မြန်မာ့မတ်ပဲစျေးနှုန်းအနည်းငယ် ပြန်တက်လာ

18/03/2020 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာ့မတ်ပဲစျေးနှုန်းမှာ အရင်တစ်ပတ်ထက် အနည်းငယ်စျေးနှုန်းပြန်တက်လာကြောင်း မြန်မာနိုင်ငံပဲ မျိုးစုံနှင့်နှမ်းကုန်သည်များအသင်းမှသိရပါတယ်။

အရင်တစ်ပတ်က မတ်ပဲစျေးနှုန်းမှာ ကျပ် (၉)သိန်းအောက်ကို ကျဆင်းနေခဲ့ပြီး အခုတစ်ပတ်အတွင်း မှာ မတ်ပဲစျေးနှုန်း တစ်တန်ကို တစ်သောင်းခွဲဝန်းကျင်ပြန်တက်လာကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်း ကုန်သည်များအသင်းမှသိရပါတယ်။

မတ်ပဲကအရင်တစ်ပတ်က တစ်တန်ကို (၉)သိန်းအောက်လောက်ကျဆင်းသွားပြီး အခုတစ်ပတ်မှာ တော့ (၉)သိန်းကျော်ကျော်လောက် ပြန်ပြီးတက်လာတယ်။ တင်ပို့ခွင့်ကလည်း တစ်လထပ်မံရရှိထား တာဆိုတော့ ပုံမှန်သွားနေပါတယ်

မြန်မာ့မတ်ပဲကို အိန္ဒိယနိုင်ငံကို အဓိကထားတင်ပို့နေပြီး အခုလက်ရှိမှာ ပုံမှန်တင်ပို့နေတာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

မြန်မာ့မတ်ပဲစျေးနှုန်းမှာတစ်တန်ကို အရင်တစ်ပတ်က (၉)သိန်းကျပ်အောက်ရှိနေပြီး ဒီကနေ့စျေးနှုန်း များအရ မတ်ပဲတစ်တန်ကို ၉၅၀,၀၀၀ ကျပ်နဲ့ ၉၁၀,၀၀၀ ကျပ်ဝန်းကျင် ပြန်တက်လာကြောင်း မြန်မာ နိုင်ငံပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

  (ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်"  "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ)

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်