တောင်သူတွေ သိထားသင့်သည့် စိုက်ပျိုးရေးဆေးသုံး ဝေါဟာရများ

04/06/2024 13:27 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

CC စီစီ      = ပိုးသတ်ဆေးအရည်ကို ချင်တွယ်သောယူနစ်

gm ဂရမ်   = ပိုးသတ်ဆေးအမှုန့် ချင်တွယ်ရာတွင် သုံးသပ်ယူနစ်

CC/ac      = တစ်ဧက အသုံးပြုရမည့်ဆေးပမာဏ

Lit/ac      = တစ်ဧကအသုံးပြုရမည့် ဆေးလီတာ

gm/20lit   = ရေ၂၀လီတာ ဆေး၁ပုံးတွင် ထည့်ရမည့် ဆေးမှုန့်ပမာဏ

W/W     = weight by weight ယူနစ်တူချင်း ပါဝင်သော ပမာဏ

ai %      = active ingredients အစွမ်းရှိအာနိသင် ပစ္စည်းပါဝင်မှုရာနုန်း

Inert     = ဆေးဖော်စပ်ရာတွင် အသုံးပြုသော ရောနှောပစ္စည်း

EC%      = ဆေးနှင့်ရေ ပျော်ဝင်နိုင်ရန် အသုံးပြုရသော ရေနံဓာတုပစ္စည်းပါဝင်မှုရာနှုန်း

WP     = ရေနှင့်ဖျော်သုံးရသော ဆေးမှုန့်

SP      = ရေပျော်လွယ်သော ဆေးမှုန့်

SC      = ရေပျော် ဆေးအပျစ်

SL      = ရေပျော်လွယ်သော.ဆေးရည်

G       =   granules ရေဖျော်ဆေးခဲ

(မြေကြီးအတွင်း soil pest အတွက်အသုံးပြုရန်)

D = Dust အမှုန့်

WDG = Water-Dispersible Granule

ရေနှင့်ဖျော်စပ်အသုံးပြုရသော ဆေးခဲ (အပင်ပေါ်ပက်ဖျန်းအသုံးပြုရန်)

FS = Flowable concentrates for seed treatment (မျိုးစေ့လူးဆေး သီးသန့်အသုံးပြုရန်)

ME  = Micro Emulsions (ဆီအမှုံလေးများပါဝင်သော ရေဖျော်ဆေးရည်)

OD = Oil Dispersion (ရေတွင်ဖြန့်ကျက်ပျံ့နံ့သော အဆီ)

Half life  = ဓာတုဆေးတမျိုးမျိုးချင်စီ၏ မြေကြီးအတွင်း အာနိသင် ပြိုကွဲသောကာလ။ (အထူးသဖြင့် မြေပြင်ဖျန်းသော ပေါင်းအုပ်ဆေးများ၊ပေါင်းသတ်ဆေးများတွင် ဓါတ်ကြွင်း တိုင်းတာပါသည်)

ပြိုကွဲချိန် သက်တမ်း အနိမ့်အမြင့် ၃ မျိုး ပိုင်းခြားနိုင်ပါတယ်။

low (less than 16 day half-life)= အနိမ့်

moderate (16 to 59 days) = အသင့်

high (over 60 days) = အမြင့်

LD-50                   = ဆေးဖျန်းပြီး ဖျက်ပိုးအားလုံး၏ ၅၀% သေရန် လိုအပ်နေ ဆေးအဆိပ်ပမာဏ (မီလီဂရမ်/ ကီလိုဂရမ် ဖြင့် ဖော်ပြလေ့ရှိပါတယ်)

LT-50                   = ဆေးဖျန်းပြီး ဖျက်ပိုး ၅၀% သေရန် ကြသော အချိန် သတ်မှတ်ချက်

LC'50.                   = ဆေးဖျန်းပြီး ဖျက်ပိုး ၅၀% သေရန် လိုအပ်သော ဆေးအာနိသင်ပြင်းအား သတ်မှတ်ချက် (LC-50 ကို ppm(1/ 1000000)ဖြင့် ဖော်ပြပါသည်)

PHI                         = Pre harvest intervals မခူးဆွတ်မီ၊ နောက်ဆုံး ဆေးဖျန်းရမည့်ကာလ သတ်မှတ်ချက်

(ဆေးအုပ်စု ai တခုနှင့်တခု PHI မတူကြပါ။ PHIကာလ သတိမမူဘဲ ခူးဆွတ် ရိတ်သိမ်းပါက အဆိပ်ဓာတ်ကြွင်းပါဝင်နိုင်သဖြင့် နောက်ဆက်တွဲ ကျန်းမာရေး၊ လူမှုစီးပွား ပြဿနာများ ရရှိနိုင်ပါသည်)

ပိုးသတ်ဆေး တစ်မျိုးသည် PHI ကာလ အနည်းဆုံး ၁၄ရက် ရှိတတ်ကြပါသည်။

ဆိုလိုသည်မှာ..

