ဆည်ရေကိုအထူးခြိုးခြံချွေတာ၍ အလေအလွင့်မရှိသုံးစွဲကြရန်တောင်သူများကို အသိပေးကြေညာ

18/10/2019 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရန်ကုန်၊ အောက်တိုဘာ ၁၈

   ယခုနှစ်တွင် မိုးစပါးစိုက်ပျိုးရေပေးဝေနေသည့် ရေလှောင်တမံများ၌ လက်ရှိရေဝင်ရောက်မှု လျော့နည်းနေသည့် အခြေအနေအရ စိုက်ပျိုးရေ ရယူသုံးစွဲလျက်ရှိသည့် တောင်သူများအနေဖြင့် ဆည်ရေကို အထူးခြိုးခြံချွေတာပြီး အလေအလွင့်မရှိ ရယူသုံးစွဲကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အသိပေးကြေညာလိုက်သည်။

   စိုက်ပျိုးရေပေးဝေခြင်းအပြင် ရေအားလျှပ်စစ်တွဲဖက်ထုတ်လုပ်လျက်ရှိသည့်သဖန်းဆိပ်၊ ကင်းတား၊ ဆည်တော်ကြီးစသည့် ဘက်စုံရေလှောင်တမံကြီးများတွင် ရေလှောင်ပမာဏများမှာ ယခင်နှစ်ကာလတူပမာဏများနှင့် နှိုင်းယှဉ်လျှင် များစွာလျော့နည်းလျက်ရှိသည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သိရသည်။

   အဆိုပါရေလှောင်တမံကြီးများတွင် လက်ရှိ မိုးစပါးစိုက်ပျိုးရေ ပေးဝေလျက်ရှိပြီး ဒေသတွင်းသောက်သုံးရေလည်း လိုအပ်သလိုပေးဝေလျက်ရှိကာ ရေလှောင်ပမာဏလျော့နည်းနေမှု အခြေအနေများအရ မိုးကောင်းမိုးစပါးစိုက်ဧကများအပေါ်တွင် စိုက်ပျိုးရေကို ခြိုးခြံချွေတာပြီး အနည်းဆုံးပမာဏဖြင့် ပေးဝေနိုင်ရန်အတွက် စိုက်ခင်းအတွင်း ရေစီမံခန့်ခွဲမှုလုပ်ငန်းများကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ရေသောက်တောင်သူများနှင့် ပူးပေါင်း၍ စီမံဆောင်ရွက်ပေးလျက်ရှိသည်။

   မိုးစပါးအောင်ရေအထိ စိုက်ပျိုးရေပေးဝေပြီးနောက်တွင် တမံအတွင်း ကျန်ရှိသိုလှောင်ရေပမာဏအပေါ်မူတည်၍ ဒေသသောက်သုံးရေလိုအပ်ချက်ကို ဦးစားပေးလျာထားပြီးမှ နွေစပါးနှင့် အခြားသီးနှံ စိုက်ပျိုးရေပေးဝေမည့်ဧကများကို လျာထားစီမံသွားရမည်ဖြစ်ကြောင်း ယင်းဌာနက သိရသည်။

    သို့ဖြစ်၍ တောင်သူများအနေဖြင့် ဌာနကသတ်မှတ်ထားသည့် ရေလှည့်ဇယားများအတိုင်းလိုက်နာဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးရေအခက်အခဲများ ဖြစ်ပေါ်ပါက သက်ဆိုင်ရာဒေသရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက တာဝန်ခံဝန်ထမ်းများနှင့် ဆက်သွယ်ညှိနှိုင်း စီမံဆောင်ရွက်ကြရန်နှင့် ရေလိုအပ်ချက်နည်းသည့် သီးနှံပုံစံအတွဲကို ပြောင်းလဲစိုက်ပျိုးရန် လိုအပ်ပါက သက်ဆိုင်ရာ မြို့နယ်စိုက်ပျိုးရေး ညှိနှိုင်းမှုအဖွဲ့များနှင့် ကြိုတင်ညှိနှိုင်း ဆွေးနွေးစီမံဆောင်ရွက်ရန် လိုအပ်သည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အသိပေးကြေညာထားသည်။ 

အေးအေးမြင့်(ABM)

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်