ကျန်းမာရေးအတွက် စားပေးသင့်သည်မှာ..မှို

02/08/2023 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၆၂)

အင်အော်ဂဲနစ်ဓာတ်မြေသြဇာ သုံးစွဲနှုန်းလျှော့ချပြီး ကုန်ကျစရိတ်သက်သာသည့် ဇီဝနှိုးဆွတီမြေဆွေး၊ မြေဆွေးများအစားထိုး (သို့မဟုတ်) ဖြည့်စွက်အသုံးပြုခြင်း (၁၄)

မှိုများကို ကျန်းမာရေးရှုထောင့်အရ ပရိုတင်းပြည့်ဝပြီး ကယ်လိုရီနည်းသော ဖြည့်စွက်စာအဖြစ် ဘာကြောင့် စားသင့်တာလဲ?

၂ဝ ရာစုနှစ်ကာလတွင် စားသုံးသူများသည် ဆားစားသုံးမှုနှင့် အဆီစားသုံးမှုလျှော့ချပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစာများကိုစားသောက်လာကြသည်။ အာဟာရပြည့်ဝပြီး လုံခြုံစိတ်ချရသော ကယ်လိုရီနည်းသည့် ဖြည့်စွက်အစားအစာများကို ပိုမိုစိတ်ဝင်စားလာသည်။ အစားအစာထုတ်လုပ်ရောင်းချသူများသည် မိမိတို့ထုတ်ကုန်အရည်အသွေးကို ထိခိုက်မှုမရှိဘဲ အာဟာရတန်ဖိုးပြည့်ဝသည်သာမက ကျန်းမာရေးအကျိုးကျေးဇူးအဖြစ် သဘာဝဇီဝသတ္တိရှိသည့် ပါဝင်ပစ္စည်းများကို ရှာဖွေထုတ်လုပ်လာကြသည်။ စားမှိုတွင်ပါဝင်သော ပရိုတင်းသည် ကျန်းမာရေးအကျိုးပြုမှု၊ အာဟာရတန်ဖိုးမြင့်မှု၊ ကျန်းမာရေး အထောက်အကူပြုမှုစသည့် ပစ္စည်းများစွာပါသည်။ အဆီနည်းသည်။ အမျှင်များသည့်အတွက် ကယ်လိုရီနည်းသော ဖြည့်စွက်စာအဖြစ် စားသုံးလာသည်။

စားမှိုများ၊ ဆေးဖက်ဝင်မှိုများသည် အန်တီအောက်ဆီးဒန့် အရင်းအမြစ်ဖြစ်သည်။   မှိုစစ်ထုတ်ရည်များတွင်ပါဝင်သော သင့်တင့်စွမ်းရည်ရှိ အန်တီအောက်ဆီးဒန့်သည် ရယ်ဒီကယ်များအပေါ် အကျိုးသက်ရောက်ပြီး ရောင်ရမ်းမှုလျော့ကျစေသည်။ ဆန့်ကျင်သတ္တိမြင့်သည်။ အကြိတ်အဖုကင်ဆာဖြစ်မှု ခံနိုင်ရည်ရှိအောင် သွေးစီးအားကောင်းစေသည်။ 

မှိုများကို ကျန်းမာရေးအကျိုးကျေးဇူးရသည့် အစားအစာမျိုးဆက်အဖြစ် စဥ်းစားလာကြသည်။ မှို၏အာဟာရကြွယ်ဝမှု၊ ဖြည့်စွက်ဇီဝသတ္တိ၊ ဆေးဝါးဆိုင်ရာတန်ဖိုးကြောင့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးရှိသည်။ ကြွက်သားအားဖြည့်ခြင်းဟုခေါ်သည့် ပရိုတင်းမြင့်သော အစားအစာနှင့် သရေစာ ထုတ်လုပ်ရာတွင် မှိုကို ထည့်သွင်းအသုံးပြုလာသည်။ စားသုံးသူများ နှစ်သက်သဖြင့် ထုတ်လုပ်မှုအားမြင့်လာသည်။ တိရစ္ဆာန်ပရိုတင်းအစားထိုး  မှိုပရိုတင်းအစားအစာ များပိုထုတ်လာသည်။

 Ayimbila  F and Keawsompong S.2023, Mwangi RW. et al.,2022?

မြန်မာနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနေသော ပရိုတင်းမြင့်သည့် အစားအစာနှင့် သရေစာ ထုတ်လုပ်ရာတွင် ဖြည့်စွက်စာ (suppliment food) အဖြစ် ထုတ်လုပ်နိုင်သော၊ ကျန်းမာရေးအထောက်အကူပြု စားမှိုမျိုးများ

၁။ ကောက်ရိုးမှို

၂။ ငွေမိုးမှို

၃။ ကြွက်နားရွက်မှို

မြန်မာနိုင်ငံမှိုစျေးကွက်တွင် ကျယ်ကျယ်ပြန့်ပြန့် ရောင်းချ၊ ဝယ်ယူ စားသုံးနေသော သဘာဝမှို၊ နိုင်ငံခြားသွင်းမှို မျိုးများ