သီးနှံပင် တစ်ပင်ကို ပိုးသတ်ဆေးဖျန်းလိုက်သည်မှ နောက်၁၄ ရက်အထိ အဆိပ်ဓာတ်ကြွင်း ရှိနေဆဲဖြစ်တယ်လို့ သိထားရပါမယ်။

ဒီကာလအတွင်း မသိလို့ဖြစ်စေ/သိသိဖြင့် လစ်လျူရှုပြီး ခူးမိ၊ စားမိရင် ချက်ချင်းမသေသေသော်လည်း ယင်းအဆိပ်ဓာတ်က ခန္ဓာကိုယ် (အသည်း/အဆုပ်/အဆီပြင်)တစ်နေရာမှာ ၊ အညစ်အကြေးစွန့်ထုတ်တဲ့အထဲ ပါမသွားဘဲ စုဆောင်းထားတယ်လို့ဆိုပါတယ်။

နှစ်ကာလကြာလာတာနှင့်အမျှ အဆိပ်ပမာဏ များလာပါက Neuro toxic ဖြစ်လာပြီး အာရုံကြောအားနည်းခြင်း၊ ခြေလက် အကြောဆွဲခြင်း၊သွက်ချပါဒလိုက်ခြင်း၊ အသည်းခြောက်ခြင်း၊ ကင်ဆာရောဂါများ ဖြစ်စေတတ်ပါသည်။

PHI မြင့်သော ဓာတုဆေးများကို၊နိုင်ငံခြားတင်သွင်းကုန်များတွင် အသုံးပြုပြီး PHIကာလ သတိမပြုမိပါက Residual  problems များဖြစ်ကာ Reject ဖြစ်တတ်ပါသည်။

REI       = restricted-entry interval (ဆေးဖျန်းပြီး နောက် လူ/တိရစ္ဆာန်များ/အလုပ်သမားများ နောက်ထပ်တဖန် ပြန်မဝင်ရန် ကန့်သတ်ထားသောအချိန်ကာလ သတ်မှတ်ချက်။)

(REI ကာလသည် အနည်းဆုံး ၁၂ နာရီမှ ရက်ပေါင်းများစွာလည်းဖြစ်နိုင်ပါသည်။

ဆေးအမျိုးအစားတခုချင်းအပေါ် မူတည်ပြီး ကြာချိန်ကွာခြားကြပါသည်)

သုံးသပ်ချက်

""""""""""""""""""""""""

  • မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ခြင်း။
  • တောင်သူလယ်သမားများ လယ်ယာအပေါ်မှ ဝင်ငွေဖြင့် မိသားစုပြဿနာများ မဖြေရှင်းနိုင်ခြင်း။
  • မိမိလယ်ယာကို အိမ်သူများနှင့်သာ ထားခဲ့ပြီး ရပ်ဝေး အလုပ်ထွက်လုပ်နေရခြင်း။
  • ပိုးမွှားရောဂါ ကာကွယ်ရေးလုပ်ငန်းမှာ ပိုးသတ်ဆေးနှင့်အတူ ဓာတုဆေးများ အသုံးပြုချင်းတစ်ခုတည်းကိုသာ အဓိကအားပြုနေခြင်း။
  • တောင်သူလယ်သမားအများစုမှာ အန္တရာယ်ကင်းသော စိုက်ပျိုးရေးဆေးအသုံးပြုနည်းပညာများ အားနည်းနေခြင်း။
  • နည်းပညာနှင့် သွင်းအားစု ကူညီပေး အဖွဲ့အစည်းများအားနည်းခြင်း။
  • လက်ရှိ အနေအထားမှာလည်း ဓာတုလျော့ချသုံးစွဲနည်းပညာများ/အန္တရာယ်ကင်းစွာ အသုံးပြုနည်းများ/ကာကွယ်ရေးပစ္စည်းအထောက်အကူများအစစ အားနည်းနေခြင်း။
  • Public health မှာ  ကင်ဆာ၊ လေဖြတ်၊ အကြောညှပ် လူနာ တဖြည်းဖြည်းများပြားလာခြင်းတို့ဖြစ်လာသည့် အကြောင်းအရာများ/ပြဿနာများ၏ဇစ်မြစ်သည် အစားအသောက်မသန့်ခြင်း၊ အနေအထိုင် မမှန်ခြင်းကြောင့်ဖြစ်ဖို့များပြီး အဆိုပါပြဿနာကို ဖြေရှင်းနိုင်မည့် တခုတည်းသော ထွက်ပေါက်သည် တောင်သူလယ်သမားများဘေးကင်းစွာ ရေရှည်စိုက်ပျိုးနိုင်ရန် နည်းပညာများ၊ အရင်းအနှီးများ၊ သွင်းအားစုများ ကောင်းစွာထောက်ပံ့ လက်တွဲခေါ်ယူရေးသာဖြစ်ပါကြောင်း စေတနာအရင်းခံကာ  ရေးသားတင်ပြလိုက်ရပါတယ်ဗျာ။

ဆောင်းပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်” ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်