အလီလိုပါသီဓာတ်ပါဝင်သော မှိုမျိုးများ

19/09/2023 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၆၉)

အင်အော်ဂဲနစ်ဓာတ်မြေသြဇာသုံးစွဲနှုန်းလျှော့ချပြီး ကုန်ကျစရိတ်သက်သာသည့် ဇီဝနှိုးဆွတီမြေဆွေး၊ မြေဆွေးများ အစားထိုး (သို့မဟုတ်) ဖြည့်စွက် အသုံးပြုခြင်း (၂၁)

စားမှိုများ၊ မှိုရိုင်းများသည်လည်း အလီလိုပါသီဓာတုပစ္စည်းများကို ထုတ်သည်။ 

အလီလိုပါသီဆိုတာဘာလဲ?

အလီလိုပါသီ (allelopathy) ဆိုသည်မှာ - အပင်တစ်ပင်မှထုတ်သော အလီလိုပါသစ်ဓာတုပစ္စည်းများသည် နီးစပ်ရာ အပင်သို့ မဟုတ် သက်ရှိများ၏ ကြီးထွားဖွံ့ဖြိုးမှုအပေါ် အကျိုးပြု (သို့) အကျိုးမဲ့သက်ရောက်မှုကို ခေါ်သည်။

အလီလိုဓာတုပစ္စည်းများကို သက်ရှိအပင်မှထုတ်ပြီး လက်ခံအပင်များအပေါ် မျိုးညှောက်ပေါက်မှုနှင့် ကြီးထွားမှုကို တွန်းအားပေးသည် (သို့မဟုတ်) ဟန့်တားသည်။ 

အိမ်နီးချင်းလက်ခံအပင်ကို တွန်းအားပေးပါက လက်ခံပင်မှ အပင်ကြီးထွားသည်။ ဇီဝ/အဇီဝဖိနှိပ်မှုဒဏ်တွန်းလှန်မှု တိုးစေသည်။ ဖီနောလစ်အက်ဆစ်၊ ဟိုက်ထရိုဇားမစ်အက်ဆစ်၊ ဖက်တီးအက်ဆစ်များသည် အလီလိုပါသီ အရည်အသွေးရှိသည်။ 

အလီလိုပါသီ – အကျိုးသက်ရောက်ပုံ သဘာဝဖြစ်စဥ်

အလီလိုပါသီ သဘာဝဖြစ်စဥ်ကို အသုံးချပုံ

အပင်တစ်မျိုးမှ အလီလိုဓာတုပစ္စည်းများကို မြေထဲတွင်ထုတ်လိုက်ခြင်းကြောင့်  ကြားဝင်နှောင့်ယှက်သော ဇီဝကမ္မဖြစ်စဥ်တခုဖြစ်သည်။ အလီလိုဓာတုပစ္စည်း (ဖီနောလစ်ကွန်ပေါင်း) များသည် အလီလိုပါသီဖြစ်စဥ်၏ အကြောင်းရင်းတစ်ခုဖြစ်သည်။ စိုက်ပျိုးရေးဂေဟစနစ်တွင် ဇီဝကမ္မဖြစ်စဥ်အရ အပင်မျိုးရိုး၊ အပင်မျိုးကွဲများ၊ သဘာဝပေါက်ရောက်မှုများက လွှမ်းမိုးသည်။ အလီလို ဓာတုပစ္စည်းများကို အိမ်နီးချင်းလက်ခံအပင်များ၏ မျိုးညှောက်ပေါက်မှုနှင့် ကြီးထွားမှု အတွက်လည်းကောင်း၊ ပေါင်းသတ်ဆေးအဖြစ်လည်းကောင်း ၊ ပိုးသတ်ဆေး အဖြစ်လည်းကောင်း၊ အနုဇီဝအပင်ကာကွယ်ရေး ထုတ်ကုန်များအဖြစ်လည်းကောင်း အသုံးပြုနိုင်သည်။

မှိုရိုင်းများ၊ စားမှိုများတွင်လည်း အလီလိုပါသီ အရည်အသွေးရှိသည်ကို သုတေသန စာတမ်းများဖြင့်ဖော်ပြထားသည်။

အလီလိုပါသီ အရည်အသွေးရှိသော မှိုများ

Pleurotus eryngiiPleurotus ostreatus, Oyster mushroom

Lentinula edodes, Shiitake mushroomAmanita pantherina, Panthercap  mushroom

Trametes hirsuta

Morchella conica

ငွေနှင်း ငွေမိုးမှိုများ၏ အလီလိုပါသီအရည်အသွေးမြင့်မားခြင်း

Amanita pantherina ESifhTrametes hirsute  မှိုများ၏ အလီလိုပါသီ အရည်အသွေး

မှိုစိုက်ပျိုးရေး၏ အကျိုးပြု ဇီဝကမ္မဖြစ်စဥ် မှ တဆင့် စားသုံးသူ၊ ပတ်ဝန်းကျင်နှင့် စိုက်ပျိုးရေးအတွက် လက်တွေ့အကျိုးပြုမှုနှင့် အသုံးချနိုင်မှု ဆက်စပ်သုံးသပ်ချက်

အလီလိုပါသီ ပင်ကြွင်းပင်ကျန်များ၊ အလီလိုဓာတုပစ္စည်း စစ်ထုတ်ရေများသည် သုံးစွဲနှုန်းမြင်ပါက အိမ်နီးချင်းအပင်များ၏ ကြီးထွားဖွံ့ဖြိုးမှုကို ဟန့်တားသဖြင့် အလီလိုပါးသစ်ကွန်ပေါင်းများကို ပေါင်းနှိမ်နှင်းရာတွင် သုံးနိုင်သည်။

ကိုးကား

Osivand  A. et al., Comparison of allelopathic activity of some edible mushroom and wild mushroom in Japan. Joint Conference on 8th World Congress on Agriculture and Horticulture and 16th Euro Global Summit on Food and Beverages. March 02-04, 2017 Amsterdam, Netherlands

Scornamiglio M.et al. Metabolomics: an unexplored tool for allelopathy studies Journal of Allelochemical interactions 1 (1): 9-25. January 2015

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်