အရည်အသွးကောင်းမျှစ်ကို ဘယ်လိုထုတ်လုပ်မလဲ?

26/09/2018 11:18 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး BIF BIF မှ ပေးပို့ထားပါသည်။

မြန်မာနိုင်ငံတွင် ဝါးမျိုးစိတ်ပေါင်း (၁၀၀) ကျော်ရှိသော်လည်း စားသုံးနိုင်သော ဈေးကွက်ဝင်မျှစ်မှာ အနည်းငယ်သာရှိပြီး  Dendocalamus မျိုးရင်းဝင်ဖြစ်သော ဝါးပိုးမျှစ်များကို အဓိကထား စီးပွားဖြစ်ထုတ်လုပ်ရောင်းချကြသည်။ ဝါးမျိုးမျှစ် များကို နှစ်စဉ် ဂျူလှိုင်လမှ စက်တင်ဘာလလောက်အထိ သဘာ၀ဝါးတောများတွင် နီးစပ်ရာ ဒေသခံတောင်သူများမှ ရိတ်သိမ်းကြသည်။ သစ်တောမဟုတ်သည့် သစ်တောထွက်ပစ္စည်းများအနက် ဝါးသည်လည်း အခြေခံလူတန်းစားများ အတွက် အိမ်ယာအဆောက် အဦးများ ဖန်တီးပေးရုံသာမက မိသားစုစာနပ်ရိပ်က္ခာ ဖူလုံရေးအတွက်လည်း အထောက် အကူပြုသော သဘာဝကဖန်တီးပေးသည့် ရတနာတစ်မျိုးဖြစ်ပါသည်။ လတ်ဆက်သောမျှစ်များ (Fresh Shoot) ကို ရာသီပေါ်သီးနှံများကဲ့သို (လတ်လတ်ဆတ်ဆတ် ထုတ်ယူရောင်းချနိုင်သလို) မိမိတစ်ပိုင်တစ်နိုင်စီးပွားရေးအဖြစ် မျှစ်ချဉ် (Pickle shoot) ၊ မျှစ်ချို ( Dry shoot) များပြုလုပ်၍ တစ်နှစ်ပတ်လုံး သိုလှောင် ၍လည်း ရောင်းချနိုင်ပါသည်။  သို့သော်လည်း အရည်အသွေးကောင်းသောမျှစ်များကို ရေရှည်ထုတ်ယူသုံးစွဲနိုင်ရန်အတွက် ဝါးရုံများကို စနစ်တကျ ပြုစုပျိုးထောင်နည်း၊ မျှစ်များကို စနစ်တကျ ရိတ်သိမ်းနည်း စနစ်များကို သိရှိလေ့လာထားပါက သင်နှင့် သင့်မိသားစု၊ သင်၏ပတ်ဝန်းကျင့် အတွက်ပါ အကျိုးကျေး ဇူးများစွာ ခံစားရရှိမည်ဖြစ်ပါသည်။ မျှစ်သည်အမျိုးမျိုးသော အဟာရဓာတ်များ ကြွယ်ဝစွာပါဝင်သည်။

အရည်အသွေးကောင်းမျှစ်ကို ထုတ်လုပ်ရယူနိုင်ရန် အောက်ပါလင့်တွင် ဝါရုံများများကို စနစ်တကျ ပြုစုပျိုးထောင်နည်း မျှစ်များကို စနစ်တကျ ရိတ်သိမ်းနည်းစနစ်များကို လေ့လာဖတ်ရှု့နိုင်ပါသည်။

ဒီနေရာကိုနှိပ်ပါ။

အစားအသောက်အဖြစ်အသုံးဝင်ပုံ - Utilization of bamboo shoot

အရှေ့တောင်အာရှနိုင်ငံများတွင် မျှစ်ကို အဓိကဟင်းလျာများအဖြစ် အမျိုးမျိုးပြုပြင်ထုတ်လုပ်စားသုံးကြသည်။ ဂျပန်လူမျိုးတစ်ဦးလျှင် တစ်နှစ် ငါးကီလိုနှင့် တရုတ်လူမျိုးတစ်ဦးလျှင် တစ်နှစ် (၁.၅) ကီလို စားသုံးကြောင်းသိရပါသည်။ နုနယ်သည့် ဝါးထွက်စအစို့ဖြစ် သည့်မျှစ်အား ပြုလုပ်ခြင်းဖြင့်လည်းကောင်း၊ အချဉ်ပြုလုပ်၍လည်းကောင်း၊ အခြောက်ခံ၍လည်းကောင်း စားသုံးကြပါသည်။ မျှစ်ကို ပြုတ်ပြီး ရေအထပ်ထပ်ဆေးပြီးမှ စားသုံးသင့်ပါသည်။ ဝါးအမျိုးအစားအလိုက်ပြုတ်ခြင်း၊ ရေကြာကြာစိမ်ခြင်းမပြုနိုင်ဘဲ စားသောက်မိလျှင် မူးဝေအော့အန်ဖြစ်နိုင်ပါသည်။ မြန်မာနိုင်ငံတွင် ပျဉ်းမနားမြို့နယ်၊ မိုးကုတ်မြို့နယ်နှင့် တောင်ငူအရှေ့ပိုင်းမှ မျှစ်များသည် အရည်အသွေးကောင်းပြီး အရသာအထူးကောင်းမွန်သည်။

Source - BIF

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်