မှိုရိုင်းလက္ခဏာပါသော်လည်း စားလို့ရသည့် မှိုအမျိုးအစားများ

15/08/2023 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာမိုက်ကိုရိုက်ဇာမှို အပိုင်း (၆၃)

အင်အော်ဂဲနစ်ဓာတ်မြေသြဇာ သုံးစွဲနှုန်းလျှော့ချပြီး ကုန်ကျစရိတ်သက်သာသည့် ဇီဝနှိုးဆွတီမြေဆွေး၊ မြေဆွေးများ အစားထိုး (သို့မဟုတ်) ဖြည့်စွက်အသုံးပြုခြင်း (၁၅)

မြန်မာနိုင်ငံနေရာဒေသအလိုက် သစ်တော၊ ဝါးတောများတွင် သဘာဝပေါက်သော အချို့ မှိုရိုင်း (စားမှို) များသည် မြေထဲမှသတ္တုဓာတ်စုပ်ယူမှုများသည်။

ခိုင်မာသောတွေ့ရှိချက် - သစ်တော၊ ဝါးတောများတွင် သဘာဝပေါက်သော မှိုရိုင်း (စားမှို) များသည် အန်တီအောက်ဆီးဒန့်ကြွယ်ဝသော ဖြည့်စွက်စာအရင်းအမြစ်များဖြစ်သည်။ ပတ်ဝန်းကျင်အကျိုးပြု တစ်ပတ်လည် စီးပွားရေးကွင်းဆက်အတွက် အရေးပါသည်။

ဘာကြောင့်လဲ

ချက်ပြုတ်ထားသော သဘာဝမှိုရိုင်း (စားမှို) များသည် အရသာကောင်းသော ဟင်းခွက်များဖြစ်သည်။ သို့သော် မြေထဲမှသတ္ထုများကိုများစွာစုပ်ယူကြသည်။ မိမိတို့မှိုခူးခဲ့သော မြေနေရာသည် သတ္ထုညစ်ညမ်းမြေဖြစ်ပါက စားသုံးရာတွင် သတိထားရမည်။ အန္တရာယ်ရှိသည်။ မှိုရိုင်း (စားမှို) များ၏ အာဟာရပြည့်ဝပြီး ပရိုတင်းကြွယ်ဝမှုများကို ကျန်းမာရေးရှုထောင့်ဖြင့်  လေ့လာထားရန်လိုအပ်သည်။ အလားတူသတ္ထုများကို စုပ်ယူနိုင်သော မှိုရိုင်း (စားမှို) များသည် ညစ်ညမ်းမြေများကို ပြုပြင်ပေးသဖြင် လေ့လာထားရန်လိုအပ်သည်။

မှိုရိုင်း (စားမှို) များသည်လည်း စားမှို၊ ဆေးဖက်ဝင်မှိုများကဲ့သို့ ပရိုတင်း (အမိုင်နိုအက်ဆစ်) ကြွယ်ဝသည်။

မြန်မာနိုင်ငံ ရေဆင်းဒေသရှိ သစ်တော၊ ဝါးတောများတွင် တွေ့နိုင်သော စုဆောင်းရရှိခဲ့သော မှိုရိုင်း(စားမှို) မျိုးများကို အဓိကထားဖော်ပြထားသည် (မြင့်နှင့် အဖွဲ့ 1979)

၁။ မှိုသင်္ကန်း monk’s robe mushroom, Cantharellus cibarius 

၂။ မှိုဝါ Hmoe War Amanita caesaria

၃။ မှိုသူတော်  Amanita princeps

၄။ ပါရာစိုးမှို Macrolepiota  procera 

၅။ ရာစူလာမှို Russula cyanoxantha

၆။ Matsutake, Tricholoma imbricatum

မှိုစိုက်ပျိုးရေး၏ အကျိုးပြုဇီဝကမ္မဖြစ်စဥ်မှတဆင့် စားသုံးသူ၊ ပတ်ဝန်းကျင်နှင့် စိုက်ပျိုးရေးအတွက် လက်တွေ့အကျိုးပြုမှုနှင့် အသုံးချနိုင်မှု ဆက်စပ်သုံးသပ်ချက်

