ပန်းသီးမှာကျရောက်တတ်တဲ့ ဖားဥမှိုရောဂါ
ဖားဥမှိုရောဂါဟာ Podosphaera leucotricha ဆိုတဲ့မှိုကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါတယ်။ အကယ်လို့ ပန်းသီးပင် တစ်ခါမှမစိုက်ပျိုးဖူးဘူးဆိုရင်တောင် သရက်ထည်ပန်း (Phlox paniculata) ကဲ့သို့ အလှစိုက်ပန်းပင်တွေနဲ့ အိမ်တွင်းအလှစိုက်အပင်တွေမှာ ကျရောက်ကူးစက်တတ်တဲ့ ဒီရောဂါအကြောင်းကို သိကောင်းသိနိုင်ပါတယ်။ ဒီရောဂါကျရောက်တဲ့အခါ အလွယ်တကူပဲ သတိပြုမိနိုင်ပါတယ်။
၎င်းရဲ့နာမည်ကဲ့သို့ပဲ စိုက်ခင်းထဲရှိ အပင်များစွာရဲ့ အရွက်တွေကို ဖုံးအုပ်ထားတဲ့ အဖြူရောင်အမှုန်တွေ (မှို) ကို တွေ့ရှိရမှာ ဖြစ်ပါတယ်။
မှိုရောဂါဟာ ကြွေကျနေတဲ့ အရွက်တွေထဲမှာ ဆောင်းရာသီတခုစလုံး ရှိနေနိုင်ပြီး ၎င်းတို့ကိုအခြေအနေပေးတဲ့အခါ လေကနေတဆင့် ကျန်းမာတဲ့အရွက်တွေကို ကူးစက်နိုင်သလို အင်းဆက်ပိုးမွှားတွေကနေတဆင့်လည်း ပျံ့နှံ့ကူးစက်နိုင်တာ ဖြစ်ပါတယ်။
ဒါ့အပြင် မိုးသည်းထန်စွာ ရွာသွန်းပါကအပင်ရဲ့အရွက်တွေဆီကို မှိုစပိုးတွေ ပျံ့စေနိုင်တာဖြစ်ပါတယ်။

ကြိုတင်ကာကွယ်ဖို့အတွက် ဆောင်းဦးကာလမှာ စိုက်ခင်းထဲ ကြွေကျနေတဲ့ အရွက်တွေကို သန့်ရှင်းရေးလုပ်ခြင်းအပြင် လေဝင်လေထွက်ကောင်းစေဖို့အတွက် သင့်တော်တဲ့ အပင်အကွာအဝေးကိုလည်း လိုက်နာစိုက်ပျိုးသင့်ပါတယ်။
ဒါ့အပြင် အပင်တွေပေါ်ကို တိုက်ရိုက်ရေလောင်းတာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။
ဖားဥမှိုရောဂါကို ခံနိုင်ရည်ရှိတဲ့ မျိုးတွေကတော့
- Liberty
- Gold Rush စတာတွေ ဖြစ်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ခင်ဗျာ သခွားအသီးလေးတွေဝါပီးကြွေကုန်တယ် ရာသီ ဉတုကြောင့်လာပိုးကြောင့်လာ အစာ များနေလိူ့လာဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
လောင်မဲနိုင်တဲ့ဆေးလေးသိပါရစေဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ပန်းပင်အရွက်များအခြားအပင်နဲ့မတူအရောင်ဖျော့နေတာဘာဖြစ်နေလဲမသိလို့ ဆရာတို့ လမ်းညွှန်ကြပါအုံးဗျို့
Aung Nay Linn • ဖြေကြားချက် 3 ခု
မြေပဲ ရက်၂၀ ရှိပါပီ နွားသေး တခါဖြန်းဖူးပါတယ် ရောဂါဖြစ်နေတာလား မိုးများလို့ စမ်းကိုင်နေတာလား ဆရာကြီး
နံပတ်2 • ဖြေကြားချက် 1 ခု
အဲလိုဖြစ်နေတာဘာရောဂါလဲဆရာတို့
သန်းထိုက်အောင် • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from ဇင်ထူးနိုင်
အားလုံး
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026