တိရိစ္ဆာန်များနှင့် ကပ်ပါးအန္တရာယ်

04/11/2019 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

တိရစ္ဆာန်၏ ခန္ဓာကိုယ်ပြင်ပတွင် မှီတွယ်ကပ်နေကြသော ကပ်ပိုးများကား မွှား၊ သန်း၊ လှေး၊ ယင်၊ ဝဲနှင့် ခြင်တို့ဖြစ်ကြသည်။ ပြင်ပကပ်ပါးပိုးများသည် အတွင်းကပ်ပါးပိုးများကဲ့သို့ လက်ခံကောင်အား အန္တရာယ်ဆိုးကျိုး အမျိုးမျိုးပေးနိုင်လေသည်။

ပြင်ပကပ်ပါးများ မှီခိုတွယ်ကပ်ခြင်းခံရသော တိရစ္ဆာန်များသည် သွေးအားနည်းခြင်း၊ မတည်မငြိမ်ဖြစ်ခြင်း၊ ပိန်ချုံးလာခြင်း၊ တွယ်ကပ်ရာနေရာတွင် အနာများဖြစ်ခြင်း၊ ယင်းအနာများကြောင့် သိုးများတွင် အမွှေးထုတ်လုပ်မှုနှင့် အရည်အသွေးကျခြင်း၊ နွားနှင့် ဆိတ်တွင် သားရေစံချိန်မမီခြင်း၊ အသားထွက်လျော့နည်းခြင်း၊ ရောဂါများသယ်ဆောင်ဖြန့်ဖြူးမှုကြောင့် ရောဂါများ တစ်ကောင်နှင့်တစ်ကောင် ကူးစက်ပြန့်ပွားခြင်း၊ ခိုင်းနွားများတွင် ခိုင်းအားကျဆင်းခြင်း၊ နို့ပေးနွားမများ နို့ထွက်လျော့ခြင်း စသည်များဖြစ်ပေါ်ပေလိမ့်မည်။

သို့ဖြစ်၍ ကပ်ပါးများကို လေ့လာရာတွင် ပြင်ပကပ်ပါးများကို လျစ်လျူရှု၍မရပေ။ မွှားများသည် သွေးစုပ်တတ်သော ပြင်ပကပ်ပါးများဖြစ်၍ နို့တိုက်သတ္တဝါအများအပြားတွင် တွယ်ကပ်လေ့ရှိသည်။ မွှားများသည် ဘဲဥပုံ သို့မဟုတ် ရှည်မျောမျောပုံသဏ္ဍာန်ရှိသည်။ မွှားများသည် ဘဝတစ်စိတ်တစ်ဒေသကို လက်ခံကောင်ထံတွင် ကုန်လွန်စေပြီး ကျန်ဘဝအစိတ်အပိုင်းကို လက်ခံကောင်ထံ တွယ်ကပ်ရန် စောင့်ဆိုင်းကုန်လွန်စေသည်။

ထိုသို့ ကပ်ပါးဘဝနှင့် မနေသောအချိန်သည် အတော်အတန်ကြာမြင့်နိုင်သည်။ သို့ဖြစ်၍ မွှားအဆင့်ဆင့်အမျိုးမျိုးသည် လပေါင်းများစွာ သို့မဟုတ် နှစ်နှင့်ချီ၍ ရှင်သန်နိုင်သည်။ အလွန်ပူပြင်းသောနွေရာသီ၌ လက်ခံကောင်ထံမှ သွေးဝ၍ မြေပြင်သို့ ပြုတ်ကျလာသောမွှားမသည် နှစ်ရက် သို့မဟုတ် သုံးရက်အကြာတွင် ဥစတင်ဥပြီး တစ်ပတ်ခန့်တွင်ပြီးဆုံးသည်။ မွှားမတစ်ကောင်သည် ပျမ်းမျှဥနှုန်းမှာ ၂၀၀၀ ဖြစ်သည်။ ဥတစ်သုတ်သာဥပြီး သေဆုံးသွားတတ်သည်။

ဥများသည် မြက်ပင်များနှင့် အရိပ်ရသောနေရာများတွင် စုပြုံနေကြပြီး ကြက်ဥပုံ တောက်ပသောအရောင်ရှိသည်။ အပူကဲချိန်ကိုလိုက်၍ ဥပေါက်ရန်ကြာသောအချိန်မှာ ၁၁၄ – ၁၄၆ ရက်ဖြစ်ပါသည်။ မြက်ပင်၊ ထောင်နေသော အပင်များပေါ်သို့ တွယ်ကပ်ပြီးမကြာမီ အုပ်စုငယ်လေးဖြစ်ကာ တိရစ္ဆာန်တစ်ကောင် အနားရောက်လာလျှင် တွယ်ကပ်ကူးစက်သွားပါသည်။

