ဆေးဖက်ဝင်တဲ့ “ဝဥ”

29/07/2022 16:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

၁။ မျိုးရင်း။  ။ Araceae (  ပိန်းမျိုးရင်း)

၂။ ရုက္ခဗေဒအမည်။  ။ Amorphophallus campanulatus Blume

၃။ အခေါ်အဝေါ်-

မြန်မာအမည် - ဝဥပင်

အင်္ဂလိပ်အမည် - Devil’s Tongue, Cobraplant

ဂျပန်အမည် - Conjak = Mukaku

                         Campanulatus = Shinasoo

၄။ ပုံသဏ္ဌာန် -

အပင်

မျိုးစိတ်ပေါင်း ၂၀ ရှိသည့်အနက် A.conjak မျိုးနှင့် A.campanulatus မျိုးစိတ်၂မျိုးသည် အာနိသင့်အကောင်းဆုံးဖြစ်သဖြင့် နိုင်ငံခြားမှဝယ်ယူလိုသောမျိုးဖြစ်သည်။ ဥရှိသော အပင်မျိုးဖြစ်ပြီး အမြင့်၂ပေမှ ၄ပေခန့်ရှိသည်။ မိုးရွာသည်နှင့် တစ်ပြိုင်နက်အစို့များထွက်လာသည်။ 

အရွက်

ရွက်ထွက်လွှဲသည်။ ရွက်ပြားကျယ်ပြန့်သည်။ အလျား၁-၃ ပေထိရှိသည်။ ရွက်ညှာတံမှာချောမွေ့၍ စိမ်းမှိုင်းသောအရောင်ရှိပြီး အစက်အပြောက်များပါရှိသည်။ လက်ဝါးရွက်ပေါင်းဖြစ်ပြီး ရွက်ထိပ်ချွန်သည်။ ရွက်မြွာ ၃ မှ ၅ထိရှိသည်။ ၄-၅ နှစ်သားကျော်လျှင် ပွင့်တံထွက်လာသည်။

အပွင့်

မြေပေါ်သို့ ဥမှနေပြီး ၁-၂ ပေခန့်အထိရှိသော ရိုးတံထွက်လာသည်။ ၎င်းရိုးတံထွက်ပေါ်တွင် အစက်အပြောက်များရှိသည်။ ပွင့်ကာရွက်အုပ်သည် အလွန်ကြီးမားပြီး ကတော့ သို့မဟုတ် ခေါင်းလောင်းပုံသဏ္ဌာန်ရှိသည်။ ၎င်းပွင့်ကာရွက်အုပ်၏ အကျယ်မှာ ၁ ၁/၂ - ၂ပေနီးပါးအထိရှိတတ်ပြီး အလျား၁၅ လက်မခန့်ရှည်၍ အနားများမှာ ပိန်းပန်းကဲ့သို့ ညီညာခြင်းမရှိဘဲ လှိုင်းထကာ တွန့်နေသည်။ ပွင့်ကာရွက်အုပ်တစ်ခုလုံး၏ အနားတစ်ဝိုက်တွင် နီညိုရောင်ဖြစ်ပြီး အောက်ဘက်တွင်အဖြူစက်များ နှောသော မီးခိုးရောင်ဖြစ်လာကာ ကတော့ပုံသဏ္ဌာန် အတွင်းထဲ၌ ခရမ်းရင့်ရောင်ဖြစ်သွားသည်။ အလွန်ပြင်းထန်သော အနံ့ရှိသည်။ အပွင့်ကလေးများသည် အလွန်သေးငယ်ပြီး ၁၀ - ၁၂ လက်မအရှည်ရှိသော ပွင့်ခိုင်ရိုးတံပေါ်တွင် စီတန်းလျက်ပွင့်ကြသည်။ 

အသီး

ပွင့်ခိုင်ရိုးတံပေါ်တွင် စီတန်းပြွတ်သိပ်ပြီးသီးသည်။ ပြောင်းဖူးနှင့်သဏ္ဌာန်တူသည်။ နုစဉ်တွင် အစိမ်းရောင်ဖြစ်ပြီး အသီးများရင့်မှည့်သောအခါ လိမ္မော်နီရောင်သို့ ပြောင်းသွားသည်။

