ပျားမွေးမြူရေးတွင်အလွန်အရေးကြီးသော ဆောင်းဒဏ်ကာကွယ်ခြင်းအကြောင်း

27/12/2021 12:30 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

    ဆောင်းဒဏ်ကာကွယ်ခြင်းမှာ ပျားမွေးမြူရာတွင် အလွန်အရေးကြီးပါသည်။ ဆောင်းဒဏ်ကြောင့် ပျားများ သေကြေကုန်ပါက အချိန်ကုန်လူပန်းဖြစ်ရပြီး မည်သို့မျှ အကျိုးရှိမည် မဟုတ်ပေ။ ပျားအုံထဲ၌ ကိုယ်ငွေ့အနွေးဒဏ်ကို အလုံအလောက်ထုတ်ပေးနိုင်မည့် ပျားကောင်ရေအလုံအလောက် ရှိရုံမျှမက ဆောင်းတွင်းအခါစားသုံးရန် အစာများလုံလောက်စွာ ရှိပြီဆိုပါက ဆောင်းရာသီဒဏ်ကို ခံနိုင်စေရန် ပျားအုံကို ကောင်းစွာ ပြုပြင်ပေးနိုင်ပြီ ဖြစ်သည်။ 

   ပထမဦးစွာ ပျားအိမ်ဘောင်များပေါ်တွင် သစ်သားချောင်းကလေးများကို ကန့်လန့်ဖြတ်လိုက်၍ တင်ပေးရပါမည်။ ထိုသစ်သားချောင်းကလေးများပေါ်မှ ပျားများကို နွေးစေရန် စောင်ခြုံပေးသကဲ့သို့ သက္ကလပ်စ တစ်ခုဖြင့်အုပ်ပေးရပါမည်။ ဤသို့ဖြင့် အိမ်ဘောင်များနှင့် သက္ကလပ်စကြားတွင် နေရာလပ်ကလေးများ ဖြစ်ပေါ်နေပါမည်။ ထိုနေရာလပ်ကလေးများမှ ပျားများသည် ပျားအိမ်ဘောင် တစ်ခုမှတစ်ခုသို့ တဖြည်းဖြည်း လျှောက်သွားနိုင်ပါသည်။

   ထိုကဲ့သို့ နေရာလပ်ကလေးများ မပြုလုပ်ထားပါက ပျားများ တစ်ဘောင်မှတစ်ဘောင်သို့ ကူးရာတွင် ပျားအိမ်ဘောင် အောက်ဘက်မှ ကူးကြရသည်။ ထိုအခါ ပြင်းထန်သော အအေးဒဏ်ကြောင့် ပျားများသေဆုံးနိုင်ပါသည်။ ပျားအုံထဲတွင် ထိပ်ဆုံးအပိုင်းမှာ အနွေးဆုံးဖြစ်သည်။ ထို့ပြင် ပျားအုံကို ပို၍ ခြောက်သွေ့မှုရှိစေရန် သက္ကလပ်စ အပေါ်မှ ဂုန်နီအိတ်စတစ်ခုကို ဖြန့်တင်ပေးရပါမည်။ ပျားအုံအပြင်ဘက်ရှိ အမိုးကိုလည်း လေတိုက်ရာတွင် လွင့်မပါသွားစေရန် ကြိုးဖြင့် ချည်ပေး ထားရပါမည်။ 

   နောက်ဆုံးတွင် ပျားအုံတစ်ဖက်သို့ စောင်းနေစေရန် ပျားအုံ၏ အောက်ခြေကို ခုပေးထားရပါမည်။ ဤသို့ဖြင့် အထဲသို့ဝင်လာသည့် နှင်းရည်များသည် ပျားအုံထဲတွင် မနေနိုင်ဘဲ အပြင်သို့ပြန်ထွက်ကုန်သည်။ ပျားအုံထဲတွင် ခြောက်သွေ့နေမှသာ ပျားများကျန်းမာ သန်စွမ်းမှု ရှိပေမည်။

   ဆောင်း၏အအေးဒဏ် ပို၍လွန်ကဲလာသည့်အခါ ပျားအုံထဲရှိ ပျားများသည် တစ်ကောင်နှင့်တစ်ကောင် ပူးကပ်စွာ နေတတ်ကြသည်။ အခန်းများထဲတွင် ထည့်ထားသော ပျားရည်များကို ပျားအုံတစ်အုံလုံး နွေးစေရန် ကိုယ်ငွေ့အပူဓာတ်များ ထုတ်ပေးကြသည်။ အစာများကို လျှင်မြန်စွာ မစားဘဲ ဖြည်းညင်းစွာ စားကြသည်။ ပျားအိမ်ဘောင်တစ်ခုတွင် ပျားရည်ကုန်သွားသည်နှင့် နောက်တစ်ဘောင်သို့ ကူးပြောင်း၍ ပျားရည်များကို စားကြသည်။ ဤကဲ့သို့ ပျားရည်များကို ထုတ်ယူစားရာတွင် အပေါ်မှ ပျားဖယောင်း အဖုံးများကို လုပ်သားပျားများက ဖွင့်ပေးကြရာ ပျားဖယောင်းအဖုံးအခွံကလေးများကိုပျားအုံ၏ အောက်ဘက်ကြမ်းပြင်ပေါ်တွင် တွေ့ရတတ်သည်။ 

   တဆောင်းတွင်းလုံးပင် ပျားမွေးမြူသူများသည် ပျားအုံ၏ အခြေအနေကို မပြတ်ကြည့်နေရသည်။ပျားအုံအဖုံးကို မ၍ ကြည့်ခြင်းအားဖြင့် အထဲတွင်ရှိနေသော ပျားရည်ပမာဏကို မှန်းဆနိုင်ပါသည်။

   ပျားရည်နည်းနေသည်ဟု ယူဆပါက သကြားလုံးများပြုလုပ်ပြီး ပျားအုံထဲသို့ ထည့်ပေးကြပါသည်။

မှီငြမ်း- ဆရာဦးဝင်းတင်၏ “ပျားတို့ကမ္ဘာ” အကြောင်းမှ ကောက်နှုတ် ဖော်ပြပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်