ပုရွက်ဆိတ် ကာကွယ်ရေး

16/01/2018 12:50 PM တွင် Khant Zaw Htet Khant Zaw Htet မှ ရေးသား

သူတို့တွေဟာ အစုအဖွဲ့နဲ့ နေထိုင်ကြပြီး လုပ်သားတွေ စုဆောင်းပေးသူတွေ စသဖြင့် နေထိုင်တဲ့ အကောင်လေးများဖြစ်ပါတယ်။ အလုပ်သားပုရွတ်ဆိတ်များဟာ အသိုက်အမြုံတခုလုံးအတွက် အပြင်ထွက်ပြီး အစာစုဆောင်းတဲ့ တာဝန်ကို ထမ်းဆောင်ပါတယ်။ အေးသောအချိန်တွေမှာ အမိုးအကာအောက်မှ နေထိုင်ခိုလှုံပြီး ရေနဲ့အစာတို့ကို အသိုက်အမြံုတခုလုံးအတွက် အလုပ်လုပ်သူတွေဆို မမှာပါဘူး။ ဒါပေမယ့် သူတို့ဟာ အိမ်တွင်း အစားအစာများဖျက်စီးမှုတွေ စိုက်ခင်းတွေအတွက် ပြသနာတွေရှိတတ်ပါတယ်။ ဒါကို ကျွန်တော်တို့ အိမ်သုံးပစ္စည်းတွေနဲ့ အသုံးပြုပြီး အလွယ်တကူ ကာကွယ်ကြည့်ရအောင်လားဗျာ။

၁။ ရှာလကာရည်

ရှာလကာရည်+ရေ ၁း၁ ဖျော်စပ်ပြီး ဖျန်းနိုင်သလိုပါပဲ ပရုတ်လုံး သို့မဟုတ် လက်ဖက်ဆီ ဟင်းစားတဇွန်းလောက် ထည့်ဖျန်းပေးလိုက်ရင် ပိုကောင်းတဲ့ ပုရွတ်ဆိတ်ဆေးလေး တခု ဖြစ်ပါတယ်။
ပိုကောင်းချင်ရင် ရေတစ်လီတာထဲကို ဆပ်ပြာမှုန့် တစ်ဇွန်း(မြင်းကျားဇွန်းတဇွန်း) ထည့်ဖျန်းမယ်ဆို အဟန့်အတား ဖြစ်နိုင်ပါလိမ့်မယ်။

၂။ မျှားစာအဖြစ်

လက်ချား Boric acid ၂ ဇွန်း၊ ပျားရည် ၅ ဇွန်း ရောစပ်ပြီး ပျော်ဝင်အောင်ဖျော်ပြီး စက္ကူအပိုင်းအစ အသေးပေါ်တွင် သုတ်လိမ်းပြီး ပုရွတ်ဆိတ် ကျင်းအဝလေးများတွင် ချထားပေးဖို့ လိုပါလိမ့်မယ်။ ပုရွတ်ဆိတ်များဟာ ထိုpasteအရည်ပါ စက္ကူကို စားသောက်ကာ အဝလွန်ပြီး ပျက်စီးပါလိမ့်မယ်။

နောက်တမျိုးအနေနဲ့ သကြား ၂၀၀ ဂရမ်+ ရေ ၁၀၀ စီစီ+ လက်ချား ၂ ဇွန်း ရောစပ်ပြီး မိမိ အိမ်ပတ်ဝန်းကျင် စိုကိခင်းမှာ ထည့်သွင်းပေးနိုင်ပါလိမ့်မယ်။

ကျွန်တော့်ကို အခုဆိုရင် သူများ အသက် ဖျက်စီးဖို့၊ သူများအသိုက်အမြုံ အမြစ် ပြတ်ဖြေရှင်းဖို့ ရက်ရက် စက်စက်ရေးနေပါလားလို့ အောင့်မေ့စရာ ဖြစ်လာပါတယ်။

ဒီတော့ သူတို့ မလာအောင် ဘယ်လို ကာကွယ်ဆေးလုပ်မလဲဆိုတာ ထပ်မံရေးလိုက်ပါတယ်။ မိမိ မလာစေ့ချင်တဲ့နေရာတွေမှာ အခုလုပ်မယ့် ဆေးမှုန့်လေးတွေ ဖြူးထားပေးလိုက်ပြီး ပုရွတ်ဆိတ် မလာအောင် အကာအကွယ် ပေးနိုင်ပါလိမ့်မယ်။
သစ်ဂျပိုးအမှုန့်၊ ငရုတ်သီးမှုန့်၊ နနွင်းမှုန့်၊ ဆား၊ ကော်ဖီမှုန့်၊ ယူကလစ်ဆီ၊ လက်ဖက်ဆီ တို့ကို မွှေစပ် အမှုန့်ဖြစ်အောင် ဖန်တီးပြီး အသုံးပြုနိုင်ပါတယ်။

Khant Zaw Htet

ref; Wiki how


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်