မှတ်ချက်

၁။ Conjak မျိုး၏ အခြားသော ဝဥများနှင့်ခြားနားချက်မှာ Conjak မျိုးသည် 

(၁) ရိုးတံစိမ်းသည်။

(၂) ဥ၏အရောင်မှာ ပန်းရောင်အနုဖြစ်သည်။

(၃) အစေ့အိမ်များ ပိုမိုများပြားစွာပါဝင်သည်။

(၄) အရွက်တွင် ဝဥပုံကဲ့သို့ မျိုးပွားရန် ဥငယ်ကလေးများ (ဂလင်း) ရှိသည်။

Campanulatus မျိုး၏အခြားသော ဝဥများနှင့်ခြားနားချက်မှာ

(က) ရိုးတံသည်ချောမွတ်၍ အဖြူကွက်လေးများအနည်းငယ်ပါသည်။

(ခ) ဥ၏အရောင်မှာ အဝါနုရောင်ဖြစ်သည်။

(ဂ) အစေ့အိမ်များ ပိုမိုများပြားစွာပါဝင်သည်။

(ဃ) အရွက်တွင် Conjak ကဲ့သို့မျိုးပွားရန် ဥငယ်ကလေးများမပါချေ။ သို့ရာတွင် ကြီးရင့်လာသော ဝဥများတွင် ဥမှသားတက်များ ထွက်ပေါ်လေ့ရှိသည်။

၅။ ပေါက်ရောက်သည့်ဒေသ

၁။ Conjak မျိုးသည် အေးမြသော ရာသီဥတုရှိတောင်ပေါ်ဒေသများ၌ သာလျှင်ပေါက်သည်။

၂။ Campanulatus  မျိုးသည် မျှတသောရာသီဥတုရှိသည့် တောင်ပေါ်ဒေသများ၌သာလျှင် ပေါက်ရောက်သည်။

၆။ ပေါက်ရောက်ပုံ

သဘာဝအလျောက်ပေါက်ရောက်သည်။

အစေ့မှ လည်းကောင်း၊ အရွက်ရိုးတံအရင်းတွင်ရှိသော မျိုးပြန့်ပွားသည့် ဖုကလေးများမှလည်းကောင်း၊ ဥမှ ဖြာထွက်လာသည့် အမြစ်များမှဖြစ်ပေါ်လာသည့် ဥကလေးများမှသော်လည်းကောင်း မျိုးပြန့်ပွားသည်။

၇။ အသုံးပြုသည့်အစိတ်အပိုင်း -ဥ

၈။ အသုံးပြုပုံ

ဝဥအားအမျိုးသမီးများ ဗိုက်ရွှဲခြင်း၊ ဆီးအိမ်ကြီးခြင်း ကိုကာကွယ်ရန်လည်းကောင်း၊ ကိုယ်ရေစစ်၍ အသားအရေလှပစေရန်လည်းကောင်း၊ သက်ကြီးရွယ်အိုများတွင် နှလုံးတုန် ရင်တုန်ရန်ကိုကာကွယ်ရန် တွင်လည်းကောင်း၊ လူ့ခန္ဓာ လိုအပ်သည်ထက်ပို၍ အဆီများ အစိုင်အခဲများဖြစ်ခြင်းကို ကာကွယ်ရန်တွင် လည်းကောင်း သုံးသည်။

( မြန်မာ့ဆေးဝါးပင်များ စာအုပ်မှကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်)
အခုလိုမျိုး အပင်တွေရဲ့ ဆေးဖက်ဝင်ပုံအကြောင်းကို ‘ ကကြီးကနေ အ အထိ’ သိချင်ရင်တော့ ' မြန်မာ့ဆေးဝါးပင်များ ' စာအုပ်ကို အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို ဈေးတန်းကြီး fb page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်

Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်