ကာဘာမိတ်အုပ်စု ပိုးသတ်ဆေးများနှင့် ၎င်းတို့ရဲ့ အာနိသင်များ
ပိုးသတ်ဆေးအသုံးပြုသူများအနေဖြင့် မိမိသီးနှံစိုက်ခင်းတွင် ဖျက်ပိုးများ ဆိုးဝါးလာပါက ပိုးသတ်ဆေးအုပ်စုများကို အလှည့်ကျ အသုံးပြုရပါမယ်။
ဆေးအုပ်စု ai များကို
၁။ ပိုင်ရီသရွိုက် အုပ်စုဝင်ဆေးများ
၂။ ကာဘာမိတ် အုပ်စုဝင်ဆေးများ
၃။ အော်ဂင်နိုဖော့စဖိတ် (OPI) အုပ်စုဝင်ဆေးများ
၄။ အော်ဂင်နိုကလိုရင်း အုပ်စုဝင်ဆေးများ
၅။ နိယိုနီကိုတီနွိုက် အုပ်စုဝင်ဆေးများ
၆။ ဖီနိုင်းပိုင်ရာဇိုး(phenylpyrazole)အုပ်စုဆေးများ...စသဖြင့် သိထားမှသာ အလှည့်ကျအသုံးပြုနိုင်ပါလိမ့်မယ်။
(ပိုးတစ်မျိုးတည်းကို အေအိုင် ထပ်ကာထပ်ကာ ဖျန်းခြင်း(Repeat spraying)က ဖျက်ပိုးကို ခုခံစွမ်းအား(Resistance power) မြင့်မားစေပါတယ်။)
သို့ပါသောကြောင့် ယခုတစ်ပတ် ကာဘာမိတ် အုပ်စုဝင်ပိုးသတ်ဆေးများအကြောင်းကို အစိမ်းရောင်လမ်းက မိတ်ဆွေတွေအတွက်ကောက်နုတ်တင်ပြလိုက်ရပါတယ်။
ကာဘာမိတ်အုပ်စုဝင် ပိုးသတ်ဆေး ai များ
ကာဘာမိတ်အုပ်စုဆေးရဲ့ အလုပ်လုပ်ပုံက acetylchlinesterase (ACHE)ကို တိုက်ခိုက်တာခြင်းမှာ အော်ဂင်နိုဖော့စဖိတ်နဲ့ အတူတူပါပဲ။
carbamateအုပ်စုဝင် Carbaryl ကို 1956 ခုနှစ်မှာ American Union Carbide ကုမ္ပဏီကနေပြီးတော့ ပထမဆုံး အောင်မြင်တဲ့ စီးပွားဖြစ် ပိုးသတ်ဆေးအဖြစ် စျေးကွက်ကို ဖြန့်ချိခဲ့ပါတယ်။
- ကာဘာမိတ်အုပ်စုများသည် လူနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းခြင်း
- သီးနှံပင် ပန်းပွင့်ချိန် ဆေးဖျန်းနိုင်ခြင်း
- သံးနှံပင် ထိခိုက်လောင်ကျွမ်းမှုနည်းခြင်း
- အခြားဆေးအုပ်စုများနှင့် ရောစပ်ဖျန်းပက်နိုင်ခြင်း..
- ဝါ၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များ၊ လယ်ယာသီးနှံများစသည်တို့တွင် ကျယ်ပြန့်စွာအသုံးပြုနိုင်ခြင်းတို့ကြောင့် အလွန်အသုံးဝင်တဲ့ ဆေးအုပ်စုဖြစ်ပါတယ်။
#စျေးကွက်ဝင်ဆေးအမည်များ
၁။ ကာဘိုဖျူရန် ၃-ဂျီ(Carbofuran 3-G)
မီသိုမိုင်း(Methomyl) (ကန့်သတ်ပိတ်ပင် ပြီး..)
