အပင်ရောဂါ ကာကွယ်နှိမ်နင်းနည်းအခြေခံများ
အပင်ရောဂါကို ကာကွယ်နှိမ်နင်းရန် နည်းလမ်းပေါင်းများစွာရှိသည်။ ရောဂါဖြစ်ပွားသော အပင် (လက်ခံပင်)၊ ပတ်ဝန်းကျင် ရာသီဥတုအခြေအနေနှင့် ရောဂါဖြစ်စေသော သက်ရှိတို့ ပေါ်မူတည်၍ သင့်လျော်သော ကာကွယ်နှိမ်နင်းနည်းများကို သုံးရသည်။
အပင်ရောဂါ ကာကွယ်နှိမ်နင်းနည်းပေါင်းများစွာရှိသော်လည်း ကာကွယ်နှိမ်နင်းနည်း အခြေခံသဘောတရား (၄) မျိုးသာရှိသည်။
ယင်းတို့မှာ
- ၁။ ရောဂါမဝင်ရောက်စေရန် တားဆီးခြင်း
- ၂။ ရောဂါဖြစ်စေသော သက်ရှိများအား သုတ်သင်ဖယ်ရှားခြင်း
- ၃။ ရောဂါဖြစ်ခြင်းမှ ကာကွယ်ခြင်းနှင့်
- ၄။ ရောဂါဒဏ်ခံနိုင်ရည်ရှိစေခြင်း တို့ဖြစ်သည်။
၁။ ရောဂါမဝင်ရောက်စေရန် တားဆီးခြင်း
ရောဂါဖြစ်စေသော သက်ရှိကို အခြားအရပ်ဒေသတစ်ခုသို့ ကူးစက်ပျံ့နှံ့ခြင်း မဖြစ်အောင် တားဆီးခြင်းဖြစ်သည်။ ဤနည်းသည် မျိုးစေ့၊ မျိုးကိုင်းစသော အပင်အင်္ဂါအစိတ်အပိုင်းများဖြင့် ပျံ့နှံ့သော ရောဂါများကို ထိရောက်စွာ ကာကွယ်နိုင်သည်။ သို့ရာတွင် လေနှင့် ရေတို့ဖြ င့် ပျံ့နှံ့သော ရောဂါများကိုမူ ထိရောက်စွာ မကာကွယ်နိုင်ပါ။ ရောဂါမဝင်နိုင်ရန်တားဆီးရာတွင် အောက်ပါနည်းများကို အသုံးပြုနိုင်ပါသည်။
(က) စိုက်ပျိုးမည့် အင်္ဂါအစိတ်အပိုင်းများကို စီရင်ကုသခြ င်း
မျိုးစေ့ကို ဓာတုဆေးမှုန့်ဖြ င့် လူးနယ်၍လည်းကောင်း၊ ဆေးရည်စိမ်၍လည်းကောင်းစိုက်ကြသည်။ အချို့ရောဂါများတွင် မျိုးစေ့ဆောင် ရောဂါဖြစ်စေသော သက်ရှိများကို သေစေရန်၊ အပူချိန် ၁၃၂ ဒီဂရီဖာရင်ဟိုက် (၅၅ ဒီဂရီ ဆဲဆီးယပ်စ်)ရှိသော ရေနွေးပူတွင် မျိုးစေ့များကိုစိမ်၍ စိုက်ကြသည်။
ဥပမာ။ ။ ကြံအူနီ ရောဂါကို ကာကွယ်ရန်အတွက် ကြံဆစ်ပိုင်းကို ရေနွေးပူ ၅၂ ဒီဂရီဆဲဆီးယပ်စ်တွင် ၁၈ မိနစ်စိမ်၍ ပြန်လည်ဆယ်ယူပြီး အအေးခံ၍ စိုက်ပါ။
(ခ) စိုက်ပျိုးမည့် အင်္ဂါအစိတ်အပိုင်းများကို စစ်ဆေးခြင်း
(၁) စစ်ဆေးပြီးကြောင်း လက်မှတ်ထုတ်ပေးခြ င်း
စိုက်ပျိုးမည့် အစိတ်အပိုင်းများတွင် ရောဂါဖြစ်စေသော သက်ရှိ ပါ၊ မပါကို တာဝန်ရှိသူများက စမ်းသပ်စစ်ဆေး၍ မပါရှိပါက ရောဂါကင်းကြောင်း လက်မှတ်ထုတ်ပေးသည်။
ဥပမာ။ ။ ပဲဗိုင်းရပ်ရောဂါ တားဆီးထိန်းသိမ်းပေးခြင်း
(၂) တားဆီးထိန်းသိမ်းထားခြင်း
