သစ်ကြံပိုးရဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများ

16/06/2022 11:00 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

 

သစ်ကြံပိုးဆိုတာ လူကြိုက်များတဲ့ ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင် တစ်မျိုးဖြစ်ပါတယ်။ အရသာပြည့်စုံပြီး ကောင်းမွန်တဲ့ ရနံ့ရှိတဲ့အတွက် အစားအစာတွေ ချက်ပြုတ်ရာမှာ အသုံးပြုကြတာဖြစ်ပြီး အထူးသဖြင့် အဖျော်ယမကာ၊ မုန့်ဖုတ်တဲ့နေရာတွေနဲ့ ဟင်းလျာချက်ပြုတ်ရာမှာ မကြာခဏထည့်သွင်း အသုံးပြုကြတာ ဖြစ်ပါတယ်။ 

ဒါ့အပြင် သစ်ကြံပိုးအခေါက်ကို ပေါင်းခံပြီးနောက် ရရှိလာတဲ့အဆီတွေကို အစားအသောက်၊ ဖျော်ရည်၊ ဆပ်ပြာ၊ ရေမွှေးနဲ့ ဆေးဝါးတွေ ဖော်စပ်ရာမှာလည်း အသုံးပြုကြပါတယ်။ 

သစ်ကြံပိုးအမှုန့်ဟာလည်း အသားအရေအတွက် ကောင်းကျိုးရှိပြီး အထူးသဖြင့် အသားအရေခြောက်သွေ့မှုနဲ့  ဝက်ခြံ၊ ဆားဝက်ခြံတွေ ထွက်ရှိမှုကို သက်သာပျောက်ကင်းစေနိုင်တာ ဖြစ်ပါတယ်။ သစ်ကြံပိုးကို အခြေခံပြီးတော့ ကျန်းမာရေးဆိုင်ရာ ဆေးဝါးတွေလည်း ထုတ်လုပ်ကြပြီး အမှုန့် (powder)၊ အခဲ (tablet)၊ အတောင့် (capsule) စသည်ဖြင့် ပုံစံမျိုးစုံရှိပါတယ်။ 

အများသိပြီးသားဖြစ်တဲ့ ကရဝေး၊ မှန်သင်း၊ နလင်ကျော် စတဲ့အပင်တွေဟာလည်း သစ်ကြံပိုးမျိုးရင်းဝင် အပင်တွေဖြစ်ပါတယ်။ သစ်ကြံပိုးရဲ့ မူရင်း‌ဒေသတွေက သီရိလင်္ကာ၊ အိန္ဒိယကမ်းရိုးတန်းဒေသတွေနဲ့ မြန်မာနိုင်ငံတို့ပဲ ဖြစ်ပါတယ်။ သစ်ကြံပိုးခေါက်ကနေ ရရှိနိုင်မယ့် ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကို ယခုဆောင်းပါးမှာ လေ့လာရမှာ ဖြစ်ပါတယ်။ 

အာဟာရဓာတ်များ ရရှိစေနိုင်ခြင်း  

သစ်ကြံပိုးအမှုန့် ထမင်းစားဇွန်း ၁ ဇွန်းမှာ ကယ်လိုရီ ၂၀၊ ကာဗိုဟိုက်ဒရိတ် ၆ ဂရမ်နဲ့ အမျှင်ဓာတ် ၄ ဂရမ်ပါဝင်ပါတယ်။ သစ်ကြံပိုးဟာ ပရိုတင်းနဲ့ အဆီ ကြွယ်ဝတဲ့ အရင်းအမြစ်မဟုတ်ပေမယ့် ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဖော့စ်စဖောရပ်စ်နဲ့ ပိုတက်စီယမ် ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် သစ်ကြံပိုးမှာ အဓိကပါဝင်နေတဲ့ စင်နာမယ်လ်ဒီဟိုက် (Cinnamaldehyde) ဆိုတဲ့ ဓာတ်ဟာ ကျန်းမာရေးနဲ့ ဇီဝဖြစ်ပျက်မှုများအပေါ်မှာ အစွမ်းထက်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။ 

ရောင်ရမ်းမှုများကို သက်သာစေခြင်း 

သစ်ကြံပိုးမှာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေနဲ့ ပိုလီဖီနော (polyphenol) ဓာတ်တွေပါဝင်တာကြောင့် ရောင်ရမ်းမှုတွေကို ဆန့်ကျင်ပေးနိုင်ပါတယ်။ ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင်အပင်တွေရဲ့ တူညီတဲ့အချက်တစ်ခုက နှလုံးရောဂါဖြစ်နိုင်ချေကို လျော့ချပေးနိုင်တဲ့ အစွမ်းထက်ဒြပ်ပေါင်းတွေ ပါဝင်နေတာ ဖြစ်ပါတယ်။ သစ်ကြံပိုးမှာ ပါဝင်နေတဲ့ Cinnamaldehyde ဆိုတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဟာ အနံ့အရသာကို ပေးစွမ်းနိုင်တဲ့ ဒြပ်ပေါင်းတစ်မျိုးဖြစ်ပြီး ရောင်ရမ်းမှုတွေကို ထိရောက်စွာ လျော့ချပေးနိုင်တာ ဖြစ်ပါတယ်။ 