 

၄။ မှိုအုန်းနှက်၊ ငှက်စွေမှို

၅။ တောင်ပို့မှို

၆။ ကြယ်သီးမှို 

၇။ ရှီတာကီမှို

၈။ အပ်မှို

 

၉။နို့စိမ်းမှို၊ နို့ဆမ်းမှို

 

မှိုခြောက်အလေးချိန် ၁ဝဝ ဂရမ်တွင်ပါသော အနည်းလိုအာဟာရဓာတ်များ၊ ဗိုက်တာမင်ဒီ၊ သတ္တုဓာတ် ပြင်းအား (မီလီဂရမ်)

ပါဝင်ပစ္စည်းများအလိုက် ကျန်းမာရေးအကျိုးပြု ဆေးဝါးဆိုင်ရာတန်ဖိုး

 

မှိုစိုက်ပျိုးရေး၏ အကျိုးပြုဇီဝကမ္မဖြစ်စဥ်မှတဆင့် စားသုံးသူ၊ ပတ်ဝန်းကျင်နှင့် စိုက်ပျိုးရေးအတွက် လက်တွေ့အကျိုးပြုမှုနှင့် အသုံးချနိုင်မှုဆက်စပ်သုံးသပ်ချက်

 

စားမှိုများသည် အနံ့အရသာကောင်းသည်။ ပရိုတင်းအရင်းအမြစ်တစ်ခုဖြစ်သည်။ စားမှိုတွင်ပါဝင်သော ပရိုတင်းသည် ကျန်းမာရေးအကျိုးပြုမှုများသည်။ အာဟာရတန်ဖိုးမြင့်သည်။ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများစွာပါသည်။ အဆီနည်းသည်။ အမျှင်များသည်။ အချဥ်ဖောက်ထားသော ပွားစာ၏ ဇီဝဆိုင်ရာပြောင်းလဲမှုမှထွက်သော တန်ဖိုးမြင့်ထွက်ကုန် ဖြစ်သည်။ ကျန်းမာရေးအကျိုးပြုမှုများသော ဖြည့်စွက်စာပစ္စည်းဖြစ်သည်။ ရောဂါများခံနိုင်ရည်ရှိသော ဆန့်ကျင်သတ္တိ ရှိသည် (Ayimbila and Keawsompong 2023)၊ အမဲသားနှင့် အလားတူသော (အသားတု) စားမှိုပရိုတင်း (Edible mushroom protein meat analogues)အဖြစ် ထုတ်လုပ်နေပြီဖြစ်သည်။

 

မြန်မာနိုင်ငံတွင် စာရေးသူနှင့်အဖွဲ့   စုဆောင်းလေ့လာခဲ့သည်များနှင့် ခေတ်မီသော သုတေသန တွေ့ရှိချက်များကို အခြေခံရေးသားသည်။ မြန်မာအမည်မရှိသော မှိုများလည်းပါဝင်သည်။ သိုသော် ယင်းတို့၏ဓာတုပိုင်းဆိုင်ရာအချိုးအစားသည် (Chemical composition) ဆေးဖက်ဝင် တန်ဖိုးရှိနေသဖြင့် ဖော်ပြထားသည်။

 

ကိုးကား

 

Ayimbila  F and Keawsompong S. Nutritional Quality and Biological Application of Mushroom Protein as a Novel Protein Alternative. Curr Nutr Rep. 2023; 12(2): 290–307. doi: 10.1007/s13668-023-00468-x

Das AK. et al., Edible Mushrooms as Functional Ingredients for Development of Healthier and More Sustainable Muscle Foods: A Flexitarian Approach. Molecules. 2021 May; 26(9): 2463. 2021 Apr 23. doi: 10.3390/molecules26092463

 

Myint, H, M. Mya and M. Thaung 1979. Collection and identification of edible mushrooms in Yezin Campus. Agricultural Science Research Division Myanmar Research Congress 

Mwangi RW. et al., The antioxidant potential of different edible and medicinal mushrooms. Biomedicine & Pharmacotherapy.Volume 147, March 2022, 112621. doi.org/10.1016/j.biopha.2022.112621

Paloi S. et al., Termite Mushrooms (Termitomyces), a Potential Source of Nutrients and Bioactive Compounds Exhibiting Human Health Benefits: A Review. J. Fungi 2023, 9(1), 112; https://doi.org/10.3390/jof9010112

 

Pranaba N. et al., 2022. Proximate Analysis and Ecological Niche Modeling of Macrofungi in Ecologically Significant North-East India. Journal of Applied Sciences, 22: 127-138(2022).  DOI: 10.3923/jas.2022.127.138. URL:

 

Tang C. et al., Golden needle mushroom : A Culinary medicine with evidenced-based biological activities and health promotion properties. Front Phamacol 7: 474. 2016 doi: 10.3389/fphar. 2016.00474

Wang M. et al A review on nutritional advantages of edible mushrooms and its industrialization development situation in protein meat analogues. Journal of Future Foods. Volume 3, Issue 1, March 2023, Pages 1-7

 

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

 

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်