အပင်ရောဂါ ကာကွယ်နှိမ်နင်းနည်းအခြေခံများ

23/02/2023 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အပင်ရောဂါကို ကာကွယ်နှိမ်နင်းရန် နည်းလမ်းပေါင်းများစွာရှိသည်။ ရောဂါဖြစ်ပွားသော အပင် (လက်ခံပင်)၊ ပတ်ဝန်းကျင် ရာသီဥတုအခြေအနေနှင့် ရောဂါဖြစ်စေသော သက်ရှိတို့ ပေါ်မူတည်၍ သင့်လျော်သော ကာကွယ်နှိမ်နင်းနည်းများကို သုံးရသည်။

အပင်ရောဂါ ကာကွယ်နှိမ်နင်းနည်းပေါင်းများစွာရှိသော်လည်း ကာကွယ်နှိမ်နင်းနည်း အခြေခံသဘောတရား (၄) မျိုးသာရှိသည်။

ယင်းတို့မှာ

  • ၁။ ရောဂါမဝင်ရောက်စေရန် တားဆီးခြင်း
  • ၂။ ရောဂါဖြစ်စေသော သက်ရှိများအား သုတ်သင်ဖယ်ရှားခြင်း
  • ၃။ ရောဂါဖြစ်ခြင်းမှ ကာကွယ်ခြင်းနှင့်
  • ၄။ ရောဂါဒဏ်ခံနိုင်ရည်ရှိစေခြင်း တို့ဖြစ်သည်။

၁။ ရောဂါမဝင်ရောက်စေရန် တားဆီးခြင်း

ရောဂါဖြစ်စေသော သက်ရှိကို အခြားအရပ်ဒေသတစ်ခုသို့ ကူးစက်ပျံ့နှံ့ခြင်း မဖြစ်အောင် တားဆီးခြင်းဖြစ်သည်။ ဤနည်းသည် မျိုးစေ့၊ မျိုးကိုင်းစသော အပင်အင်္ဂါအစိတ်အပိုင်းများဖြင့် ပျံ့နှံ့သော ရောဂါများကို ထိရောက်စွာ ကာကွယ်နိုင်သည်။ သို့ရာတွင် လေနှင့် ရေတို့ဖြ င့် ပျံ့နှံ့သော ရောဂါများကိုမူ ထိရောက်စွာ မကာကွယ်နိုင်ပါ။ ရောဂါမဝင်နိုင်ရန်တားဆီးရာတွင် အောက်ပါနည်းများကို အသုံးပြုနိုင်ပါသည်။

(က) စိုက်ပျိုးမည့် အင်္ဂါအစိတ်အပိုင်းများကို စီရင်ကုသခြ င်း

မျိုးစေ့ကို ဓာတုဆေးမှုန့်ဖြ င့် လူးနယ်၍လည်းကောင်း၊ ဆေးရည်စိမ်၍လည်းကောင်းစိုက်ကြသည်။ အချို့ရောဂါများတွင် မျိုးစေ့ဆောင် ရောဂါဖြစ်စေသော သက်ရှိများကို သေစေရန်၊ အပူချိန် ၁၃၂ ဒီဂရီဖာရင်ဟိုက် (၅၅ ဒီဂရီ ဆဲဆီးယပ်စ်)ရှိသော ရေနွေးပူတွင် မျိုးစေ့များကိုစိမ်၍ စိုက်ကြသည်။

ဥပမာ။ ။ ကြံအူနီ ရောဂါကို ကာကွယ်ရန်အတွက် ကြံဆစ်ပိုင်းကို ရေနွေးပူ ၅၂ ဒီဂရီဆဲဆီးယပ်စ်တွင် ၁၈ မိနစ်စိမ်၍ ပြန်လည်ဆယ်ယူပြီး အအေးခံ၍ စိုက်ပါ။

(ခ) စိုက်ပျိုးမည့် အင်္ဂါအစိတ်အပိုင်းများကို စစ်ဆေးခြင်း

(၁) စစ်ဆေးပြီးကြောင်း လက်မှတ်ထုတ်ပေးခြ င်း

စိုက်ပျိုးမည့် အစိတ်အပိုင်းများတွင် ရောဂါဖြစ်စေသော သက်ရှိ ပါ၊ မပါကို တာဝန်ရှိသူများက စမ်းသပ်စစ်ဆေး၍ မပါရှိပါက ရောဂါကင်းကြောင်း လက်မှတ်ထုတ်ပေးသည်။

ဥပမာ။ ။ ပဲဗိုင်းရပ်ရောဂါ တားဆီးထိန်းသိမ်းပေးခြင်း

(၂) တားဆီးထိန်းသိမ်းထားခြင်း

အပင်အစိတ်အပိုင်းများကို နိုင်ငံခြားမှဖြစ်စေ၊ နိုင်ငံတွင်း ပြည်နယ်တစ်ခုမှ တစ်ခုသို့ ဖြစ်စေ၊ သယ်ယူလျှင် လေဆိပ်၊ သင်္ဘောတို့၌ သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးပြီးမှ သယ်ယူခွင့်ပြုခြင်းဖြစ်သည်။ ရောဂါရှိနေပါက ဆေးစီရင်ပေးခြင်း သို့မဟုတ် ဖျက်ဆီးခြင်းပြုလုပ်ရသည်။