အပင်အစိတ်အပိုင်းများကို နိုင်ငံခြားမှဖြစ်စေ၊ နိုင်ငံတွင်း ပြည်နယ်တစ်ခုမှ တစ်ခုသို့ ဖြစ်စေ၊ သယ်ယူလျှင် လေဆိပ်၊ သင်္ဘောတို့၌ သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးပြီးမှ သယ်ယူခွင့်ပြုခြင်းဖြစ်သည်။ ရောဂါရှိနေပါက ဆေးစီရင်ပေးခြင်း သို့မဟုတ် ဖျက်ဆီးခြင်းပြုလုပ်ရသည်။
ဥပမာ။ ။ ကြံမျိုးဆစ်ပိုင်းများအား အခြားဒေသသို့ သယ်ယူပို့ကောင်ရာတွင် ကြံအူနီရောဂါရှိ/မရှိ စစ်ဆေးပြီး ရောဂါကင်းရှင်းမှသာလျှင် ခွင့်ပြုခြင်းဖြ င့် အခြားအရပ်ဒေသသို့ ရောဂါမပျံ့ပွားရန် တားဆီးကာကွယ်နိုင်ပါသည်။

၂။ ရောဂါဖြစ်စေသော သက်ရှိများအား သုတ်သင်ဖယ်ရှားခြ င်း
အပင်ရောဂါဖြစ်စေသော သက်ရှိကို ရောဂါဖြစ်ရာကနေ နေရာဒေသမှ အ ပြီးအပိုင်သုတ်သင်ဖယ်ရှားခြင်းဖြင့် ရောဂါထပ်မံမဖြစ်ပွားအောင် ပပျောက်စေခြင်း ဖြစ်သည်။ ဤသို့ သုတ်သင်ဖယ်ရှားရန် အောက်ပါနည်းများကို အသုံးပြုသည်။
(က) ရောဂါဖြစ်စေသောသက်ရှိအား လက်ခံနိုင်မည့်အပင်များကို သုတ်သင်ဖယ်ရှားခြင်း
အချို့ရောဂါဖြစ်စေသောသက်ရှိများသည် အပင်မျိုးစိတ်တစ်မျိုးထက်ပို၍ တိုက်ခိုက်ရောဂါဖြစ်ပွားစေနိုင်သည်။ အလားတူ ရောဂါဖြစ်စေသော သက်ရှိသည် သီးနှံပင်များတွင်သာမက သီးနှံမဟုတ်သည့် ပေါင်းပင်များ၌လည်း ရောဂါကျရာက်စေနိုင်သည်။ ဤသို့အပင်များအားဖယ်ရှားခြင်းဖြင့် ရောဂါဖြစ်စေ သက်ရှိကိုလည်း သုတ်သင်ဖယ်ရှားနိုင်သည်။
ဥပမာ။ ။ စပါးဂုတ်ကျိုးရောဂါဖြစ်စေသော မှိုခိုအောင်းနိုင်သော ပေါင်းမြက်များကိုရှင်းလင်းခြင်း။
(ခ) သီးနှံအလှည့်ကျစိုက်ပျိုးခြင်း
ရောဂါဖြစ်စေသော သက်ရှိက တိုက်ခိုက်ဖျက်ဆီးခြင်း မပြုနိုင်သော သီးနှံများကို အလှည့်ကျစိုက်ပျိုးခြင်းဖြင့် ရောဂါဖြစ်စေသော သက်ရှိအတွက် လိုအပ်သော အစာအာဟာရများ ပြတ်လပ်စေခြင်းဖြင့် ရောဂါဖြစ်စေသောသက်ရှိကို သုတ်သင်ဖယ်ရှားနိုင်သည်။ ဤနည်းသည်ဓာတုဆေးဖြင့် ထိရောက်စွာ မကာကွယ်နိုင်သော ရောဂါများအတွက် အသုံးပြုရန် ကောင်းသောနည်းဖြစ်သည်။
ဥပမာ။ ။ စပါးနှင့်ဂုန်လျှော်ကို အလှည့်ကျစိုက်ပျိုးခြင်းဖြင့် စပါးနီမတုတ်လောင်မီးရောဂါကို ကာကွယ်နိုင်ပါသည်။
(ဂ) အပူချိန်နှင့် ဓာတုဆေးတို့ဖြင့် စီရင်ခြင်း