Cinnamaldehyde ဟာ ရောင်ရမ်းမှုတွေကို လျှော့ချပေးနိုင်ရုံသာမက ခန္ဓာကိုယ်တွင်းမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကြီးထွားလာမှုနဲ့ ဆက်စပ်နေတဲ့ ဒြပ်ပစ္စည်းတွေကိုလည်း ပိတ်ဆို့တားဆီးနိုင်ပြီး ရောဂါများဖြစ်ပွားနိုင်မှုကိုလည်း လျှော့ချပေးမှာဖြစ်ပါတယ်။ သစ်ကြံပိုးကို ဟင်းလျာတွေချက်ပြုတ်ရာမှာ ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ အသုံးပြုခြင်းဖြင့် ခန္ဓာကိုယ်တွင်း နာတာရှည်ရောင်ရမ်းမှုတွေအပြင် နှလုံးကျန်းမာရေးကို ကောင်းမွန်လာစေဖို့လည်း ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ 

ဆီးချိုရောဂါ သက်သာစေခြင်း 

သစ်ကြံပိုးဟာ သွေးဖိအားကို လျှော့ချပေးနိုင်ပြီး အင်ဆူလင်တုန့်ပြန်မှုအားကောင်းစေကာ ဆီးချိုအပါအဝင် ၎င်းနဲ့ဆက်စပ်နေတဲ့ နောက်ဆက်တွဲ ပြဿနာတွေကိုပါ လျှော့ချပေးနိုင်တာ ဖြစ်ပါတယ်။ သွေးဖိအား လျှော့ချပေးနိုင်တယ်ဆိုတာ နှလုံးသွေးကြောစနစ်ကို ကာကွယ်ပေးနိုင်တာလည်း ဖြစ်ပါတယ်။ သစ်ကြံပိုးဟာ သွေးတွင်းသကြားဓာတ်တွေကို ၁၀ - ၂၉ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ဆီးချိုအပါအဝင် ၎င်းနဲ့ ဆက်စပ်တဲ့ ရောဂါတွေကို ကာကွယ်နိုင်ဖို့အတွက် သစ်ကြံပိုးအမှုန့်ကို နေ့စဥ် လက်ဖက်ရည်ဇွန်း ဇွန်းတဝက်ကနေ ၂ ဇွန်း ပုံမှန်အသုံးပြုခြင်းဖြင့် ကောင်းကျိုးတွေ ရရှိစေနိုင်မှာ ဖြစ်ပါတယ်။ 

ဦးနှောက်ကျန်းမာရေး ကောင်းမွန်စေခြင်း 

သစ်ကြံပိုးမှာ Cinnamaldehyde နဲ့ Epicatechin ကဲ့သို့ ဒြပ်ပေါင်းတွေပါဝင်နေပြီး ပရိုတင်းကြီးထွားမှု အဟန့်အတားဖြစ်တဲ့အခါ ဖြစ်ပေါ်လေ့ရှိတဲ့ မှတ်ဉာဏ်ကျဆင်းမှု၊ ရူးသွပ်စေမှု၊ ပါကင်ဆန် (သို့မဟုတ်) အကြောအားနည်းပြီး ခြေလက်များ တုန်ခြင်း၊ အမေ့လွန်ခြင်း စတာတွေကိုလည်း ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။

ခံတွင်းကျန်းမာရေး ကောင်းမွန်စေခြင်း 

သစ်ကြံပိုးမှာ ဘက်တီးရီးယားတွေကို ဆန့်ကျင်ပေးနိုင်တဲ့ ဂုဏ်သတ္တိပါဝင်တာကြောင့် ခံတွင်းမှာ ဖြစ်ပေါ်တတ်တဲ့ သွားဖုံးနာခြင်း၊ သွားပိုးစားခြင်းနဲ့ ခံတွင်းအနံ့ဆိုးခြင်း စတာတွေကို သက်သာအောင် ကူညီပေးနိုင်ပါတယ်။ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း နဲ့ သစ်ကြံပိုးအဆီ (သို့မဟုတ်) အမှုန့်အနည်းငယ်ကို ရေနွေးနဲ့ရောစပ်ပြီး ပလုတ်ကျင်းပေးခြင်းဖြင့်  ခံတွင်း အနံ့ဆိုးတဲ့ပြဿနာတွေကို ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။ 

ဝက်ခြံ (acne) များ ပျောက်ကင်းစေခြင်း

သစ်ကြံပိုးဟာ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကိုလည်း တိုက်ဖျက်ပေးနိုင်တာကြောင့် ဝက်ခြံပြဿနာ ရှိနေတယ်ဆိုရင် စမ်းသပ်အသုံးပြုကြည့်ဖို့ အကြံပြုပါတယ်။ ဝက်ခြံပြဿနာအတွက် အသုံးပြုမယ်ဆိုရင် ပျားရည် ထမင်းစားဇွန်း ၃ ဇွန်းနဲ့ သစ်ကြံပိုးအမှုန့် ထမင်းစားဇွန်း ၁ ဇွန်းတို့ကို နှံ့စပ်အောင်ရောမွှေပါ။ ထို့နောက် အရေပြားပေါ်မှာ သုတ်လိမ်းပြီး ၁၀ မိနစ်ခန့်ထားပါ။ ပြီးပါက ရေနဲ့ဆေးကြောပါ။ ဤနည်းလမ်းကို နေ့စဥ် (သို့မဟုတ်) ၁ ပတ်လျှင် ၃ ကြိမ်ခန့်  ပြုလုပ်ပေးခြင်းဖြင့် အသားအရေကြည်လင်ပြီး ဝက်ခြံပြဿနာတွေကို လျော့နည်းသက်သာစေမှာ ဖြစ်ပါတယ်။ 

 

Ref:  -https://www.besthealthmag.ca/ 

-https://www.themanual.com/ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်