မြန်မာနိုင်ငံတွင် စာရေးသူနှင့်အဖွဲ့   စုဆောင်းလေ့လာခဲ့သည့် ဒေသများစွာတွင် တွေ့နိုင်သော မှိုများကို အခြေခံပြီး ခေတ်မီသောသုတေသနတွေ့ရှိချက်များဖြင့် ကိုးကားရေးသားသည်။ အများစုသည် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ ရေဆင်းနယ်မြေအရှေ့ဖက် ဆင်သော့သစ်တောထဲမှ ရှာဖွေတွေ့ရှိပြီး အမျိုးအစားခွဲခဲ့ပါသည်။ အချို့သဘာဝပေါက်သော မှိုများ၏မြန်မာအမည် မဖော်ပြနိုင်ပါ။ ဒေသအလိုက် အခေါ်များ ရှိနိုင်ပါသည်။ 

ရာစူလာမှိုရိုင်းသည်လည်း စားမှိုဖြစ်သည်။ နည်းအမျိုးမျိုးဖြင့် ချက်ပြုတ်စားသုံးနိုင်သည်။ ကြက်ဥ၊ နွားနို့၊ ထောပတ်ထည့်ပြီး ပေါင်းစားပါက စားကောင်းသည်။ အာဟာရများ၊ ကယ်လိုရီ တန်ဖိုးများသည် ဒေသအလိုက် ပြောင်းနိုင်ပါသည်။ မြေထဲမှ သတ္ထုများကို စုပ်ယူမှုမြင့်သည်။

မှိုဝါ၊ မှိုသူတော်နှင့် ပါရာစိုးမှိုစသည့်မှိုများသည် အဆိပ်ဖြစ်မှိုလက္ခဏာပါသော်လည်း ကိုးကားစာများတွင် စားမှိုဟု အခိုင်အမာဖော်ပြထားသည်။  မှိုရိုင်းများကို စုဆောင်းလေ့လာခဲ့စဥ်ကလည်း ဒေသအလိုက် ဒေသခံများ ကိုယ်တိုင်စားသုံးသည့် အတွေ့အကြုံများရှိခဲ့သည်။ သို့သော်မြေထဲမှသတ္ထုများကို စုပ်ယူမှုမြင့်သည်။ မှိုရာသီတွင် မှိုကိုဆက်တိုက်စားခြင်း၊ ပမာဏများများ စားခြင်းသည် အသက်အန္တရာယ်ရှိသည် (Myint et al., 1979)။ မြေထဲမှ သထ္ထုများကို စုပ်ယူမှုမြင့်သည် မှိုများသည်  ညစ်ညမ်းမြေ မြေများကို သဘာဝအတိုင် ပြန်လည်ပြုပြင်ရေး (Remediation) ပတ်ဝန်းကျင်အကျိုးပြု တစ်ပတ်လည် စီးပွားရေးကွင်းဆက်အတွက် တနည်းတဖုံ အရေးပါပေသည်။ 

ကိုးကား

Ao T and Deb CR. Nutritional and antioxidant potential of some wild edible mushrooms of Nagaland, India. J Food Sci Technol (February 2019) 56(2):1084–1089. https://doi.org/10.1007/s13197-018-03557-w 

Das AK. et al., Edible Mushrooms as Functional Ingredients for Development of Healthier and More Sustainable Muscle Foods: A Flexitarian Approach. Molecules. 2021 May; 26(9): 2463. 2021 Apr 23. doi: 10.3390/molecules26092463

Kuml J. et al., Survey of Edible Amanita in Northern Thailand and Their Nutritional Value, Total Phenolic Content, Antioxidant and α-Glucosidase Inhibitory Activities. J Fungi (Basel). 2023 Mar; 9(3): 343. Published online 2023 Mar 10. doi: 10.3390/jof9030343

Mleczek M. et al.,Toxicological risks and nutritional value of wild edible mushroom species -a half-century monitoring study. Chemosphere. Volume 263, January 2021, 128095

Myint, H, M. Mya and M. Thaung 1979. Collection and identification of edible mushrooms in Yezin Campus. Agricultural Science Research Division Myanmar Research Congress 

M. M. Thaung (2007). A preliminary survey of macromycetes in Burma. Australasian Mycologist 26(1): 16-36. 

ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်