စိုက်ပျိုးမည့်မြေအား မီးသင်းခြ င်း (ပုရစ်ဖုတ်ခြင်း)၊ ပလပ်စတစ်အုပ်၍ နေရောင်ခံစေ၊ ရေနွေးငွေ့လွှတ်ခြင်း၊ ရေလွှမ်းပေးခြင်း၊ ဓာတုဆေးများ (ဖော်မလင်၊ ကက်ပတင်၊ဖျူရာဒန်) အသုံးပြုခြင်းဖြင့် မြေဆောင်ရောဂါကို သုတ်သင်နှိမ်နင်းနိုင်သည်။
ဥပမာ။ ။ ရေလွှမ်းပေးခြင်းဖြင့် အာလူးပင်ညှိုးရောဂါကို ကာကွယ်နိုင်ပါသည်။
(ဃ) ဇီဝနည်းဖြင့် သုတ်သင်ခြင်း
မြေတွင်းရှိ အချို့သောသက်ရှိများသည် အပင်ရောဂါဖြစ်စေသော မြေတွင်းသက်ရှိများကို နှောင့်ယှက်တိုက်ခိုက်ခြင်းဖြင့် သုတ်သင်နှိမ်နင်းနိုင်သည်။ အထူးသဖြင့် အမြစ်ရောဂါများကိုကို ကာကွယ်နှိမ်နင်းရန် အသုံးပြုသည်။
ဥပမာ။ ။ ထရိုင်ခိုဒါးမားမှိုအား ထည့်သွင်းခြင်းဖြင့် ငရုတ်ကောင်းပင်ခြေပုပ်ရောဂါကိုကာကွယ်နိုင်ပါသည်။
ကာကွယ်နှိမ်နင်းနည်း နံပတ် ၃ နဲ့ ၄ ကို အပိုင်း (၂) တွင်ဖော်ပြပါဦးမည်။
Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Myint Than
လွန်ခဲ့သော ၂ နှစ် ကကာကွယ်နှိမ်နင်းနည်းနံပတ်၃နဲ့၄ကိုဖော်ပြပေးပါအုံး
ဆက်စပ်မေးခွန်းများ
ပြောင်းခင်း ငမြောင်တောင်ကျနေတာဘာဆေးဖျန်းရမလဲ
cherry lay • ဖြေကြားချက် 2 ခု
မွှားပင့်ကူနီ ကိုဘာဆေးသုံးရမလဲ
ayeminhtet • ဖြေကြားချက် 1 ခု
အနှံထွက်ပြိးနောက်ပိုင်းdifenoconazole+astrobinနှစ်ကြိမ်ဖြန်းထားတယ်ဗျထက်ဖြန်းဖို့လိုသေးလားဗျ
သူရစိုး • ဖြေကြားချက် 3 ခု
ကွမ်းရွတ်အောက်မှာ ဒီပိုးကောင်းတွေကို တွေ့ရပါတယ် ဘာပိုးလို့ ခေါ်ပါသလဲ ဘယ်လိုနှိမ်နှင်းရမလဲ အမိုးက တမာရွတ်မိုးပါ
Khing Hein • ဖြေကြားချက် 2 ခု
ဆရာရေ ကျနော့်ကွမ်းပင်က စဖြစ်တာက ပင်ခြေကမဲပြီး အစိမ်းအတိုင်းညိုးပါတယ် နှုတ်လိုက်တဲ့အမြစ်ဆုံက ပုံပါအတိုင်းပါ နှုတ်လိုက်အပင်ရဲ့ဘေးတိုင်မှာစပြီး အရွက်ပုပ်ပါတယ် ကျနော့်ကွမ်းခြံနဲ့ ခန့်မှန်းခြေ ပေ50အကွာသူများခြံမှာ အဲ့လိုဖြစ်ပြီး တစ်ခြံလုံးသေကုန်ပါပြီ ကျနော့်ခြံက ခုမှစဖြစ်တာပါ လေကနေတဆင့် ကူးနိုင်တာလားကျနော့်ဆီမှာရှိတဲ့ဆေးတွေ ပုံပါအတိုင်းပါ ဘယ်ဆေးက ထိရောက်မှုရှိပြီး ဘယ်လိုဖျန်းရမလဲဆရာခင်ဗျ ကုသလို့ရနိုင်ပါသေးလားဗျ အိုဆိုလိုနစ်/ကော့ပါးအောက်ဆီကလိုရိုက်/ကာဆူကာမိုင်စင်/ဟိုင်မီဇာဇိုး/ဒိုင်ဖီနိုကိုနာဇိုး/အဇိုစီစထရိုဘင် စတဲ့ဆေးတွေဝယ်ထားတာရှိပါတယ်
Zaw Myo Win • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....