အစိမ်းရောင်လမ်း မိတ်ဆွေများခင်ဗျား
AgriTech2024 ပြပွဲအတွင်းမှာ ကျွန်တော့်အနေနဲ့ သစ်တောပုံတူစိုက်ခင်း ထူထောင်ခြင်း (Analog Forestry) အကြောင်း လေ့လာထားမိသမျှ ပြန်လည်မျှဝေသွားဖို့ ရှိပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့ရေး စတာတွေနဲ့ ပတ်သက်လို့ စိတ်ပါဝင်စားတဲ့ မိတ်ဆွေများ တက်ရောက်အားပေး ဆွေးနွေးနိုင်ကြဖို့ တလေးတစား ဖိတ်ကြားအပ်ပါတယ်ခင်ဗျ။
- ခေါင်းစဉ် - Analog Forestry: A Way Out to Climate Resilient and Biodiversity Friendly Food Production System
- နေ့ရက်၊ အချိန် - (၃၀-၆-၂၀၂၄) တနင်္ဂနွေနေ့၊ နေ့လယ် ၁ နာရီ
- နေရာ - Yangon Convention Centre (အင်းလျားလိတ်ဟိုတယ်)
ရာသီဥတုပြောင်းလဲလာမှု၊ အဆမတန်မြင့်မားလာတဲ့ စိုက်ပျိုးရေးသွင်းအားစုတွေရဲ့ ဈေးနှုန်းတွေ၊ သေးကျုံ့လာတဲ့ ဈေးကွက်စတဲ့ လက်ငင်း စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့၊ ဇီဝမျိုးကွဲစုံလင်မှုကို မြှင့်တင်ပြီး ဂေဟစနစ်ပြန်လည်ရှင်သန်စေတဲ့ Analog Forestry နည်းလမ်းက ဘယ်လို အထောက်အကူပြုနိုင်သလဲဆိုတာကို အတတ်နိုင်ဆုံး စုစည်းတင်ပြသွားမှာ ဖြစ်ပါတယ်ဗျာ။
Analog Forestry နဲ့ ပတ်သက်ပြီးလေ့လာလိုပါက >>> သစ်တောပုံတူစိုက်ခင်းတည်ထောင်ခြင်း
မာလာမြိုင် ကုမ္ပဏီ
ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်