အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရေထဲကငါး ပြည့်စီးပွား ရေရှည်စားဖို့ထိန်းစို့လား

ရေထဲကငါး ပြည့်စီးပွား ရေရှည်စားဖို့ထိန်းစို့လား

Green Way
Green Way Greenovator 03/06/2020

    ငါးမျိုးမပြုန်းတီးစေဖို့အတွက် ငါးဖမ်းတဲ့သူတွေမှာပဲ တာဝန်ရှိပါသလား? မဟုတ်ပါဘူးနော်။ စားသုံးသူ ပြည်သူတွေမှာလည်း တာဝန်ရှိပါတယ်။ 

    ခုအခါမှာတော့ ဒေသတွင်းက အင်း၊ အိုင်၊ မြစ်၊ ချောင်းတွေမှာ ဘက်ထရီရှော့တိုက်ပြီး ငါးဖမ်းနေတာတွေကို တွေ့ရများလာပါတယ်။ ဂေဟစနစ် ပျက်စီးရုံတင်မကပဲ လူကိုပါ ဒုက္ခရောက်စေနိုင်တဲ့ ရှော့တိုက်ငါးဖမ်းတာကို မလုပ်ကြဖို့နဲ့ ဖမ်းဆီးနေတာမြင်ခဲ့ရင်လည်း အောက်မှာပြောထားတဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ်တိုင်ကြားပေးဖို့ အသိပေးလိုက်ရပါတယ်။

ဘက်ထရီရှော့တိုက် (ကျင်စက်) ဖြင့် ငါးဖမ်းခြင်း၏ ဆိုးကျိုးများ

(က) အပင်မျောလှေး၊ သတ္တမျောလှေးအပါအဝင် ငါးနှင့်ရေနေသတ္တဝါများ သေကြေပျက်စီးခြင်းကြောင့် ဂေဟဗေဒစနစ်နှင့် သတ္တဝါများတိုးပွားမှုအတွက် အရေးပါသော အစာကွင်းစက် ပျက်ယွင်းခြင်း။

(ခ) ဥကပ်ငါးများ သေကြေပျက်စီးပါက ပေါက်ပွားလာမည့် ငါးသယံဇာတများ ဆုံးရှုံးခြင်း။

(ဂ) ရောင်းတန်းဝင် ငါးတစ်ကောင်ရရန်အတွက် ငါးငယ်များစွာ သေကြေပျက်စီးခြင်း။

(ဃ) အသက်မသေဘဲ လွတ်မြောက်သွားသော ငါးကြီးများသည် လျှပ်စစ်ဓာတ်အားကြောင့် ချိနဲ့သွားခြင်း၊ မြုံသွားခြင်း၊ မျိုးမပွားနိုင်တော့ခြင်း။ 

(င) အခန့်မသင့်ပါက လူပါဓာတ်လိုက် သေဆုံးနိုင်ခြင်း။

(စ) ငါးလုပ်ငန်းဦးစီးဌာနမှ ထိန်းသိမ်းကာကွယ်လျက်ရှိသော မျိုးသုန်းရန်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် လိပ်၊ တောင်ပေါ်ဖျံ၊ ဒေသမျိုးရင်း ငါးမျိုးများကိုလည်း ထိခိုက်သေဆုံးခြင်း။ 

ပြည်နယ်/ တိုင်းအသီးသီးအတွက် ငါးလုပ်ငန်းဦးစီးဌာန ဖုန်းနံပတ်များ 

ရုံးချုပ် ၀၆၇ - ၅၅၀၀၃၅ 

နေပြည်တော် ၀၉ - ၄၅၀၀၅၈၃၅၀

ရန်ကုန် ၀၉ - ၂၅၀၂၈၂၂၁၀

မန္တလေး ၀၉ - ၅၂၃၂၈၃၃

မန္တလေးရုံး ၀၂ - ၆၁၁၁၅

မြစ်ကြီးနား ၀၉ - ၄၅၄၁၇၃၇၃၄

စစ်တွေ ၀၄၃ - ၂၀၂၃၇၉၈

မော်လမြိုင် ၀၅၇ - ၃၄၇၇၀

လွိုင်ကော် ၀၈၃ - ၂၂၂၄၁၃၅

ဘားအံ ၀၅၈ - ၂၁၁၈၄

ဟားခါး ၀၉ - ၂၅၆၀၇၇၀၅၀

စစ်ကိုင်း ၀၇၁ - ၂၃၆၃၇

ပဲခူး ၀၅၂ - ၂၂၂၃၀၈၅

မကွေး ၀၆၃ - ၂၀၂၃၇၃၇

ပုသိမ် ၀၄၂ - ၂၄၂၅၇

ရှမ်း ၀၈၁ - ၂၀၈၆၀၀ တို့ကို ဆက်သွယ်စုံစမ်းတိုင်ကြားနိုင်ပါတယ်ရှင်။ 

ကိုးကား - ၁)ငါးလုပ်ငန်းဦးစီးဌာန 

၂) မြစ်ဝကျွန်းပေါ်ငါးမွေးမြူသူများ အွန်လိုင်းအဖွဲ့

 

You

ဆက်စပ်ဆောင်းပါးများ

Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ခရမ်းချဉ်ကနေရောင်ခြည်အနည်းငယ်ရတဲ့ အရိပ်အောက်မှာ စိုက်လို့ရပါသလား ?

စောတိုးသူဝင်း • ဖြေကြားချက် 4 ခု

စပါးအပင်တွင်းရှိတဲ့ဆစ်ပိုးကိုသေစေဖို့ဘာဆေးသုံးသင်လည်းဗျဆစ်ပိုးသေပီတော့အပင်ပြန်ပြည့်ဖို့အတွက်ဆစ်ပိုးကျတဲ့နေရာကိုပုလဲသုံးပီပက်ရင်ဆင်ပြေလား

ကိုမျိုး • ဖြေကြားချက် 2 ခု

ဘာဆေးသုံးရမလဲဆရာတို့လမ်းညွန်ကြပါအုံး

Aung Nay Linn • ဖြေကြားချက် 2 ခု

ပူတာအိုဒေသမှာ ဘယ်လိုငှက်ပျောသီးစိုက်ပျိုးရင်ဖြစ်ထွန်းမလည်း။ စိုက်ပျိုးနည်း လည်းအသေးစိတ်လမ်းညွန်ပေးပါ။ ငှက်ပြောစျေးကွတ်ရော ထည့်ပြောပေးပါ

Mp ခင်ဆားရ် • ဖြေကြားချက် 2 ခု

ပျိုးပင် အရွက်ဝါပြီး ရွှက်ဖျားခြောက်နေခြင်းကို ဘာဓာတ်လိုအပ်တာလဲ? ဘယ်လိုကာကွယ်ရမလဲ?

than way • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။