(စပါးနီမတုတ်၊ မြေအောင်းပိုးများနဲ့ ငမြောင်တောင်များကို ကာကွယ်နှိမ်နင်းရာမှာ အသုံးများပါတယ်)
၂။ ကာဘရိုင်း(Carbaryl)
စျေးကွက်ဝင်အမည်များ -
(ဗိုက်တာဘရိုင်း၊ အာမို ရိုက်ဒါ၊ ပီလာဗင်၊ အမ်-ကာဘရိုင်း၊ ရူပ ဘရိုင်း..)
အာနိသင် = ထိသေ၊ စားသေ၊ ပင်လုံးပြန့်(အနည်းငယ်)
အသုံးပြုပုံ
သရက်၊ စပျစ်၊ လိမ္မော်၊ သံပရာနဲ့ သခွားမျိုးရင်းများနဲ့ လယ်ယာသီးနှံများတွင်ကျရောက်သော ကျိုင်းကောင်များ၊ ကိုက်စားပိုးများကို အပင်သက်တမ်းတလျှောက် အသုံးပြုနိုင်ပါတယ်။
(ဆေးနှုန်းထား= ရေ၄ဂါလံ/၆၀-၈၀ဂရမ်)
၃။ ဘီပီအမ်စီ(ဖီနိုဗျုကပ်ဘ်)(BPMC)
စျေးကွက်ဝင်အမည်=(ဗိုက်တာဂရို....) စပါးခင်း ဖြုတ်သတ်ဆေး၊
အာနိသင် = ထိသေ၊ စားသေ
အသုံးပြုပုံ
- ဘူး၊ ဖရုံ၊ သခွားကျိုင်းများ
- ခရမ်း၊ ငရုတ်၊ ဝါ၊ ရုံးပတီခင်းရှိ ဖြုတ်စိမ်းများနဲ့
- လှေးကျိုင်းများကို နှိမ်နင်းရာမှာ အသုံးပြုနိုင်ပါတယ်။
(ဆေးနှုန်းထား = ရေ၄ဂါလံ/ ၄၀ စီစီ)
၄။ ကာဘိုဆာလ်ဖန်(Carbosulfan)
စျေးကွက်ဝင်အမည် = အာမိုဘော့စ်၊ ဘီနိဖစ်၊ ကောင်တာ၊ ဒိုင်းနမိုက်၊ ဖိုင်းယား၊ မာရှယ်၊ ရူပ ရန်ဘို၊ ရွှေဆန်းဖန်၊ GC- Bazuka၊ ဖာတီဆာလ်ဖန်
အာနိသင် = ထိသေ၊ စားသေ၊ ပင်လုံးပြန့်
အသုံးပြုပုံ
- စပါးဆစ်ပိုး၊ ရွက်စားပိုးများ၊ နီမတုတ်များ
- ဟင်းသီး/ရွက်စိုက်ခင်းများတွင် ကျရောက်တတ်သော မြေအောင်းပိုးများ
- မြေပဲ၊ ပဲတီစိမ်း၊ ဝါ၊ ငရုတ် ၊ ဖိုးလမင်းကျိုင်းများ
- သစ်သီးဝလံတို့၏ ပင်စည်ထိုးပိုး၊ ဖြုတ်စိမ်း၊ အကြေးပိုးများ၊ နီမတုတ်များကို နှိမ်နင်းရာမှာ အသုံးပြုနိုင်ပါတယ်။
ဆေးနှုန်းထား = ရေ၄ဂါလံ/ ၄၀စီစီ
(မြေအောင်းပိုးအတွက်= ၆၀-၈၀ စီစီ ဖျန်းပါ)
၅။ ဘန်ဖျူရာကပ်(Bebfuracarb)
စျေးကွက်ဝင်ဆေးအမည်= အာမိုလော့ကင်
အာနိသင် = ထိသေ၊ စားသေ၊ ပင်လုံးပြန့်
အသုံးပြုပုံ
- စပါး မြစ်ဖုနီမတုတ်များ၊ လှေးကျိုင်းများ၊ ပိုးလောင်မီး
- မြေပဲ၊ ပဲမျိုးစုံ၏ မြေအောင်းပိုးများ
