Agri Innovation Fund စီမံကိန်းဆိုင်ရာ သတင်းအချက်အလက်ဖြန့်‌ဝေခြင်း တွေ့ဆုံဆွေးနွေးပွဲ ကျင်းပမည်

18/01/2021 10:45 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    GIZ Myanmar ၏ Agri Innovation Fund (AIF) စီမံကိန်း စတင်မည့်အကြောင်းနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်ဖြန့်ဝေခြင်း Online ဆွေးနွေးပွဲ တစ်ခုကို ဇန်နဝါရီ (၂၂) ရက်၊ နေ့လည် (၂) နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း GIZ Myanmar မှ သိရသည်။

    အဆိုပါဆွေးနွေးပွဲကို GIZ Myanmar ၏ Agri Innovation Fund (AIF) စီမံကိန်းမှ ဦးဆောင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းတို့မှလည်း ပူးပေါင်းပါဝင်ကြမည်ဖြစ်ကြောင်း သိရသည်။ 

ဒီဆွေးနွေးပွဲမှာဆိုရင် Agri Innovation Fund (AIF) စီမံကိန်းအကြောင်းကို မိတ်ဆက်တာအပြင်၊ စီမံကိန်းရည်ရွယ်ချက်တွေ၊ စီမံကိန်းဆိုင်ရာ လမ်းညွှန်ချက်တွေနဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို တက်ရောက်လာမယ့်သူအားလုံးကို မျှဝေပေးဖို့အတွက် ရည်ရွယ်ကျင်းပရခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် စီမံကိန်းမှာ ပါဝင်လျှောက်ထားနိုင်မယ့် အသင်းအဖွဲ့တွေ၊ ကုမ္ပဏီတွေနဲ့ သက်ဆိုင်တဲ့ စီမံကိန်းအစီအစဉ်ရေးဆွဲတဲ့အခါ အကျုံးဝင်မယ့် သတ်မှတ်ချက်တွေကိုလည်း မျှဝေပေးသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်ပါဝင်စားသူတွေအနေနဲ့ ပါဝင်ဆွေးနွေးဖို့အတွက်လည်း ဖိတ်ခေါ်ချင်ပါတယ်။

ဟု GIZ Myanmar မှ Technical Advisor မမေပွင့်ဖြူ က ပြောသည်။  

    ဆွေးနွေးပွဲအစီအစဉ်တွင် ကော်ဖီ၊ ငရုတ်၊ ဂျင်း၊ ကျွဲကောသီးနှင့် မှိုစိုက်တောင်သူ အစုအဖွဲ့များ၊ အဆိုပါသီးနှံများ၏ တန်ဖိုးမြှင့်ကွင်းဆက် (value chain) တစ်လျှောက် လုပ်ကိုင်ဆောင်ရွက်နေသူများလည်း တက်ရောက်ကြမည်ဖြစ်ပြီး ဆွေးနွေးပွဲတက်ရောက်လိုသူများအနေဖြင့် မမေပွင့်ဖြူ/ [email protected]/ 09-262 070 205 နှင့် ကိုကောင်းခန့်ဆွေ/ [email protected]/ 09-254 360 784 ထံသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်