👩🌾 လယ်သမားကြီးတွေက...ကလေးတွေအတွက် ခြောက်လှန့်ပြစရာ ဖြစ်နေတုန်းလား..
ဟုတ်တယ်...ဒီနိုင်ငံမှာတော့...
စိုက်ပျိုးရေးတောင်သူ(လယ်သမား) လို့ ဆိုလိုက်တာနဲ့.. ကလေးတွေကို...လူကြီးတွေက...
သူတို့လို...မပင်ပန်း မဆင်းရဲချင်ရင်.. စာကြိုးစားရမယ်နော်ဆိုပြီး... လက်ညှိုးထိုး နမူနာပြခံရတဲ့ လူတန်းစားလို့ တန်းမြင်နေကြတုန်း...🥹
တချို့တွေဆိုပြောကြသေး...
စိုက်ပျိုးရေးဆိုတာ ကျောမွဲတွေရဲ့အလုပ်တဲ့...😅
အောက်ခြေလူတန်းစားလို့ အထင်ခံနေကြရတုန်း...
ဒါမျိုးမဟုတ်ဘဲ... စမတ်ကျကျတောင်သူကော လုပ်လို့မရဘူးလားတဲ့...
ရတာပေါ့...😉
📱အစိမ်းရောင်မှတ်တမ်းရှိတယ်..
အစိမ်းရောင်မှတ်တမ်းကိုအသုံးချပြီး..စမတ်ကျကျနဲ့...လယ်သမားကြီး..
အထိုင်ကနေ ထိုင်ပြီးစီမံခန့်ခွဲနေလို့ရတဲ့...
စိုက်ပျိုးစီးပွားလုပ်ငန်းရှင်ကြီးမျိုး ဖြစ်အောင်.. ကြိုးစားလိုက်လို့ရပါတယ် 💪
ဘယ်လိုတွေလုပ်လို့ရလဲဆိုတာ သိချင်သူတွေအတွက်တော့...
ဇူလိုင် ၇ ရက်နေ့မှာ Webinar လေး တခုလုပ်..ရှင်းပြပေးသွားပါမယ်ရှင့်..🤗
ဘယ်လိုလူတွေတက်ရောက်သင့်လဲဆို
✅ ကိုယ့်လုပ်ငန်းလေးက ဘယ်လောက်ရှုံးတယ် ဘယ်လောက် မြတ်တယ်ဆိုတာ လွယ်လွယ်လေးနဲ့ သိချင်သူတွေ
✅ GAP/ organic လက်မှတ်လျှောက်ပြီး ကိုယ့်ထုတ်ကုန်ရဲ့တန်ဖိုးကို မြှင့်ချင်ကြတဲ့သူတွေ
✅ ပိုမိုကောင်းမွန်တဲ့ ဈေးကွက်တစ်ခုကိုပိုင်ဆိုင်ချင်သူတွေနဲ့
✅ နောက်ဆုံး စိုက်ပျိုးရေးကို စီးပွားရေးတစ်ခုလို မှတ်ယူပြီး စိုက်ပျိုးစီးပွားလုပ်ငန်းရှင် ဖြစ်ချင်သူတွေ... အားလုံး တက်သင့်ပါတယ်ရှင့်...
ကဲ.. ဒီတော့.. . သိလိုသည်များကို မေးမြန်းဆွေးနွေးနိုင်ဖို့အတွက် စိတ်ပါဝင်စားသူစိုက်ပျိုးရေး နယ်ပယ်မှ မိတ်ဆွေများနဲ့ နယ်ပယ်ဒေသအသီးအသီးမှ ကျွမ်းကျင်ပညာရှင်များ၊
စိုက်ပျိုးစီးပွားလုပ်ငန်းရှင်လောင်းများကို Webinar လေး မပျက်မကွက် တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်နော် 😍
နေ့ရက် - ၇.၇.၂၀၂၃ (သောကြာနေ့)
အချိန် - နေ့လယ် ၂ နာရီ မှ ၃ ၃ နာရီခွဲ
နေရာ - Zoom platform
စာရင်းပေးသွင်းရန်လင့်ခ် - https://forms.gle/iYeeaoHeE8Ei9wvT9