- ကြံ၊ ပြောင်းတို့၏ အမြစ်ပိုးများတို့ကို ဖျူရာဒန် ၃ ဂျီကဲ့သို့ အသုံးပြုနိုင်ပါတယ်။
ဆေးနှုန်းထား = စိုက်ခင်းမြေပြင်ချိန်တွင် = ၁ ဧက /၁ ကီလိုဂရမ်
မျိုးစေ့လူးခြင်း = မျိုးစေ့ ၁၀၀ ကီလို/၁ကီလိုဂရမ်
အပင်ဖျန်းခြင်း = ၁ဧက/၁ကီလို (ဟင်းသီး/ရွက်၊ သစ်သီးပင်များအတွက်)

၆။ သိုင်အိုဒီကပ်ဘ်(Thiodicarb)
စျေးကွက်ဝင်အမည်များ = အာမိုသိုင်အို၊ လယ်ဗယ်၊ လစ်ဗာတီ၊ မိုင်း၊ အမ်-သိုင်အိုဒီကပ်၊ အေပက်၊ ရှင်း၊ အိုဆာကာ၊ ရူပ-ကပ်ဘ်၊ ကေအို။
ဆေးအာနိသင်= ထိသေ/စားသေ (ခရု၊ ပက်ကျိသတ်ဆေးအဖြစ်အသုံးပြုနိုင်ပါတယ်)
အသုံးပြုပုံ
- စပါး၊ ပြောင်း၊ ပဲပုပ်၊ ဝါနှင့် ဟင်းသီး/ရွက်၊ သစ်သီးဝလံများတွင် ကျရောက်သော ငမြှောင်တောင်၊ သီးလုံးဖောက်ပိုး (Lepidoptera များ)
- နှံကောင်၊ ကျိုင်းအုပ်စု(Coleoptera များ)
- သရက်၊ ဆီးသီး၊ စပျစ်တို့၏ သီးထိုးခြင်/ယင်အုပ်စု (Diptera..များ) နှိမ်နင်းရာတွင် အသုံးပြုနိုင်ပါတယ်။
ဆေးနှုန်းထား = ရေ၄ဂါလံ/၄၀စီစီ
၇။ ဖော်မီတနိတ် ဟိုက်ဒြိုကလိုရိုဒ် (formetanate hydrochloride)
စျေးကွက်ဝင်အမည် = ဒိုင်ကာဇော
ဆေးအာနိသင် = ထိသေ/စားသေ (လှေး၊ မွှားပင့်ကူသတ်ဆေး)
အသုံးပြုပုံ
- ဟင်သီး/ရွက် ၊ သစ်သီးဝလံများနဲ့ ငရုတ်၊ ကြက်သွန်ခင်းများတွင် ကျရောက်သော လှေး၊ မွှားပင့်ကူများ နှိမ်နင်းရာတွင် အသုံးပြုနိုင်ပါတယ်။
ဆေးနှုန်းထား= ရေ၄ဂါလံ/ဆေး ၅၀-၈၀ ဂရမ်
စေတနာများစွာဖြင့်
ဦးသာပို
ကိုးကား>> NIH National Library of Medicine NCBI
Dr win than(Phd plant pathology) and own record.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပိုးသတ်ဆေးအေအိုင်များ
ဒို့ဦးလေး
လွန်ခဲ့သော ၂ နှစ် ကမာလာသီယွန် ကလည်း OPIအုပ်စုပါဘဲ
ကိုပိုင်ကြီး
လွန်ခဲ့သော ၂ နှစ် ကမာလာသီယွန်ဆေးကဘယ်လိုဆေးအမျိုးစားလဲဘာပိုးသက်ဆေးလဲငရုပ်ဖျန်းရင်အပွင့်ကြွေသလားဗျ
S2MO
လွန်ခဲ့သော ၃ နှစ် ကThank you sir
ဒို့ဦးလေး
