သိထားသင့်တဲ့ ငါး/ပုစွန်တို့ရဲ့ အစာစားမှု ပုံစံ

14/03/2024 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ငါး/ပုစွန်မွေးမြူသူများအနေဖြင့် မိမိတို့မွေးမြူထားသော ငါး/ပုစွန်များ၏ အစာစားမှု အလေ့အထကို သိရှိထားရန်လိုသဖြင့် အောက်ပါအတိုင်း လေ့လာရေးသား ဖော်ပြပေးလိုက်ပါသည်။

(က) ငါးများ၏ အစာစားမှုပုံစံ

ရေချို၊ ရေငန်ငါးများ၏ အစာစားသောက်မှုအလေ့အထကို ယေဘုယျအားဖြင့် အသီးအရွက်စား၊ အစုံစား၊ အသားစားဟူ၍(၃)မျိုး ခွဲခြားနိုင်သည်။အသီးအရွက်စားများသည် ရေတွင်ပေါက်ရောက်လျက်ရှိသော ရေညှိ၊ ရေမှော်နှင့် အခြားသော အသီးအရွက်များကိုသာ စားသုံးကြသည်။ အစုံစားများသည် အသီးအရွက်များ၊ အသားများနှင့် အပုပ်အဆွေး၊ အနည်အနှစ်များကို အစာမရွေး စားသုံးကြသည်။ အသားစားငါးများမှာ ရေတွင်ရရှိနိုင်သော အသားများ၊ အခြားသော အသားများကိုသာ စားသုံးကြသည်။

ထို့ကြောင့် မိမိမွေးမြူထားသောငါးများသည် မည်သို့သောအစာ ကို စားသုံးသောငါးမျိုးဖြစ်သည်ကို တိတိကျကျသိရှိထားရန် အရေး ကြီးသည်။ သို့မှသာ ကုန်ကြမ်းများဖြင့် ဖော်စပ်အစာများကို ဖော်စပ်ရာတွင် သင့်တော်မည့်အစာမျိုးကို အလွယ်တကူ ဖော်စပ်ကျွေးမွေး နိုင်မည်ဖြစ်သည်။

အစာများကို စားသောက်ရာတွင်လည်း အသက်အရွယ်ကို လိုက်၍လည်းကောင်း၊ နေထိုင်သောအလေ့အထကို လိုက်၍လည်းကောင်း စားသောက်ပုံ စားသောက်နည်း အမျိုးမျိုးရှိပါသည်။ ငါးများ စားသောက်ပုံမှာ အချို့က အစာကိုတွေ့သည်နှင့် ထိုးဟပ်မျိုချကြသည်။အချို့မှာမူ အစာကိုတွေ့သည်နှင့် ထိုးဟပ်ပြီး သွားများဖြင့် ကြိတ်ဝါးကား မျိုချတတ်ကြသည်။ အချို့က အနည်အနှစ်များ၊ အစာမှုန်များ ကို ရေနှင့်အတူစုပ်သွင်း၍ စစ်ယူစားသုံးကြသည်။

သို့ဖြစ်၍ မွေးမြူထားသော ငါးများသည် မည်ကဲ့သို့သော အစာရယူစားသုံးသည်ကို သိရှိထားရန်အလွန်အရေးကြီးပေသည်။ သို့မှသာလိုအပ်သည့် အစာပုံသဏ္ဌာန်၊ အစာအရွယ်အစား၊ အစာအမျိုးအစားများကို ဖော်စပ်ထုတ်လုပ် ကျွေးမွေးနိုင်မည် ဖြစ်သည်။

(ခ) ပုစွန်များ၏ အစာစားမှုပုံစံ

ရေချို၊ ရေငန်ပုစွန်များသည် ယေဘုယျအားဖြင့် အသက်အရွယ်ကိုလိုက်၍ အစာစားသောက်မှုအလေ့အထများ ကွာခြားကြပြီး စားသောက်သည့် အစာများလည်း ကွာခြားကြသည်။ပုစွန်အားလုံးသည် ယေဘုယျအားဖြင့် အစုံစား(သို့မဟုတ်)အသားစားများ ဖြစ်ကြသ ည်။ ပုစွန်သက်နုသားလောင်းများအဆင့်တွင် ရေတွင်ကူးခတ်နေ ထိုင်မှုအလေ့အထအရ အစာများကို ယက်ယူစားသုံးခြင်း၊ စုပ်ယူစား သုံးခြင်းနည်းဖြင့် စားသုံးကြပြီး အဆင့်လွန်သားလောင်းများနှင့် သက်နုကောင်ကြီး၊ သက်ရင့်ကောင်ကြီးများတွင် အောက်ခြေကြမ်းပြင်နေအလေ့အထအရ အနည်ကဲ့သို့သောအစာများကို  စုပ်ယူ၍လည်းကောင်း၊ အစိုင်အခဲများကို ညှပ်လက်မဖြင့် ညှပ်ယူဖမ်းဆီး သယ်ဆောင်၍လည်းကောင်း ပါးစပ်အတွင်းသို့ပို့ကာ တဖြည်းဖြည်းချင်း ကိုက်ဖဲ့ခြင်း၊ ကြိတ်ဝါးခြင်းများ ပြုလုပ်၍ စားသောက်ကြသည်။

ထို့ကြောင့် ပုစွန်အစာများကို ဖော်စပ်ရာတွင် အသက်အရွယ်ကိုလိုက်၍ အစာမှုန်များ၊ အစာခဲများကို လိုအပ်သလို ပြုလုပ်ကျွေးမွေးရပါမည်။ ထို့အပြင် ရေအောက်ကြမ်းပြင်တွင် နေထိုင်စားသောက် မှုအလေ့အထရှိခြင်းကြောင့် ဖော်စပ်အစာများသည် ရေတွင် အလွယ်တကူ နစ်မြုပ်နိုင်ပြီး ရေထဲ၌ ၃-၆ နာရီအကြာ အစိုင်အခဲမပျက် ရှိနေမည့် အစာမျိုးဖြစ်ရန် အရေးကြီးပေသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်