ဆိုးဆေးအဖြစ်အသုံးပြုကြတဲ့ ပိုးသီတင်း

28/10/2021 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

သိပ္ပံအမည်- Bixa orellana L.

မျိုးရင်း- Bixaceae

ပိုးသီတင်းပင်လေးဆိုတာ အစားအသောက်တွေကို ဆိုးတဲ့ သဘာဝဆိုးဆေးပေးတဲ့ အပင်အနေနဲ့ သိကြတာပါ။ ဘေးထွက်ဆိုးကျိုးနည်းပြီး အရောင်လှစေသော ပိုးသီတင်းလေးတွေပါ။ မူရင်းဒေသကတော့ Tropical America ဖြစ်ပေမဲ့ အခုတော့ နိုင်ငံအနှံ့ပြန့်နှံ့လို့နေပါပြီ။ အလှစိုက်အပင်အနေနဲ့တွေ့နိုင်သလို ဘယဆေးပင်အနေနဲ့လည်းစိုက်ကြပြန်တယ်၊ ပိုးသီတင်းလေးတွေက အအေးပိုင်း ဒေသတွေမှာပိုလို့ဖြစ်ထွန်းပါတယ်။

အမေရိကန် American လူမျိုးတွေက နှုတ်ခမ်းနီ ဆိုးရာမှာ လိုအပ်သော အနီရောင် ရောင်ခြယ်ကို ဒီအပင်ကရတာမို့လည်း အပင်အမည်ကို နှုတ်ခမ်းနီပင် lipstick tree လို့လည်းခေါ်ကြတယ်။ ဒါ့ပြင် အပင်အမည်ကို annatto လို့သိကြတယ်၊ သဘာဝ လိမ္မော်ရောင် အနီရောင်ဆိုးဆေး ဟင်းခတ်အမွှေအကြိုင်ပေးသော အပင်အနေနဲ့ သိကြတာပါ၊ သူ့ကို "achiote" or "bijol"လို့လည်းခေါ်ပါသေးတယ်။ ဒီအနီရောင်ကို အစေ့အပေါ်ဖုံးနေတဲ့ “waxy arils” ကနေရတာပါ၊ ဒီအစေ့တွေကို ရိုးရာဟင်းလျာများ (traditional dishes) အနေနဲ့ South and Central America မှာလည်းသုံးခဲ့ကြတယ်။

အင်ဒီးယမ်း လူမျိုးတွေဟာ သူတို့ ခန္ဓာကိုယ်နဲ့ ဆံပင်တွေကို ဆေးဆိုးရာမှာ ဒီအပင်ကရတဲ့ အနီရောင် ဆိုးဆေးတွေနဲ့သုံးခဲ့ကြတယ်၊ ဘရာဇီးလူမျိုးစုတွေဟာ Body-painting “urucu”(ခန္ဓာကိုယ်ကိုဆေးရောင်ခြယ်ခြင်း) ကို ဒီအပင်ကဆိုးဆေးနဲ့ အရေးပါသောရိုးရာအနေနဲ့ ထိန်းသိမ်းခဲ့ကြတယ်။

ပိုးသီတင်းပင်နဲ့ သူ့ရဲ့ ထွက်ကုန်ပစ္စည်း (extracts) တွေကို အစားအသောက်ထုတ်ကုန်တွေမှာ အဝါရောင် နဲ့ လိမ္မော် အရောင်ဆိုးရာမှာ အဓိကအသုံးပြုခဲ့ကြတယ်။ အထူးသဖြင့် ထောပတ်၊ ချိစ့်၊ ဝက်အူချောင်း၊ ကိတ်နဲ့  ပြောင်းဖူးပေါက်ပေါက် တို့ကိုဆေးဆိုးရာမှာ အန္တရာယ်ကင်းစွာအသုံးပြုခဲ့ကြတယ်။ ဒီအစေ့ကရတဲ့ ဆိုးဆေးဟာ နှစ်လိုဖွယ်အရောင်ရှိပြီး လူကို ဒုက္ခမပေးပါဘူး၊ စျေးကြီးလွန်းတဲ့ အစားအစာဆိုးဆေး saffron အစား အသုံးပြုကြပါတယ်၊ လူကို ဘေးဥပါဒ်ပေးမပေးကို သေသေချာချာ စီစစ်ပြီးမှသာ ရောင်းချခွင့်ပေးပြီး စားသောက်စေတာပါ။ ကျနော်တို့နေ့စဉ်စားသုံးနေတဲ့အစားအသောက်တွေက ဘယ်လိုဆိုးဆေးသုံးသလဲဆိုတာကို တွေးနေမိတယ်။ ဓာတုဆိုးဆေးများက အသဲ၊ ကျောက်ကပ် ကိုဒုက္ခပေးနိုင်သလို ကင်ဆာရောဂါလည်းဖြစ်စေတယ်။