လွန်ခဲ့သော ၃ နှစ် ကရောဂါ အကြောင်းနဲ့ အဲဒီရောဂါ ကာကွယ်ကုသဆေးများအကြောင်း ဆောင်းပါးအနေနဲ့ အခွင့်သာရင်သာသလို တင်ဖို့ရှိပါတယ်။ သို့သော် စာအုပ်အနေနဲ့ဖတ်ချင်ရင်. အစိမ်းရောင်လမ်းမှာ ဝယ်ယူနိုင်တဲ့ စိုက်ပျိုးရေးစာအုပ်တွေအများကြီးရှိပါတယ်။ ဥပမာ။ စပါးတွင်ကျရောက်သော ရောဂါများနဲ့ ကာကွယ်နှိမ်နင်းနည်းများ..စာအုပ် ကိုရွေးမှာလိုက်ပါ။
S2MO
လွန်ခဲ့သော ၃ နှစ် ကစပါးအတွက်အနာနဲ့ဆေးသုံးတက်ညွှန်းတက်ချင်လို့ဆရာ ဘယ်လိုစာအုပ်မျိုးဖတ်သင့်လဲ အနာရောဂါတော့ ဆရာသမားများရဲ့ကျေးဇူးကြောင့်သိသင့်သလောက်တော့ သိရှိနေပါပြီ ဆေးမညွှန်းတက်လို့ပါ ဒို့ဦးလေး
ဆက်စပ်မေးခွန်းများ
စိုက်ပျိုးရေးပညာရှင်များခဗျ ဂန္ဓမာပန်းစိုက်ရင်အမိုးလုပ်ပေးရလားဗျ၊ဖြေကြားပေးပါအုန်းဗျ
Paul shan aung. • ဖြေကြားချက် 0 ခု
ပဲအတွက် လိုအပ်မည့်ဆေးကောင်းများလမ်းညွှန်ပေးပါအုံးဗျ
Sa Paing Ko Ko Win • ဖြေကြားချက် 3 ခု
15ရက်သားပါမှိုဆေးနှင့်ဂျာပေါင်းသတ်ဆေးဘာအရင်ဖြန်းသင့်လဲး
ဝင်းဇော် • ဖြေကြားချက် 1 ခု
ခရမ်းချဥ်ပင်မှာဖြစ်တဲ့ နှောင်းပင်နာကျရောဂါ ၊ ခါးရိရောဂါ ၊ဒေါင်းနီးရွက်ခြောက် ၊ပင်စည်နက်ရောဂါ အတွက် ( Metalaxyl )မက်တယ်လက်စီ ကိုအခြားမည်သည့်ဆေးနဲ့မှ မရောစပ်ဘဲ တစ်မျိုးထဲ အသုံးပြုမယ်ဆိုရင် ဖြစ်လာမယ့်ရောဂါတွေကို ကာကွယ်ကုသနိုင်စွမ်းရှိမရှိသိချင်ပါတယ်ဗျာ။ နားလည်သိကျွမ်းတဲ့ ဆရာကြီးများ ကျေးဇူးပြုပြီး ကျနော့ကိုပြောပြပေးကြပါဗျာ ။
Kyaw Soe Naing • ဖြေကြားချက် 2 ခု
မြေပဲမစိုက်ခင် ဂျစ်ပဆင်ကိုဘယ်အချိန်ထည့်ရတာလည်းရှင့် မြေပဲစိုက်ပြီးမှထည့်ရင်အစိုဓာတ်မလုံလောက်မှာစိုးလို့ပါရှင့် ကျွန်မတို့ဒေသမှာမြေပဲကိုရေသွင်းလေ့မရှိလို့ပါ
Hnin Nu Wai • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
သီးနှံအထွက်တိုးပြီး ရောဂါဒဏ်ခံနိုင်စေတဲ့ သကြားဓာတ်
05/10/2026
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
05/10/2026
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
More from Thar Po
အားလုံး