ထွက်ရှိလာပြီဖြစ်တဲ့ အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အတွဲ-၄

21/02/2025 19:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

(ကြော်ငြာဆောင်းပါး)

မင်္ဂလာပါ ကျွန်တော်ဒေါက်တာမျိုးကြွယ်ပါ

တောင်သူဦးကြီးများ၊  စိုက်ပျိုးမွေးမြူရေးပညာအထက်တန်းကျောင်းနှင့် သိပ္ပံကောလိပ်များမှ တက္ကသိုလ်များရှိ ကျောင်းသား၊ ကျောင်းသူများအားလုံး  စိုက်ပျိုးမွေးမြူရေးပညာမှစတင်၍ အဆင့်မြင့်ပညာများကို သင်ကြားရေးသုတေသနမှစ၍ တောင်သူပညာပေးလုပ်ငန်းများအထိ လေ့လာရမှာ အထောက်အကူပြုစေရန် ရည်ရွယ်ရေးသားပြုစုထားတဲ့ အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ (Basic Agricultural Science) အတွဲ-၄ (Volume Four) ထွက်ရှိလာပြီပဲ ဖြစ်ပါတယ်။

ဒီစာအုပ်ထဲမှာဆိုရင်

  • မြန်မာနိုင်ငံဟာ စိုက်ပျိုးမွေးမြူရေးနိုင်ငံဖြစ်သော်လည်း စိုက်ပျိုးရေးသိပ္ပံ၊ စိုက်ပျိုးရေးတက္ကသိုလ်တို့မှာ အခြားဘာသာရပ်များနဲ့ယှဉ်လျှင်အလွန်နည်းပါးနေတာကြောင့် လူငယ်လူရွယ်များ စိတ်ဝင်စားမှုမြင့်တက်လာစေရန် ကြိုးစားသင့်ကြောင်း
  • Agriculture ကို အဓိပ္ပာယ်ဖော်ဆောင်ရာမှာလည်း သီးနှံများစိုက်ပျိုးပြီးရုံနဲ့ မလုံလောက်တော့ဘဲ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အင်ဂျင်နီယာ၊ စီးပွားရေး၊ ပညာရေး၊ ဝိဇ္ဇာ၊ သိပ္ပံပညာများပါ စုပေါင်းဆောင်ရွက်ကြစေဖို့အတွက် စိတ်စေတနာဖြင့် ခြုံငုံရေးသားထားပါတယ်။

စာအုပ်ထဲတွင်ပါဝင်တဲ့ ဆောင်းပါးများမှာလည်း အပတ်စဉ်အစိမ်းရောင်လမ်းရှိ အတွေးအမြင်ဆောင်းပါးများကဏ္ဍတွင် တင်ဆက်နေသော အမှတ် ၁၀၇ - ၁၃၀ အထိ ဆောင်းပါးများဖြစ်တာကြောင့် ဖုန်းဖြင့်ဖတ်လိုသူများ အစိမ်းရောင်လမ်းဆော့ဝဲအတွင်း ဝင်ရောက်ဖတ်ရှုနိုင်သလို..

စာအုပ်ဖြင့်ဖတ်ရှုလိုသူများ  09782240419/ 09774410927   ကို ဆက်သွယ်ဝယ်ယူနိုင်ပါပြီဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်ရခြင်း ဖြစ်ပါတယ်။ 

စာပေဖတ်ရှုသူများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ..

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်