ယနေ့ကာလတွင် တောင်သူလယ်သမားများ၏ စိုက်ပျိုးသီးနှံများ ပြည်တွင်းဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် သမဝါယမကဏ္ဍမှ ကူညီဆောင်ရွက်ပေးမည့် အစီအစဉ်အား အသိပေးတင်ပြအပ်ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ် သမဝါယမအသင်းစုချုပ်များနှင့် ညှိနှိုင်းပြီး ပို့ဆောင် ဖြန့်ဖြူရောင်းချခြင်းလုပ်ငန်းများကို အစွမ်းကုန်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
ယင်းကိစ္စရပ်များကို ဆောင်ရွက်ရာတွင် သမဝါယမ၏ မူတစ်ရပ်ဖြစ်သော No Profit, No Loss ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ တောင်သူလယ်သမားများအနေဖြင့် မိမိတို့၏ စိုက်ပျိုးထုတ်ကုန်များ ရောင်းချလိုပါက ရှမ်းပြည်နယ်အတွက် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန (ဖုန်း ၀၈၁-၂၁၂၁၆၇၂) နှင့် ရှမ်းပြည်နယ် သမဝါယမအသင်းစုချုပ် ဥက္ကဌ (ဖုန်း ၀၉-၅၂၁၄၃၇၃) သို့လည်းကောင်း၊ ကျန်တိုင်းဒေသကြီး ပြည်နယ်များအတွက် တိုင်းဒေသကြီး ပြည်နယ်သမဝါယမဦးစီးဌာနများနှင့် အသင်းစုချုပ်များ၊ သမဝါယမဦးစီးဌာန (ရုံးချုပ်) (ဖုန်း ၀၆၇-၄၁၀၃၄၁) သို့ ဆက်သွယ် အကူအညီရယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
သမဝါယမဦးစီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more