကင်၍ ကပ်လျှင်အနာစိမ်း၊ သွေးစုနာများများ နုလျှင်ပိန်၍ ရင့်လျှင်ပြည်ပေါက်၍ ပေါက်၏။ 

(၂) ထန်းရည်၊ အရက်ကြာရှည်စွာသောက်သုံးသူများ တစ်နှစ်တစ်ခါ ကြက်သားနှင့် ခွေးတောက်ရွက်ကို ချက်စားပါက အဆိပ်အတောက်ပျောက်စေ၏။ 

(၃) အရွက်ကိုဟင်းခါးချက်သောက်ခြင်း၊ ကြော်စားခြင်းဖြင့် လေအောင့်၊ လေထိုး၊ ဆီးချိုရောဂါများပျောက်၏။ 

(၄) ခွေးတောက်ရွက်ကို ကြိတ်၍ရသော အရည်ဖြင့် ရေယုန်အနာများကိုဆွတ်လိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်၏။ 

(၅) အရွက်ကိုကြိတ်၍ အုံစည်းပေးခြင်းဖြင့် အဖုအပိန့်များပျောက်သည်။

(၆) ခွေးတောက်ရွက်ကို သကြားနှင့်ထောင်း၍ အုံပေးပါက အကြောအဆစ်လွဲခြင်းပျောက်၏။

(၇) ခွေးတောက်ရွက်ကို ကြက်ဥနှင့်ကြော်စားပါက ခွန်အားကိုတိုးပွားစေသည်။

အမြစ်

ခွေးတောက်မြစ်ကို ခွေးရူးပြန်ဆေး၊ အန်ဆေးနှင့် သလိပ်ရွှင်ဆေးများတွင်ထည့်သွင်းအသုံးပြုသည်။

( မြန်မာ့ဆေးဝါးပင်များ စာအုပ်မှကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်)

အပင်တွေရဲ့ ဆေးဖက်ဝင်ပုံအကြောင်းကို ‘ ကကြီးကနေ အ အထိ’ သိချင်ရင်တော့ ' မြန်မာ့ဆေးဝါးပင်များ ' စာအုပ်ကို အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို ဈေးတန်းကြီး fb page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်