ဥပမာ။ ။ ကြံမျိုးဆစ်ပိုင်းများအား အခြားဒေသသို့ သယ်ယူပို့ကောင်ရာတွင် ကြံအူနီရောဂါရှိ/မရှိ စစ်ဆေးပြီး ရောဂါကင်းရှင်းမှသာလျှင် ခွင့်ပြုခြင်းဖြ င့် အခြားအရပ်ဒေသသို့ ရောဂါမပျံ့ပွားရန် တားဆီးကာကွယ်နိုင်ပါသည်။

၂။ ရောဂါဖြစ်စေသော သက်ရှိများအား သုတ်သင်ဖယ်ရှားခြ င်း

အပင်ရောဂါဖြစ်စေသော သက်ရှိကို ရောဂါဖြစ်ရာကနေ နေရာဒေသမှ အ ပြီးအပိုင်သုတ်သင်ဖယ်ရှားခြင်းဖြင့် ရောဂါထပ်မံမဖြစ်ပွားအောင် ပပျောက်စေခြင်း ဖြစ်သည်။ ဤသို့ သုတ်သင်ဖယ်ရှားရန် အောက်ပါနည်းများကို အသုံးပြုသည်။

(က) ရောဂါဖြစ်စေသောသက်ရှိအား လက်ခံနိုင်မည့်အပင်များကို သုတ်သင်ဖယ်ရှားခြင်း

အချို့ရောဂါဖြစ်စေသောသက်ရှိများသည် အပင်မျိုးစိတ်တစ်မျိုးထက်ပို၍ တိုက်ခိုက်ရောဂါဖြစ်ပွားစေနိုင်သည်။ အလားတူ ရောဂါဖြစ်စေသော သက်ရှိသည် သီးနှံပင်များတွင်သာမက သီးနှံမဟုတ်သည့် ပေါင်းပင်များ၌လည်း ရောဂါကျရာက်စေနိုင်သည်။ ဤသို့အပင်များအားဖယ်ရှားခြင်းဖြင့် ရောဂါဖြစ်စေ သက်ရှိကိုလည်း သုတ်သင်ဖယ်ရှားနိုင်သည်။

ဥပမာ။ ။ စပါးဂုတ်ကျိုးရောဂါဖြစ်စေသော မှိုခိုအောင်းနိုင်သော ပေါင်းမြက်များကိုရှင်းလင်းခြင်း။

(ခ) သီးနှံအလှည့်ကျစိုက်ပျိုးခြင်း

ရောဂါဖြစ်စေသော သက်ရှိက တိုက်ခိုက်ဖျက်ဆီးခြင်း မပြုနိုင်သော  သီးနှံများကို အလှည့်ကျစိုက်ပျိုးခြင်းဖြင့် ရောဂါဖြစ်စေသော သက်ရှိအတွက် လိုအပ်သော အစာအာဟာရများ ပြတ်လပ်စေခြင်းဖြင့် ရောဂါဖြစ်စေသောသက်ရှိကို သုတ်သင်ဖယ်ရှားနိုင်သည်။ ဤနည်းသည်ဓာတုဆေးဖြင့် ထိရောက်စွာ မကာကွယ်နိုင်သော ရောဂါများအတွက် အသုံးပြုရန် ကောင်းသောနည်းဖြစ်သည်။

ဥပမာ။ ။ စပါးနှင့်ဂုန်လျှော်ကို အလှည့်ကျစိုက်ပျိုးခြင်းဖြင့် စပါးနီမတုတ်လောင်မီးရောဂါကို ကာကွယ်နိုင်ပါသည်။

(ဂ) အပူချိန်နှင့် ဓာတုဆေးတို့ဖြင့် စီရင်ခြင်း

စိုက်ပျိုးမည့်မြေအား မီးသင်းခြ င်း (ပုရစ်ဖုတ်ခြင်း)၊ ပလပ်စတစ်အုပ်၍ နေရောင်ခံစေ၊ ရေနွေးငွေ့လွှတ်ခြင်း၊ ရေလွှမ်းပေးခြင်း၊ ဓာတုဆေးများ (ဖော်မလင်၊ ကက်ပတင်၊ဖျူရာဒန်) အသုံးပြုခြင်းဖြင့် မြေဆောင်ရောဂါကို သုတ်သင်နှိမ်နင်းနိုင်သည်။

ဥပမာ။ ။ ရေလွှမ်းပေးခြင်းဖြင့် အာလူးပင်ညှိုးရောဂါကို ကာကွယ်နိုင်ပါသည်။

(ဃ) ဇီဝနည်းဖြင့် သုတ်သင်ခြင်း

မြေတွင်းရှိ အချို့သောသက်ရှိများသည် အပင်ရောဂါဖြစ်စေသော မြေတွင်းသက်ရှိများကို နှောင့်ယှက်တိုက်ခိုက်ခြင်းဖြင့် သုတ်သင်နှိမ်နင်းနိုင်သည်။ အထူးသဖြင့် အမြစ်ရောဂါများကိုကို ကာကွယ်နှိမ်နင်းရန် အသုံးပြုသည်။

ဥပမာ။ ။ ထရိုင်ခိုဒါးမားမှိုအား ထည့်သွင်းခြင်းဖြင့် ငရုတ်ကောင်းပင်ခြေပုပ်ရောဂါကိုကာကွယ်နိုင်ပါသည်။

ကာကွယ်နှိမ်နင်းနည်း နံပတ် ၃ နဲ့ ၄ ကို အပိုင်း (၂) တွင်ဖော်ပြပါဦးမည်။

 

Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်