Green Way app ရှိ ‘နေ့စဉ်ဈေးနှုန်းများ’ ကဏ္ဍထဲတွင် ရန်ကုန်/ မန္တလေးဈေးကွက်မှာရှိတဲ့ စပါး၊ ပဲ၊ နှမ်း၊ပြောင်း ကြက်သွန်စတဲ့ သီးနှံဈေးနှုန်းများအပြင် တနင်္သာရီ တိုင်းဈေးကွက်မှ ဝဥ၊ ရာဘာ၊ ကွမ်းသီးဈေးနှုန်းများအထိ ရရှိဖော်ပြနေပြီပဲဖြစ်ပါတယ်။
ဒါ့အပြင် ရန်ကုန် ရွှေပိတောက်ဈေးမှာရှိတဲ့ သားငါးဈေးနှုန်းများကိုလည်း ကြည့်ရှုနိုင်နေပါပြီ။
ယခုပဲမျိုးစုံ ဈေးနှုန်းတွေကိုတော့ စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများအတိုင်း ပြန်လည်ဖော်ပြခြင်းပဲဖြစ်ပါတယ်။
- မတ်ပဲ(အက်ဖ်အေကျူ၊အာစီ) (၂၀၂၂) ၃၅၀၀၀၀၀ ကျပ်
- မတ်ပဲ(အက်စ်ကျူ၊အာစီ) (၂၀၂၂) ၃၇၇၀၀၀၀ ကျပ်
- ပဲစင်းငုံနီ(အာစီ) (၂၀၂၃)၄၁၉၇၀၀၀ ကျပ်
- ကုလားပဲဖြူလုံး) ၄၇၅၀ မှ ၄၈၃၅ ကျပ်
- ကုလားပဲဖြူလုံးကြီး ၄၉၁၅ မှ ၅၀၀၀ ကျပ်
- စားတော်ပဲလုံး ၆၁၆၅ မှ ၆၆၇၀ ကျပ်
- စွန်တာနီ၊ပြာ ၃၂၁၅ မှ ၃၃၀၅ ကျပ်
- ထောပတ်ပဲ 7130 ကျပ်
- ပဲကြီး(ရွှေကျွန်း) ၆၉၀၀ မှ ၇၀၈၀ ကျပ်
- ပဲကြီး(ကုန်း) ၆၀၈၅ မှ ၆၂၆၅ ကျပ်
- ပဲတီစိမ်း(ခရမ်းရွှေ၀ါ) ၄၅၃၀ ကျပ်
- ပဲတီစိမ်း(ပဲခူးရွှေ၀ါ) ၄၄၆၅ ကျပ်
- ပဲတီစိမ်း(၀ါးခယ်မ) ၃၅၀၀ မှ ၃၈၃၅ ကျပ်
- ပြောင်းဆံ ၁၁၄၀ မှ ၁၁၆၀ ကျပ်
- ပဲလွန်းဖြူ (ပဲခူး) ၃၉၁၅ မှ ၄၀၀၀ ကျပ်
- ပဲလွန်းဖြူ(မြစ်၀ကျွန်းပေါ်) ၃၆၁၅ မှ ၃၇၅၀ ကျပ်
- ပဲလွန်းနီ(မြစ်၀ကျွန်းပေါ်) ၄၂၁၅မှ ၄၂၅၀ ကျပ်
- ဘိုကိတ်ပဲ ၃၉၁၅ မှ ၄၀၀၀ ကျပ်
- ကုလားပဲခြမ်း ၆၃၈၀ မှ ၆၆၀၀ ကျပ်
- ပဲပုပ် (မြစ်၀ကျွန်းပေါ်) ၃၁၆၅ မှ ၃၂၂၀ ကျပ်
- ပဲပုပ် (မြစ်၀ကျွန်းပေါ်)(အထွက်တိုး) ၃၀၈၀ မှ ၃၁၇၀ ကျပ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်