ပုရွက်ဆိတ် ကာကွယ်ရေး
သူတို့တွေဟာ အစုအဖွဲ့နဲ့ နေထိုင်ကြပြီး လုပ်သားတွေ စုဆောင်းပေးသူတွေ စသဖြင့် နေထိုင်တဲ့ အကောင်လေးများဖြစ်ပါတယ်။ အလုပ်သားပုရွတ်ဆိတ်များဟာ အသိုက်အမြုံတခုလုံးအတွက် အပြင်ထွက်ပြီး အစာစုဆောင်းတဲ့ တာဝန်ကို ထမ်းဆောင်ပါတယ်။ အေးသောအချိန်တွေမှာ အမိုးအကာအောက်မှ နေထိုင်ခိုလှုံပြီး ရေနဲ့အစာတို့ကို အသိုက်အမြံုတခုလုံးအတွက် အလုပ်လုပ်သူတွေဆို မမှာပါဘူး။ ဒါပေမယ့် သူတို့ဟာ အိမ်တွင်း အစားအစာများဖျက်စီးမှုတွေ စိုက်ခင်းတွေအတွက် ပြသနာတွေရှိတတ်ပါတယ်။ ဒါကို ကျွန်တော်တို့ အိမ်သုံးပစ္စည်းတွေနဲ့ အသုံးပြုပြီး အလွယ်တကူ ကာကွယ်ကြည့်ရအောင်လားဗျာ။
၁။ ရှာလကာရည်
ရှာလကာရည်+ရေ ၁း၁ ဖျော်စပ်ပြီး ဖျန်းနိုင်သလိုပါပဲ ပရုတ်လုံး သို့မဟုတ် လက်ဖက်ဆီ ဟင်းစားတဇွန်းလောက် ထည့်ဖျန်းပေးလိုက်ရင် ပိုကောင်းတဲ့ ပုရွတ်ဆိတ်ဆေးလေး တခု ဖြစ်ပါတယ်။
ပိုကောင်းချင်ရင် ရေတစ်လီတာထဲကို ဆပ်ပြာမှုန့် တစ်ဇွန်း(မြင်းကျားဇွန်းတဇွန်း) ထည့်ဖျန်းမယ်ဆို အဟန့်အတား ဖြစ်နိုင်ပါလိမ့်မယ်။
၂။ မျှားစာအဖြစ်
လက်ချား Boric acid ၂ ဇွန်း၊ ပျားရည် ၅ ဇွန်း ရောစပ်ပြီး ပျော်ဝင်အောင်ဖျော်ပြီး စက္ကူအပိုင်းအစ အသေးပေါ်တွင် သုတ်လိမ်းပြီး ပုရွတ်ဆိတ် ကျင်းအဝလေးများတွင် ချထားပေးဖို့ လိုပါလိမ့်မယ်။ ပုရွတ်ဆိတ်များဟာ ထိုpasteအရည်ပါ စက္ကူကို စားသောက်ကာ အဝလွန်ပြီး ပျက်စီးပါလိမ့်မယ်။
နောက်တမျိုးအနေနဲ့ သကြား ၂၀၀ ဂရမ်+ ရေ ၁၀၀ စီစီ+ လက်ချား ၂ ဇွန်း ရောစပ်ပြီး မိမိ အိမ်ပတ်ဝန်းကျင် စိုကိခင်းမှာ ထည့်သွင်းပေးနိုင်ပါလိမ့်မယ်။
ကျွန်တော့်ကို အခုဆိုရင် သူများ အသက် ဖျက်စီးဖို့၊ သူများအသိုက်အမြုံ အမြစ် ပြတ်ဖြေရှင်းဖို့ ရက်ရက် စက်စက်ရေးနေပါလားလို့ အောင့်မေ့စရာ ဖြစ်လာပါတယ်။
ဒီတော့ သူတို့ မလာအောင် ဘယ်လို ကာကွယ်ဆေးလုပ်မလဲဆိုတာ ထပ်မံရေးလိုက်ပါတယ်။ မိမိ မလာစေ့ချင်တဲ့နေရာတွေမှာ အခုလုပ်မယ့် ဆေးမှုန့်လေးတွေ ဖြူးထားပေးလိုက်ပြီး ပုရွတ်ဆိတ် မလာအောင် အကာအကွယ် ပေးနိုင်ပါလိမ့်မယ်။
သစ်ဂျပိုးအမှုန့်၊ ငရုတ်သီးမှုန့်၊ နနွင်းမှုန့်၊ ဆား၊ ကော်ဖီမှုန့်၊ ယူကလစ်ဆီ၊ လက်ဖက်ဆီ တို့ကို မွှေစပ် အမှုန့်ဖြစ်အောင် ဖန်တီးပြီး အသုံးပြုနိုင်ပါတယ်။
Khant Zaw Htet
ref; Wiki how
ဆက်စပ်မေးခွန်းများ
ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ
မောပ်တိုးတတ် • ဖြေကြားချက် 3 ခု
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from Khant Zaw Htet
အားလုံး