ကွေးညွတ်မယ်
အပင်တွေက တစ်ဖြောင့်တည်း သွားနေတာမျိုးမှ မဟုတ်တာလေ။ ကွေးတယ် ကောက်တယ် လိန်တယ်။ ဆိုတော့ကာ ဘယ်လိုပိန် ဘယ်လိုကွေးကြတယ်ဆိုတာကို လေ့လာကြည့်ကြရအောင်။
(၁) ပထမဆုံးတစ်ခုက အလင်းရောင်နဲ့ လိုက်ပြီးတော့ ကွေးတယ်။ အဖုံးအကာမိနေတဲ့ အပင်ပေါက်လေးတွေက အလင်းရှိတဲ့ အပေါက်နားလေးတွေဆီကို တိုးထွက်လာကြတယ်။ ဦးတည်ကြတယ်လေ အဲ့ဒါကို မြင်ဖူးကြမှာပါ။ အဲ့လိုဖြစ်ရတဲ့ အကြောင်းရင်းကတော့ (၃) မျိုး ဖြစ်နိုင်ပါတယ်
(က) အလင်းရောင်က အပင်ထဲမှာရှိတဲ့ အောက်ဇင်ဟော်မုန်းကို လှုံ့ဆော်ပေးလို့
(ခ) အလင်းရောင်က အောက်ဇင်ဟော်မုန်းကို ပျက်စီးစေလိုက်လို့
(ဂ) အရိပ်ဖက်မှာရှိတဲ့ အောက်ဇင်ဟော်မုန်းတွေကို အလင်းရောင်က သွားသွားပြီး သက်ရောက်မှုရှိလို့ဆိုတဲ့ အချက် ၃ ချက်ကိုတွေ့ရပါတယ်။
အပင်ထဲမှာ အောက်ဇင်ဟော်မုန်းလေးတွေ ရှိပါတယ်။ သူတို့က အလင်းရောင်ကို ကြောက်တဲ့ သဘောရှိပါတယ်။ ပြီးတော့ သူတို့က အပင်ကြီးထွားဖို့ကို လှုံဆော်ပေးတဲ့ ဟော်မုန်းပါ။ နေရောင်ထိုးရင် အရိပ်ဖက်ကို ကပ်မယ်။ သူတို့ကပ်နေတဲ့ နေရာဖက်က ပိုရှည် ပိုကြီးလာတော့ အပင်ကကွေးသလို ဖြစ်သွားတော့တာပေါ့။ အဲ့ဒါက အပင်တွေက ကွေးသွားကြတာပေါ့။ ဒီအကြောင်းရင်းက တော်တော်များများမှာ တွေ့နိုင်ကြပါတယ်။ လမ်းလျှောက်ရင်း အပင်လေးတွေကြည့်ကြည့် နေရောင်ဖက်ကို လိုက်ကွေးတဲ့ အပင်လေးတွေရှိရင် အောက်ဇင်ဟော်မုန်းကြောင့်မို့လို့ ယူဆလိုက်လို့ရပါတယ်။
(၂) နောက်တစ်ခုက Geotropism မြင်နိုင်တာလည်းရှိတယ် မမြင်ရတာလည်းရှိတယ်။ သူက မြေကြီးအနေအထားပေါ်မှာ မူတည်ပြီးတော့ အပင်တွေ ကွေးတာ ညွတ်တာကို ဆိုလိုပါတယ်။ မြင်နိုင်တဲ့ ပုံစံကတော့ ပန်းအိုးထဲမှာ အပင်စိုက်ထားတယ်။ အဲ့ပန်းအိုး ကလဲသွားတယ်ဆိုရင် အပင်က အလဲအတိုင်းပဲ မသွားပဲနဲ့ အပေါ်ကိုထောင်တက်လာတယ်လေ။ အဲ့ဒါကကျတော့ အလင်းဖက်ကို လိုက်တာ မဟုတ်ပဲနဲ့ အလင်းထဲမှာ ရှိနေသားနဲ့ ထောင်တက်လာတာပါ။ သူ့ကျတော့ မြေအနေအထားကိုလိုက်ပြီးတော့ အပင်တွေ ကွေးကြ ညွတ်ကြတာကို မြင်ရတဲ့ အနေအထားပါ။ မမြင်ရပေမဲ့ မှန်းကြည့်လို့ရတဲ့ အနေအထားတစ်ခုက မျိုးစေ့ကနေ အပင်ပေါက်တာပါပဲ။ မျိုးစေ့ကို ဘယ်လိုချချ ပက်လက်ချချ မှောက်ခုံပဲချချ အချိန်တန်ရင် အမြစ်က မြေကြီးထဲဝင်သွားတယ် အညွှန့်က အပေါ်ကို တက်လာတယ်။ အဲ့ဒါက မြေကြီးကြောင့်ပါပဲ။ ကမ္ဘာမြေဆွဲအားက အမြစ်ကိုဆွဲပြီးတော့ အညွှန့်တွေကို အပေါ်ကို တက်စေပါတယ်။