ဒါဆို ဒီအပင်ပုံစံလေးကိုကြည့်ရအောင်..

အပင်က အပင်လတ် တမျိုးပါ အရွက်တွေက ရွက်ထီးဖြစ်ပြီး ရွက်လွဲထွက်ပါတယ်၊ အရွက်များက ညောင်ရွက်နဲ့ဆင်ပါတယ်။ ရွက်စွယ်ပါပြီးအကြွေမြန်တယ်၊ ပန်းခိုင်က ကြားထွက် ထိပ်ထွက် corymbose panicle ဖြစ်ပါတယ်။ ပန်းပွင့်က ပန်းရောင်ပါ၊ ပွင့်ချပ်တွေက ပန်းခရမ်းရောင်ကနေ အဖြူရောင် အထိ ပြောင်းနေတတ်ပါတယ်။ အပွင့်ပွင့်စဉ်သိပ်ပြီး မထင်ရှားလှဖူး။ ၀တ်ဆံဖိုတွေကတော့ ရေတွက်လို့မရလောက်အောင် များပြားလှတယ်။ ထူးခြားတာက အသီးပါဘဲ မမြင်မသိရင် ဒီအရပ်က လူအချို့က ကြက်မောက်သီး လို့ခေါ်ကြပြန်တယ် အဆုပ်လိုက်သီးတာမို့ အသီးသီးချိန်မှာတော့အရမ်း လှပါတယ်။ ဘဲဥပုံစံအက်ကွဲသီးဖြစ်ပြီး အဖျားကရှူးပါတယ်။ အပေါ်မှာ ဆူးမွှာပုံစံ ကြက်သွေးရောင် အမွှေးများက ဖုံးအုပ်ထားပါတယ်။ ထင်ရှားလွန်းလို့ အဝေးကပင်မြင်နိုင်ပါတယ်။ အတွင်းမှာ အစေ့များစွာပါပါတယ်၊ အတွင်းအစေ့များက နီသောအရောင်ရှိပြီး ရေတွင်ဖျော်လျှင် အနီရောင်ပေးပါတယ်။

Bixa အပင်လေးက တိုင်းရင်းဆေးဖက်လည်းဝင်ပါတယ်

အရှင်နာဂသိန် ဆေးကျမ်းထဲတွင် အပင်သည် ခါး၏ စပ်၏ အေး၏ ဖန်၏ ကြေလွယ်သည် သွေးကိုဖြစ်စေ၏။ ဝါတရက်နာရေငတ်ခြင်း အဆိပ်နာ သည်းခြေနာ အန်ခြင်း ဦးခေါင်းကိုက်ခဲခြင်း သလိပ်ရောဂါ ကင်းဝေးစေ၏ အစေးသည်ရှုံ့တွစေ၏။ လွန်ကဲစွာစားလျှင် ဆူလျက် အလွန်လှုပ်ရှားတိုး၏။ အစေ့ အမြစ်သည် နှုတ်ကိုမြိန်စေ၏ အဖျားကိုဖယ်၏ လို့ဆိုထားပါတယ်။ 

အနီရောင်ဆိုးဆေးလည်းရ ..ဆေးဖက်လည်းဝင်တဲ့ ..ပိုးသီတင်းအပင်လေး အကြောင်း အနဲငယ်မျှကို ကို ..မိတ်ဆွေများကိုမျှဝေရင်း…

Ref: Wikipedia

http://www.medicalhealthguide.com/herb/annatto.htm

ကိုသက်နိုင်ဦး

ဟုမ္မလင်း


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်