ရေထဲကငါး ပြည့်စီးပွား ရေရှည်စားဖို့ထိန်းစို့လား

03/06/2020 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ငါးမျိုးမပြုန်းတီးစေဖို့အတွက် ငါးဖမ်းတဲ့သူတွေမှာပဲ တာဝန်ရှိပါသလား? မဟုတ်ပါဘူးနော်။ စားသုံးသူ ပြည်သူတွေမှာလည်း တာဝန်ရှိပါတယ်။ 

    ခုအခါမှာတော့ ဒေသတွင်းက အင်း၊ အိုင်၊ မြစ်၊ ချောင်းတွေမှာ ဘက်ထရီရှော့တိုက်ပြီး ငါးဖမ်းနေတာတွေကို တွေ့ရများလာပါတယ်။ ဂေဟစနစ် ပျက်စီးရုံတင်မကပဲ လူကိုပါ ဒုက္ခရောက်စေနိုင်တဲ့ ရှော့တိုက်ငါးဖမ်းတာကို မလုပ်ကြဖို့နဲ့ ဖမ်းဆီးနေတာမြင်ခဲ့ရင်လည်း အောက်မှာပြောထားတဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ်တိုင်ကြားပေးဖို့ အသိပေးလိုက်ရပါတယ်။

ဘက်ထရီရှော့တိုက် (ကျင်စက်) ဖြင့် ငါးဖမ်းခြင်း၏ ဆိုးကျိုးများ

(က) အပင်မျောလှေး၊ သတ္တမျောလှေးအပါအဝင် ငါးနှင့်ရေနေသတ္တဝါများ သေကြေပျက်စီးခြင်းကြောင့် ဂေဟဗေဒစနစ်နှင့် သတ္တဝါများတိုးပွားမှုအတွက် အရေးပါသော အစာကွင်းစက် ပျက်ယွင်းခြင်း။

(ခ) ဥကပ်ငါးများ သေကြေပျက်စီးပါက ပေါက်ပွားလာမည့် ငါးသယံဇာတများ ဆုံးရှုံးခြင်း။

(ဂ) ရောင်းတန်းဝင် ငါးတစ်ကောင်ရရန်အတွက် ငါးငယ်များစွာ သေကြေပျက်စီးခြင်း။

(ဃ) အသက်မသေဘဲ လွတ်မြောက်သွားသော ငါးကြီးများသည် လျှပ်စစ်ဓာတ်အားကြောင့် ချိနဲ့သွားခြင်း၊ မြုံသွားခြင်း၊ မျိုးမပွားနိုင်တော့ခြင်း။ 

(င) အခန့်မသင့်ပါက လူပါဓာတ်လိုက် သေဆုံးနိုင်ခြင်း။

(စ) ငါးလုပ်ငန်းဦးစီးဌာနမှ ထိန်းသိမ်းကာကွယ်လျက်ရှိသော မျိုးသုန်းရန်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် လိပ်၊ တောင်ပေါ်ဖျံ၊ ဒေသမျိုးရင်း ငါးမျိုးများကိုလည်း ထိခိုက်သေဆုံးခြင်း။ 

ပြည်နယ်/ တိုင်းအသီးသီးအတွက် ငါးလုပ်ငန်းဦးစီးဌာန ဖုန်းနံပတ်များ 

ရုံးချုပ် ၀၆၇ - ၅၅၀၀၃၅ 

နေပြည်တော် ၀၉ - ၄၅၀၀၅၈၃၅၀

ရန်ကုန် ၀၉ - ၂၅၀၂၈၂၂၁၀

မန္တလေး ၀၉ - ၅၂၃၂၈၃၃

မန္တလေးရုံး ၀၂ - ၆၁၁၁၅

မြစ်ကြီးနား ၀၉ - ၄၅၄၁၇၃၇၃၄

စစ်တွေ ၀၄၃ - ၂၀၂၃၇၉၈

မော်လမြိုင် ၀၅၇ - ၃၄၇၇၀

လွိုင်ကော် ၀၈၃ - ၂၂၂၄၁၃၅

ဘားအံ ၀၅၈ - ၂၁၁၈၄

ဟားခါး ၀၉ - ၂၅၆၀၇၇၀၅၀

စစ်ကိုင်း ၀၇၁ - ၂၃၆၃၇

ပဲခူး ၀၅၂ - ၂၂၂၃၀၈၅

မကွေး ၀၆၃ - ၂၀၂၃၇၃၇

ပုသိမ် ၀၄၂ - ၂၄၂၅၇

ရှမ်း ၀၈၁ - ၂၀၈၆၀၀ တို့ကို ဆက်သွယ်စုံစမ်းတိုင်ကြားနိုင်ပါတယ်ရှင်။ 

ကိုးကား - ၁)ငါးလုပ်ငန်းဦးစီးဌာန 

၂) မြစ်ဝကျွန်းပေါ်ငါးမွေးမြူသူများ အွန်လိုင်းအဖွဲ့

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်