ကြက်သွန်နီဈေးနှုန်း အနည်းငယ်ကျဆင်း

26/10/2021 19:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ကြက်သွန်နီ Export တင်ပို့ရာတွင် အရည်အသွေးပိုင်း ကန့်သတ်ချက်များရှိနေသဖြင့် ယခုရက်အတွင်း ပြည်တွင်းကြက်သွန်နီဈေးနှုန်းများ အနည်းငယ် ပြန်လည်ကျဆင်းလာကြောင်း သိရသည်။

ကြက်သွန်နီဈေးက တအားထိုးကျတာမျိုးတော့ မဟုတ်ဘူး။ တောင်သူတွေက ပြည်ပတင်ပို့တဲ့ ကြက်သွန်တွေထဲ အထားမခံတဲ့ကြက်သွန်တွေ ထုတ်ရောင်းကြတယ်၊ ကုန်သည်ပွဲစားကလည်း မြတ်တယ်ဆိုပြီး အဲ့ဒါတွေကို ရောရောပြီး Export လုပ်ခဲ့တယ်။ တင်ပို့လိုက်ပြီး ၁၅ ရက်လောက်အကြာမှာ ကြက်သွန်တွေက အညှောင့်ပေါက်လာတယ်။ အဲ့ဒီအခါ ဘင်္ဂလားဒေရှ့်ဘက်ကနေ မြန်မာကြက်သွန်တွေကို အပုပ်တွေများတယ်ဆိုပြီး အဝယ်ကိုရပ်လိုက်တာပေါ့။ အဲ့ဒါကြောင့်မို့ Export တန့်သွားတဲ့အခါကျတော့ အလိုလို ဈေးပြန်ကျသွားတဲ့သဘောပါ။

ဟု မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့မှ ကြက်သွန်နီစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူ ဦးဝင်းမြင့်ဌေးက ပြောသည်။

    အောက်တိုဘာလ ၂၀ ရက်ဝန်းကျင်အထိ ကြက်သွန်နီအရည်အသွေးပေါ်မူတည်၍ ခြံကောက်ဈေး တစ်ပိဿာလျှင် ၄၀၀ ကျပ်မှ ၇၅၀ ကျပ်အတွင်း ဈေးနှုန်းများ ရရှိခဲ့ကြောင်း သိရသည်။

အရင်ကတော့ ဘယ်လောက်ပမာဏရရ ယူမယ်ဆိုတဲ့ သဘောဖြစ်ခဲ့ပေမယ့် အခုကျတော့ သန့်မှ တင်ပို့လို့ရမယ့်သဘောဆိုတော့ ပွဲစားတွေက ထုတ်ကွက်မရှိတော့တာပါ။ တကယ့်တကယ် အရည်အသွေးကောင်းတဲ့ကြက်သွန်ဆိုရင်တော့ တစ်ပိဿာကို ၅၅၀/၆၀၀ ကျပ်ဝန်းကျင် ရနိုင်ပါတယ်။ ကြက်သွန်ကလည်း အရည်အသွေးအမျိုးမျိုးရှိတယ်။ သိုလှောင်ရုံကို သီးသန့်မထားဘဲ ကိုယ်နေတဲ့အိမ်လေးဘေးမှာ အဖီလေးလုပ်ထားပြီး၊ ကြက်သွန်တွေ ပုံတိုက်ပြီး စုလှောင်ထားတာမျိုးဆိုရင် အရည်အသွေးကျဆင်းမှု ရှိတတ်ပါတယ်။

ဟု ဦးဝင်းမြင့်ဌေးက ဆက်လက်ပြောသည်။

    ကြက်သွန်နီ Export တင်ပို့ရာတွင် အရည်အသွေးပိုင်း ကန့်သတ်ချက်များအနေဖြင့် ကြက်သွန်နှုတ်ပြီးချိန် မူလပုံစံမပျက်အတိုင်း ကြက်သွန်မြိတ်ခြောက်နေခြင်း၊ မိုးလေကင်းလွတ်၍ သန့်ရှင်းမှုရှိကာ လေဝင်လေထွက်ကောင်းသော သိုလှောင်ရုံအမျိုးအစားတွင် သိုလှောင်ထားခြင်း၊ ကြက်သွန်အခွံ ညို/ရှုံ့မှုမဖြစ်ခြင်း စသည့်အချက်များနှင့်ပြည့်စုံရမည်ဖြစ်ကြောင်း သိရသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်