ကွေးညွတ်မယ်

07/05/2020 17:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    အပင်တွေက တစ်ဖြောင့်တည်း သွားနေတာမျိုးမှ မဟုတ်တာလေ။ ကွေးတယ် ကောက်တယ် လိန်တယ်။ ဆိုတော့ကာ ဘယ်လိုပိန် ဘယ်လိုကွေးကြတယ်ဆိုတာကို လေ့လာကြည့်ကြရအောင်။ 

    (၁) ပထမဆုံးတစ်ခုက အလင်းရောင်နဲ့ လိုက်ပြီးတော့ ကွေးတယ်။ အဖုံးအကာမိနေတဲ့ အပင်ပေါက်လေးတွေက အလင်းရှိတဲ့ အပေါက်နားလေးတွေဆီကို တိုးထွက်လာကြတယ်။ ဦးတည်ကြတယ်လေ အဲ့ဒါကို မြင်ဖူးကြမှာပါ။ အဲ့လိုဖြစ်ရတဲ့ အကြောင်းရင်းကတော့ (၃) မျိုး ဖြစ်နိုင်ပါတယ် 

(က) အလင်းရောင်က အပင်ထဲမှာရှိတဲ့ အောက်ဇင်ဟော်မုန်းကို လှုံ့ဆော်ပေးလို့ 

(ခ) အလင်းရောင်က အောက်ဇင်ဟော်မုန်းကို ပျက်စီးစေလိုက်လို့ 

(ဂ) အရိပ်ဖက်မှာရှိတဲ့ အောက်ဇင်ဟော်မုန်းတွေကို အလင်းရောင်က သွားသွားပြီး သက်ရောက်မှုရှိလို့ဆိုတဲ့ အချက် ၃ ချက်ကိုတွေ့ရပါတယ်။ 

    အပင်ထဲမှာ အောက်ဇင်ဟော်မုန်းလေးတွေ ရှိပါတယ်။ သူတို့က အလင်းရောင်ကို ကြောက်တဲ့ သဘောရှိပါတယ်။ ပြီးတော့ သူတို့က အပင်ကြီးထွားဖို့ကို လှုံဆော်ပေးတဲ့ ဟော်မုန်းပါ။ နေရောင်ထိုးရင် အရိပ်ဖက်ကို ကပ်မယ်။ သူတို့ကပ်နေတဲ့ နေရာဖက်က ပိုရှည် ပိုကြီးလာတော့ အပင်ကကွေးသလို ဖြစ်သွားတော့တာပေါ့။ အဲ့ဒါက အပင်တွေက ကွေးသွားကြတာပေါ့။ ဒီအကြောင်းရင်းက တော်တော်များများမှာ တွေ့နိုင်ကြပါတယ်။ လမ်းလျှောက်ရင်း အပင်လေးတွေကြည့်ကြည့် နေရောင်ဖက်ကို လိုက်ကွေးတဲ့ အပင်လေးတွေရှိရင် အောက်ဇင်ဟော်မုန်းကြောင့်မို့လို့ ယူဆလိုက်လို့ရပါတယ်။ 