စားကျက်များ၌ နွေရာသီတွင် သုံးလမှ လေးလ၊ ဆောင်းတွင်းတွင် ငါးလမှ ခြောက်လ ရှင်သန်နိုင်ပါသည်။ ပို၍အေးသောရာသီတွင် ၁၀ လခန့်အထိ ရှင်သန်နိုင်ပြီး စိုက်ခင်းစားကျက်များ၊ စွတ်စိုနေရာများတွင် မိမိနွားများ ချည်နှောင်ထားစဉ် ဂရုစိုက်ရပါမည်။ နွားများတွင် ၂၂ ရက်အထိ သွေးစုပ်ပြီး ကွာကျတတ်ပါသည်။ နွားများတွင် ရက် ၄၀ အထိ အသက်ရှင်သန်နေထိုင်နိုင်ကြောင်း သိထားရပါမည်။ မွှားတစ်သောင်းမှ နှစ်သောင်းတွယ်ကပ်ပါက သွေး ၁၀ လီတာ ဆုံးရှုံးနိုင်သည်။

ထို့ကြောင့် နွားများကို စားကျက်တွင် ငါးလ၊ ခြောက်လမထားရန်၊ စားကျက်ကို အပိုင်းလိုက် ထွန်ယက်ပစ်ရန်၊ သားလောင်းများသေစေရန် မီးရှို့ပစ်ရန်၊ ရေမြောင်းများ ရေစီးဆင်းရန် ဆောင်ရွက်ပေးခြင်း၊ နွားများကို မွှားသတ်ဆေးများ စိမ်ပေးခြင်း၊ ပက်ဖျန်းပေးခြင်းကို ၁၄ ရက်တစ်ကြိမ် ပြုလုပ်ရန်၊ ရေချိုးပေးခြင်း၊ နွားခြံအနီး ချုံရှင်းပေးခြင်းများ ပြုလုပ်ပေးရမည်။ ၎င်းအပြင် ဝဲပိုးများစွာကို အိမ်မွှေးတိရစ္ဆာန်များတွင် တွေ့ရသည်။ ထိတွေ့ကူးစက်တတ်သောအရေပြားဝဲနာဖြစ်စေပါသည်။ ဝဲပိုး ခြောက်မျိုးရှိသည်။ ဝဲပိုးများသည် အရေပြားအတွင်း ဝင်ရောက်ပြီး တွန့်လိမ်နေကြပြီး ကျွဲ၊ နွားများသည် လက်ခံကောင်များဖြစ်လာပါသည်။

ဝဲပိုးများသည် တိရစ္ဆာန်များနှင့် လူသို့ကူးစက်တတ်ကြပြီး အချို့ဝဲပိုးများသည် အမွေးထူသည့်နေရာတွင် စတင်ဝင်ရောက်၍ နေပူသည်အချိန်တွင် လှုပ်ရှားမှုပိုတွေ့ရသည်။

ဝဲရောဂါကူးစက်ခံရလျှင် နွားများ မျက်လုံးတစ်ဝိုက်၊ မျက်နှာနှင့် လည်ပင်း၊ အမြီးရင်းတို့တွင် အလွန်ယားယံပြီး ခန္ဓာကိုယ်တစ်ခုလုံးလည်း ကူးစက်နိုင်သည်။ နွားခြံအကာတန်းများ နွားချည်ထားသောတိုင်၊ သစ်ပင်များနှင့် ပွတ်တိုက်ခြင်းကြောင့် အမွှေးကျွတ်ခြင်း၊ အနာဖေးများ ပေါ်ထွက်လာခြင်း၊ ရက်သတ္တပတ် အနည်းငယ်အကြာတွင် အရေပြားတွန့်ရှုံလာ၍ အရေပြားထူလာပြီး မာလာခြင်းတို့ ဖြစ်ပေါ်လာကာ ဆေးမကုသပါက တစ်ကိုယ်လုံးပျံ့နှံ့ကာ သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။

ဝဲရောဂါသည် နွေရာသီတွင် ပျောက်သွားသော်လည်း ဆောင်းရာသီတွင် ပြန်ပေါ်လာတတ်ပါသည်။ ကပ်ပါးပိုးများတွင် နွားသန်းသည် ကိုက်၍သွေးစုပ်တတ်သည့်အတွက် ဆေးဖျန်းပေးခြင်း ပြုလုပ်နိုင်သည်။ ဆေးများမှာ chlordane 0.5 % Malathion 0.5% Toxophene 0.5% များဖျန်းပေးခြင်း၊ ၁၆ ရက်ကြာလျှင် တစ်ကြိမ်ဖျန်းပေးခြင်း၊ နွားချည်သောတန်းများ၊ တိုင်များ ပြန်လည်အသုံးမပြုခြင်း၊ ဆေးကုသစဉ်နှင့် ဆေးကုသပြီး အာဟာရပြည့်ဝသောအစာများ ကျွေးမွေးရန် အကြံပြုရေးသားလိုက်ရပေသည်။

ထွန်းလှိုင်(မြိုင်)

ဒို့ကျေးရွာဂျာနယ်မှာ ပြန်လည်ဖော်ပြပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်