ဝါးဖြင့်ဖန်တီးတည်ဆောက်သည့် အဆောက်အဦများ ဈေးကွက်ကောင်းမွန်နေ

29/01/2021 10:45 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ဝါးဖြင့်ဖန်တီးတည်ဆောက်ထားသည့် အဆောက်အဦများကို လူအများစိတ်ဝင်တစားဝယ်ယူနေပြီး ဈေးကွက်ကောင်းမွန်နေကြောင်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းမှ သိရသည်။

ဝါးနဲ့ပြုလုပ်တဲ့အဆောက်အဦလေးတွေ အတော်လေးရောင်းကောင်းတယ်။  အော်ဒါမှာယူတဲ့လူ များနေတယ်။ အထူးသဖြင့် နားနေဆောင်လေးတွေ မှာယူတာများတယ်။ စားသောက်ဆိုင်တွေကလည်း ဝယ်တယ်။ တချို့ကျတော့လည်း အိမ်ခြံဝင်းထဲမှာ နားနေဖို့အတွက် မှာကြတယ်။ ဘုန်းကြီးကျောင်းတွေမှာ အေးအေးဆေးဆေးထိုင်ဖို့ဆိုပြီး ဆရာတော်တွေလည်း လာမှာယူကြတယ်။ ဆရာတော်တွေ လာရောက်မှာယူတဲ့အခါဆိုရင် လက်ခနဲ့ဝါးဖိုး စတဲ့ ကုန်ကျစရိတ်တွေကို တစ်ဝက်လောက် လျော့ပေးပြီး လုပ်ပေးလိုက်ပါတယ်။

ဟု မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း ဥက္ကဌ ဦးကျော်ဝင်းက ပြောသည်။

    လက်တလောအနေဖြင့် ဝါးအဆောက်အဦတည်ဆောက်ရောင်းချသည့် ဈေးကွက်အတွင်း၌ (အော်ဒါမှာယူလာသည့် ဒီဇိုင်းနဲ့အကျယ်အဝန်းအပေါ် မူတည်ပြီး) ကျပ် (၁၀၀,၀၀၀)မှ ကျပ် (၁,၅၀၀,၀၀၀) ဝန်းကျင် တန်ဖိုးရှိ ဝါးအဆောက်အဦများကို မှာယူမှုများပြားနေကြောင်း သိရသည်။

ဝါးအဆောက်အဦတွေ တည်ဆောက်နေရာမှာ ကြသောင်းဝါးနဲ့လည်း ဆောက်လို့ရပါတယ်။ ဝါးပိုးဝါးနဲ့လည်း တည်ဆောက်လေ့ရှိပါတယ်။ မျှင်ဝါးရတဲ့အခါ မျှင်ဝါးနဲ့ဆောက်ကြတယ်။ ထီးရိုးဝါးနဲ့လည်း ဆောက်တယ်။ ဈေးနှုန်းကတော့ တည်ဆောက်ပေးရတဲ့လက်ရာအနေအထား၊ လက်ဝင်တဲ့အပေါ်မှာမူတည်ပြီး ကွာခြားသွားနိုင်ပါတယ်။

ဟု ဦးကျော်ဝင်းက ဆက်လက်ပြောသည်။

    ဝါးဖြင့် ဖန်တီးတည်ဆောက်ထားသည့် ဝါးအဆောက်အဦ (ဝါးနားနေဆောင်)များကိုနေပြည်တော်နှင့်အနီးတဝိုက်ဒေသများမှ အော်ဒါမှာယူမှု များပြားကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်