    (၂) နောက်တစ်ခုက Geotropism မြင်နိုင်တာလည်းရှိတယ် မမြင်ရတာလည်းရှိတယ်။ သူက မြေကြီးအနေအထားပေါ်မှာ မူတည်ပြီးတော့ အပင်တွေ ကွေးတာ ညွတ်တာကို ဆိုလိုပါတယ်။ မြင်နိုင်တဲ့ ပုံစံကတော့ ပန်းအိုးထဲမှာ အပင်စိုက်ထားတယ်။ အဲ့ပန်းအိုး ကလဲသွားတယ်ဆိုရင် အပင်က အလဲအတိုင်းပဲ မသွားပဲနဲ့ အပေါ်ကိုထောင်တက်လာတယ်လေ။ အဲ့ဒါကကျတော့ အလင်းဖက်ကို လိုက်တာ မဟုတ်ပဲနဲ့ အလင်းထဲမှာ ရှိနေသားနဲ့ ထောင်တက်လာတာပါ။ သူ့ကျတော့ မြေအနေအထားကိုလိုက်ပြီးတော့ အပင်တွေ ကွေးကြ ညွတ်ကြတာကို မြင်ရတဲ့ အနေအထားပါ။ မမြင်ရပေမဲ့ မှန်းကြည့်လို့ရတဲ့ အနေအထားတစ်ခုက မျိုးစေ့ကနေ အပင်ပေါက်တာပါပဲ။ မျိုးစေ့ကို ဘယ်လိုချချ ပက်လက်ချချ မှောက်ခုံပဲချချ အချိန်တန်ရင် အမြစ်က မြေကြီးထဲဝင်သွားတယ် အညွှန့်က အပေါ်ကို တက်လာတယ်။ အဲ့ဒါက မြေကြီးကြောင့်ပါပဲ။ ကမ္ဘာမြေဆွဲအားက အမြစ်ကိုဆွဲပြီးတော့ အညွှန့်တွေကို အပေါ်ကို တက်စေပါတယ်။ 

    (၃) နောက်တစ်ချက်က ရေရှိတဲ့ဖက်ကို ကွေးညွတ်ခြင်းပါပဲ။ ရေစုပ်တာက အမြစ်တွေရဲ့ တာဝန်လေ။ ဒီတော့ ဒီကိစ္စက အမြစ်တွေနဲ့ အများကြီး ဆိုင်တာပေါ့။ ကန်စွန်းပင်တွေဆိုလည်း ရေစပ်စပ်ရှိတဲ့ဖက်ကို ကွေးလာကြတာပဲ။ အမြစ်တွေဆိုလည်း ရေရှိတဲ့ဖက်နဲ့ မရှိတဲ့ဖက်ဆိုရင် ရေရှိတဲ့ဖက်မှာ အမြစ်တွေက ပိုပြီး ပွားများနေတာကို တွေ့ရမှာပါ။ ဒါကကျတော့ အသက်ရှင်ဖို့အတွက် ကွေးညွတ်ခြင်းပါပဲ။

 (၄) ထိတွေ့မှု့ Thigmotropism ပါ။ ဂရိဘာသာအရ thigma က ထိတွေ့ခြင်း လို့ အဓိပ္ပာယ်ရပါတယ်နော်။ အသိသာဆုံးက နွယ်ပင်တွေပါပဲ။ တက်တယ် ထိရင် ရှောင်သွားကြတယ်။ အပင်ကြီးတွေလည်း အဲ့လိုပဲနော် ထိုးဖောက်သွားတယ်ဆိုတာ မရှိပါဘူး။ ကြီးလာလို့ပဲ မြေက ကွဲတယ် အက်တယ်ဆိုတာ ရှိလာတယ်။ အကွဲကြောင်းလေးတွေဆိုလည်း ရှောင်ရှားဝင်ရောက်ကြတယ်။ သူကကျတော့ ထိတွေ့မှု့ကြောင့် အပင်တွေကွေးတယ် ညွတ်တဲ့ ဖြစ်စဉ်မျိုးပါ။ 

    အမျိုးအစား ၄ မျိုးရှိတယ် အဲ့ထဲကမှ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နိုင်လဲ။ ပြီးတော့ ကိုယ့်စိုက်ခင်းမှာ ဘယ်လိုအသုံးချလို့ရ၊ ကိုယ့်အလှစိုက်ခင်းတွေမှာ ဘယ်လိုသုံးလို့ရတယ်ဆိုတာကို တီထွင် ကြံဆနိုင်ကြပါစေသားလို့ စေတနာနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ 

Reference 

Introduction to physiology of plant pdf, Department of Agricultural Botany,Yezin Agricultural University.


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်