မြန်မာနိုင်ငံ (တတိယအကြိမ်) ထောပတ်သီးပွဲတော်(၂၀၁၉)ကျင်းပသွားမည်

16/12/2019 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာနိုင်ငံ(တတိယအကြိမ်) ထောပတ်သီးပွဲတော် (၂၀၁၉)ကို  ကျင်းပသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိူးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (ပြင်ဦးလွင်)မှသိရပါတယ်။

ပွဲတော်မှာ ထောပတ်သီးနဲ့ ပတ်သတ်တဲ့ပြပွဲ ပြိုင်ပွဲတွေ ပြုလုပ်ကျင်းပသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမာန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိူးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (ပြင်ဦးလွင်)မှ ဥက္ကဌဦးမျိုးညွှန့်က ပြောပါတယ်။

“ ထောပတ်သီးပြပွဲ ၊ ပြိုင်ပွဲတွေပါမယ်။ ထောပတ်သီးနဲ့လုပ်ထားတဲ့ မုန့်တွေ၊ အလှကုန်ပစ္စည်းတွေ ပါဝင်ပြသသွားမယ်။ ပွဲမှာဆွေးနွေးပွဲတွေလည်း ပါဝင်သွားမှာပါ”

မြန်မာနိုင်ငံ (တတိယအကြိမ်) ထောပတ်သီးပွဲတော်(၂၀၁၉)ပွဲတော်မှာ ထောပတ်သီးမျိုးပင်များပါ ပြသရောင်းချသွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှသိရပါတယ်။

အဆိုပါပွဲတော်ကို ပြင်ဦးလွင်မြို့ရဲ့ ပြင်ဦးလွင်စင်တာမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဒီဇင်ဘာလ(၂၇) ရက်နေ့မှ (၂၉)ရက်နေ့ထိ နံနက် (၈)နာရီမှ ညနေ (၆) နာရီထိပြုလုပ်ကျင်းပသွားမှာဖြစ်ကြောင်း အဆိုပါ အသင်းမှသိရပါတယ်။ 

တိုးတိုးခိုင်(ABM)


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်