(၃) နောက်တစ်ချက်က ရေရှိတဲ့ဖက်ကို ကွေးညွတ်ခြင်းပါပဲ။ ရေစုပ်တာက အမြစ်တွေရဲ့ တာဝန်လေ။ ဒီတော့ ဒီကိစ္စက အမြစ်တွေနဲ့ အများကြီး ဆိုင်တာပေါ့။ ကန်စွန်းပင်တွေဆိုလည်း ရေစပ်စပ်ရှိတဲ့ဖက်ကို ကွေးလာကြတာပဲ။ အမြစ်တွေဆိုလည်း ရေရှိတဲ့ဖက်နဲ့ မရှိတဲ့ဖက်ဆိုရင် ရေရှိတဲ့ဖက်မှာ အမြစ်တွေက ပိုပြီး ပွားများနေတာကို တွေ့ရမှာပါ။ ဒါကကျတော့ အသက်ရှင်ဖို့အတွက် ကွေးညွတ်ခြင်းပါပဲ။
(၄) ထိတွေ့မှု့ Thigmotropism ပါ။ ဂရိဘာသာအရ thigma က ထိတွေ့ခြင်း လို့ အဓိပ္ပာယ်ရပါတယ်နော်။ အသိသာဆုံးက နွယ်ပင်တွေပါပဲ။ တက်တယ် ထိရင် ရှောင်သွားကြတယ်။ အပင်ကြီးတွေလည်း အဲ့လိုပဲနော် ထိုးဖောက်သွားတယ်ဆိုတာ မရှိပါဘူး။ ကြီးလာလို့ပဲ မြေက ကွဲတယ် အက်တယ်ဆိုတာ ရှိလာတယ်။ အကွဲကြောင်းလေးတွေဆိုလည်း ရှောင်ရှားဝင်ရောက်ကြတယ်။ သူကကျတော့ ထိတွေ့မှု့ကြောင့် အပင်တွေကွေးတယ် ညွတ်တဲ့ ဖြစ်စဉ်မျိုးပါ။
အမျိုးအစား ၄ မျိုးရှိတယ် အဲ့ထဲကမှ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နိုင်လဲ။ ပြီးတော့ ကိုယ့်စိုက်ခင်းမှာ ဘယ်လိုအသုံးချလို့ရ၊ ကိုယ့်အလှစိုက်ခင်းတွေမှာ ဘယ်လိုသုံးလို့ရတယ်ဆိုတာကို တီထွင် ကြံဆနိုင်ကြပါစေသားလို့ စေတနာနဲ့ တင်ဆက်ပေးလိုက်ပါတယ်။
Reference
Introduction to physiology of plant pdf, Department of Agricultural Botany,Yezin Agricultural University.
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
ဘာဆေးသုံးရင်ကောင်းမလည်း
အောင်သန်းဦး • ဖြေကြားချက် 1 ခု
အမေးကဏ္ဌတော့မဟုတ်ပါဘူးကျေးဇူးတင်ကြောင်းလေးပြောခြင်လို့ပါ..သိခြင်တာလေးတွေမေးပြီးပတ်တာအထွက်နုန်းသိသိသာသာတိုးလို့ပါ...မေးသမျှဖြေကြားပေးတဲ့စိုက်ပျိုးရေးအသိပညာရှင်များကိုကျေးဇူးအထူးတင်ပါတယ်ဗျာ....
သန်းထိုက်အောင် • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026