ဒေါ်လာဈေးကျဆင်းသည့်အတွက် ပြောင်းဈေးနှုန်းအနည်းငယ်လျော့ကျ

04/11/2021 13:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ဒေါ်လာဈေးနှုန်းများ ကျဆင်းလာသည့်အတွက် ပြောင်းဈေးနှုန်းလည်း အနည်းငယ်လျော့ကျလာကြောင်း မြန်မာ့ပြောင်းဈေးကွက်အတွင်းမှ သိရသည်။

ပြောင်းဈေးက ကျတာတော့မဟုတ်ပေမယ့် ဒေါ်လာဈေးက တအားထိုးတက်နေရာကနေ အခုဆိုရင် တစ်ဒေါ်လာကို မြန်မာငွေကျပ် ၁၉၀၀ ဝန်းကျင်ကို ပြန်ရောက်သွားလို့ ဒေါ်လာပေါက်ဈေးကျလာတဲ့အတိုင်း ပြောင်းဈေးကိုလည်း နည်းသွားသလိုဖြစ်ရတာပါ။ မနှစ်ကဈေးနဲ့ယှဥ်ရင်တော့ အခုဈေးက လုံးဝအကျဘက်မရောက်သေးပါဘူး။

ဟု မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း၏ဥက္ကဋ္ဌ ဦးမင်းခိုင်က ပြောသည်။

    ယခုလက်ရှိကာလသည် ဆောင်းပြောင်းစိုက်ပျိုးသည့်ရာသီ /မိုးပြောင်းရိတ်သိမ်းသည့် ရာသီဖြစ်ပြီး၊ လက်ရှိတွင် ပြောင်းတစ်ပိဿာလျှင် ၆၄၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိနေသည်။

ဒီနှစ်အနေနဲ့က ဒေါ်လာဈေးတွေမြင့်တက်ခဲ့တော့ တစ်ပိဿာကို ၈၀၀ ကျပ်ဝန်းကျင်လောက်အထိကို ဈေးကတက်သွားသေးတော့ အခုကျ ဈေးကျသလိုမျိုးဖြစ်သွားတာပါ။ တကယ်တော့ နိုင်ငံတကာပြောင်းပေါက်ဈေးအရ ပြောင်းတစ်တန်ကို ဒေါ်လာ ၂၅၀ က ၂၅၀ မှာပဲ ရှိပါတယ်။ မြန်မာငွေနဲ့တွက်လိုက်မှသာ အတက်အကျ ဖြစ်ပေါ်သွားရတာပါ။

ဟု ဦးမင်းခိုင်က ဆက်လက်ပြောသည်။

    မြန်မာနိုင်ငံတွင် အစေ့ထုတ်ပြောင်း (တိရစ္ဆာန်အစာအဖြစ် အသုံးပြုသည့် ပြောင်း) ကို စိုက်ပျိုးမြေဧက (၁၂) သိန်းခန့် နှစ်စဉ်စိုက်ပျိုးနေပြီး၊ စုစုပေါင်းထုတ်လုပ်မှုမှာ မက်ထရစ်တန် (၂၃)သိန်းမှ (၂၇) သိန်းဝန်းကျင်ရှိသည်။ စိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် မိုးပြောင်း ၇၈ %, ဆောင်းပြောင်း ၁၇ % နှင့် နွေ ရေသွင်းပြောင်း ၅ % ခန့် ရှိသည်။ 

    မိုးပြောင်းကို ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် နှစ်စဉ် မေလ၊ ဇွန်လ၊ ဇူလိုင်နှင့် ဩဂုတ်လများတွင် စတင်စိုက်ပျိုးထုတ်လုပ်ပြီး၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် ရိတ်သိမ်းခြွေလှေ့ကြသည်။ ဆောင်းပြောင်းကို မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နှစ်စဉ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ၊ မေလများတွင် ရိတ်သိမ်းကြသည်။ 

    နွေရေသွင်းပြောင်းများကိုမူ မြင်းခြံ၊ ပခုက္ကူ၊ သီပေါ၊ နောင်ချို၊ ကျောက်မဲ၊ ဆီဆိုင်၊ လွိုင်ကော်၊ နေပြည်တော်၊ ပျဉ်းမနား၊ ရေနီ စသည့် ဒေသများတွင် မတ်လ၊ ဧပြီလတို့၌ စိုက်ပျိုးကြပြီး၊ ဩဂုတ်လ၊ စက်တင်ဘာလတို့တွင် ရိတ်သိမ်းခြွေလှေ့ကြသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စာရင်းအရ အစေ့ထုတ်ပြောင်း Export တင်ပို့မှု ၂.၂သန်း အထိ တင်ပို့နိုင်ခဲ့သည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်