ငါးသားပေါက် စတင်ထည့်သွင်းရာတွင် သတိပြုရမည့်အချက်များ
ငါးဒိုင်တွေကနေ ငါးသားပေါက်တွေ ဝယ်ယူလာပြီး၊ မွေးမြူကန်ထဲကို မထည့်ခင် သိထားသင့်တဲ့ အချက်တွေကို သိသလောက်လေး ပြန်လည်မျှဝေပေးပါရစေရှင့်။
(၁) ကားဂိတ်ကနေ ပုံးတွေနဲ့ သယ်လာတဲ့အခါ ငါးလေးခမျာ ခရီးပန်းပြီး၊ နုံးချိ ပင်ပန်းနေပါတယ်။ ဒါ့ကြောင့် ကိုယ့်ဒေသကိုရောက်ရောက်ချင်း၊ ငါးလေးတွေကို မွေးကန်ထဲကို တိုက်ရိုက်မထည့်လိုက်ပါနဲ့ရှင့်။ (ရုတ်တရက် သေဆုံးသွားတတ်လို့ပါ။)
(၂) ငါးလေးတွေကို အဝကျယ်ကျယ် ဇလားထဲကိုဖြေးဖြေးလေး (ညင်ညင်သာသာလေး) ထည့်ပါရှင့်။
(၃) ဇလားထဲကို ထည့်ပြီးရင်တော့၊ မွေးမြူဖို့ အသင့်လုပ်ထားတဲ့ကန်ထဲမှာ ရှိနေတဲ့ ရေကို ခပ်ပြီး၊ ငါးလေးတွေထည့်ထားတဲ့ ဇလားထဲကို နည်းနည်းချင်းစီထည့်ပေးပါရှင့်။ အဲ့ဒီလို မွေးကန်ထဲက ရေကို ဇလားထဲထည့်ရာမှာလည်း ဝုန်းခနဲ သွန်ချမထည့်သင့်ပါဘူး။ ဇလားအပြည့် တပြိုင်တည်း မထည့်လိုက်သင့်ပါဘူး။
ငါးသားပေါက်လေးတွေ လန့်မသွားရအောင်၊ တစ်ကြိမ်ကို ရေနည်းနည်းချင်း လောင်းထည့်ပေးပါနော်။ (ဒီလုပ်ဆောင် ချက်ကတော့ - ငါးလေးတွေကို မွေးမြူကန်ထဲမထည့်ခင်မှာ မွေးမြူကန်ထဲမှာ ရှိနေတဲ့ရေနဲ့ အသားကျသွားစေဖို့ လုပ်ဆောင်ရတာ ဖြစ်ပါတယ်ရှင့်။)
(၄) အဲဒီနောက် ရေဇလားကို မွေးမြူကန်အထဲသို့၊ ဖြေးဖြေးချင်း စောင်းပြီး၊ ငါးလေးတွေကိုယ်တိုင် ရေကူးပြီး မွေးမြူကန်ထဲ ကူးခတ်ဝင်သွားတဲ့ အခြေအနေပုံစံမျိုး ဖြစ်ရင် အကောင်းဆုံးပါပဲ။
ဒီအချက်တွေကို လိုက်နာမယ်ဆိုရင်၊ ငါးသားပေါက်တွေ အသေအပျောက်နည်းပါးသွားစေမှာ မလွဲဧကန်ဖြစ်ပါတယ်ရှင့်။
လူသားတို့ရဲ့စားဝတ်နေရေး ဖူလုံစေဖို့နဲ့၊ ပြည်တွင်းသယံဇာတတွေ တိုးပွားထုတ်လုပ်နိုင်ဖို့အတွက် ငါးမွေးမြူရေးလုပ်ငန်းတွေဟာ အဓိကအရေးပါနေပါပြီ။
ငါးမွေးမြူခြင်းနဲ့ စီးပွားဖြစ်ထွန်းကြပါစေ။
နန်းထက်ထက်ချစ်(ABM)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ပဲတောင့်ရှည် က အပွင့်တွေကြွေနေပါတယ် ရောဂါနဲ့ ဆေးအသုံးပြုပုံဖြေကြားပေးပါခင်ဗျာ🙏
bominthu • ဖြေကြားချက် 0 ခု
ပန်းပွင့်ချိန်မှာ..ငါးအမိုင်နို...အင်ဇိုင်းအပွင့်အသိးတင်ဆေး...လက်ချားမုန့်တို့ရောပြီးပတ်လိုအဆင်ပြေနိင်လားဗျ.....အဲထဲဘိတာစိလိုပိုးသတ်ဆေးထည့်ရင်ကောရမလားဗျ....
သန်းထိုက်အောင် • ဖြေကြားချက် 2 ခု
မတ်ပဲ ကျဲပြီး 7 ရက်သား ရှိပါပြီ 1.စပါးခွံ ပေါင်းခံရည် ဖြန်းသင့်ပါသလား အကျိုးအပြစ် သိချင်ပါတယ်ခင်မျ တကယ်လို့ ဖြန်းရရင် ပဲဘယ်အရွယ်မှာ ဘယ်လောက်ဖြန်းသင့်သလဲ 2.မကြဲခင် 10ရက်ခန့် စောပြီး ပေါင်းကြမ်းဆေး(glyphosate)ဖြန်းခဲ့ပါတယ် ခု ပဒေါ်လို ပေါင်းနဲနဲကျန်ပြီး ခြွေလှေ့ကျတဲ့ စပါးတစ်ချို့ ပြန်ပေါက်လာပါတယ် (13/14မိုးရွာပါတယ်) ပေါင်းဆေးထပ်ဖြန်းသင့်လား ဖြန်းရင် ဘယ်လိုဆေးမျိးဖြန်းရမလဲ သိချင်ပါတယ်ခင်မျ
Thiha • ဖြေကြားချက် 5 ခု
ခရမ်းချဉ်စသီးနေပီး15ပတ်လည် 10Sကို ရေလီတာ200ပုန်းဆိုဘယ်လောက်ချိုးထည့်ရမလည်း
စိုင်းအိုက်လှိုင် • ဖြေကြားချက် 1 ခု
#တောင်ယာစပါး မျိုးစေ့ ရောင်းဝယ် နေရာ စိုက်နည်း ပေါင်းဆေး အားဆေး အော်ဂဲနစ် ဘယ်အမျိုးက ဘယ်နေရာနဲ့သင်တော်လဲဆိုဒါ ပညာရှင်များ ပြောပြပေးလို့ရလား
အိုအေ • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
အယ်လ်နီညိုလာမည်ဆိုလျှင် သီးနှံစိုက်ပျိုးရေးတွင် ကြိုတင်ပြင်ဆင်
14/10/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၇)
13/10/2026
ရန်ကုန် ကြက်၊ ဘဲဈေးကွက်တွင် အသားတိုးကြက်ဈေးကျပြီး ဘဲဈေးနှုန်း မြင့်တက်
13/10/2026
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
12/10/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022