ငါးဖျံငါးလေးများ၏ ထူးခြားသော……သဘာဝများ

17/08/2020 11:30 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

        ငါးဖျံငါးလေးများမှာ တခြားငါးမျိုးစိတ်များကဲ့သို့ ရေထဲတွင်သာ နေထိုင်ကြသော ငါးများမဟုတ်ကြဘဲ ကုန်းနေရေနေငါး (amphibious fish) များဖြစ်ကြပါသည်။ မျိုးပေါင်းစု (Phylum) – Chordata , မျိုးရင်း (Family) – Gobiiformes အောက်တွင် ပါဝင်ကြပါသည်။ ကမ္ဘာပေါ်တွင် ငါးဖျံငါးမျိုးစိတ်ပေါင်း (၃၂) မျိုးခန့်ရှိကြသည်ကို မှတ်တမ်းများအရ သိရပါသည်။ ငါးဖျံငါးကို Mud Skipper ဟုလည်း လူသိများပါသည်။

      ငါးဖျံငါးကို မြိတ်ဒေသတွင် 'ပရစ်ပွေး(ခေါ်) ဘရစ်ပွေး' ဟု ခေါ်ကြသလို ရခိုင်ဒေသတွင်လည်း 'ငါးဒေါင်းပြောက်'ဟု ခေါ်ဆိုကြပြီး မွန်ပြည်နယ်အခေါ်မှာ 'ငါးဖျံ' ဖြစ်ပါသည်။ ငါးဖျံငါးမှာ ရွံ့နွံတွင် ပျော်မြူးခုန်ပေါက်တတ်ကြသော ငါးလေးများ ဖြစ်ပါသည်။ မြစ်ကမ်းနားတစ်လျှောက်တွင်လည်း တွင်းအောင်းတတ်ကြသည်။ ငါးဖျံငါးလေးများမှာ ဒီရေမရောက်သော ရွံ့မြေမာများတွင် နေထိုင်လေ့မရှိဘဲ ဒီရေရောက်သော ရွံ့မြေပျော့များတွင်သာ တွေ့ရများပါသည်။

       ချောင်းငယ်၊ မြောင်းငယ်များတွင် မျောပါနေသာ ဗုံလုံသီးနှင့် ဗုံလုံသီးပေါ်တွင် တက်ခိုနေသော ငါးဖျံတို့သည် သူတစ်ပြန် ငါတစ်ပြန် အထက်အောက် တစ်လှည့်စီဖြစ်နေပုံကို 'ဗုံလုံတလှည့်၊ ငါးဖျံတလှည့်' ဟူ၍ ဆိုကြပါသည်။ ထိုကား ငါးဖျံငါးလေးတို့၏ စကားပုံဖြစ်ပေသည်။

       ငါးဖျံငါးလေးများမှာ ရွံ့စေးမြေ၏ အဆီအနှစ်များ စားသုံးပြီး ပင်လယ်ဝမြစ်ကမ်းနားတစ်လျှောက်တွင်လည်း ပေါများစွာ တွေ့ရတတ်ပါသည်။ ရွံ့နွံတွင်း (၁)တွင်းလျှင် ငါးဖျံ()ကောင်သာ နေတတ်ကြပြီး ()ကောင်ပူးလျက် တွေ့ရသည်ရှိသော်ငြား ရှားပါးလှပါသည်။ ငါးဖျံများအစာရှာထွက်ပါက ရွံ့နွံတွင်းပေါ်သို့ တက်ရောက်ကာ ကမ်းခြေတစ်လျှောက် အစာရှာစားတတ်ကြပါသည်။ လူနဲ့တွေ့ပါက အလျင်အမြန် ခုန်ဆွခုန်ဆွ အမြန်ပြေး၍ တွင်းခေါင်းထဲသို့ ဝင်ရောက် ပုန်းခိုတတ်ကြသည်။ ငါးဖျံလေးတွေ ဘယ်လောက်ပုန်းပုန်း တံငါမုဆိုးတို့လက်က ပြေးမလွတ်ချေ။

       ငါးဖမ်းကိရိယာမပါဘဲ လက်၏ကျွမ်းကျင်မှုကို အသုံးပြုကာ ရွံ့နွံတွင်းများတွင် လက်နှိုက်၍ ငါးဖျံငါးလေးများကို တံငါမုဆိုးတို့ ဖမ်းဆီးကြပါသည်။ ရေထရက်၊ ရေကြီးရက်များ၏ ရေစစ်ချိန်တွင် ငါးဖျံများကို များပြားစွာ ဖမ်းဆီးရမိတတ်ကြသည်။ ကုန်းနေရေနေငါးဖြစ်သောကြောင့် ရေထဲတွင် ပါးဟက်ဖြင့် အသက်ရှူကာ ကုန်းပေါ်တွင် အရေပြားမှ တဆင့် လေထဲက အောက်ဆီဂျင်ကို စုပ်ယူပြီး သွေးထဲသို့ ပို့ပေးပါသည်။

       ဒေသတစ်ခုမှ တစ်ခုသို့ ငါးဖျံငါးလေးများကို သယ်ဆောင်မည်ဆိုပါက ရွံ့နောက်ရေနှင့် သယ်သွားပါက ပိုမိုမြူးကြွကာ ရှင်သန်မှု ပိုကောင်းပါသည်။ ငါးဖျံငါးလေးများကို ဒေသတွင်းအစားအစာအနေဖြင့် ဒေသခံများ အထူးနှစ်ခြိုက်ကြပါသည်။ လူကြိုက်များသည့် ငါးဖျံငါးလေးအိုးကပ်ဟင်းတွင် ပင်စိမ်းလေးဖြူးပြီး ချက်ပါက လျှာရင်းမြက်စေမည့် အရသာထူးဖွယ် ငါးလေးဟင်းတမည်ကို ရရှိပေမည်။

       ထိုသာမက ငါးဖျံငါးကို အခြောက်လှမ်းပြီး ကြော်စားခြင်း၊ မီးဖုတ်စားခြင်းသည်လည်း အရသာအလွန်ချိုပါသည်။ ထူးခြားချက်မှာ ငါးဖျံလေးများသည် ရွံ့စေးမြေ၏ အဆီအနှစ်ကို စားသုံးကြသောကြောင့် သူ့အဆီမှာ အကြောအားတိုးစေသည်ဟု သိရပါသည်။ ငါးဖျံလေးများမှာ သူတို့၏ အစာအဖြစ် ရွံ့စေးမြေ၏အဆီနှစ်ကို အဓိကစားကြပြီး ပုစွန်ငယ်၊ အင်းဆက်နှင့် တီကောင်တို့ကိုလည်း စားလေ့ရှိကြပါသည်။

        ငါးဖမ်းကိရိယာမပါဘဲ လက်၏ကျွမ်းကျင်မှုဖြင့် ဖမ်းလို့ရပြီး ဒေသ၏အားထားရသည့် လူကြိုက်များသောငါးတစ်မျိုးဖြစ်သောကြောင့် ရွံ့စေးမြေရှိနေသရွေ့ ငါးဖျံငါးလေးများမှာလည်း ဒေသတွင်း ပေါများနေဦးမည်မှာ အမှန်ပင်ဖြစ်ပါသည်။

ပင်လယ်ပြာ(ငါးဦးစီး)

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်