Bloat in Cattle (လေပွခြင်း)

17/04/2020 12:00 PM တွင် MDEP MDEP မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

လေပွခြင်း ဆိုသည်မှာ နွား၏ rumen (ပထမအစာအိမ်) နှင့် reticulum (ဒုတိယအစာအိမ်) ထဲတွင် ဂက်စ်များ ပြန်မထုတ်နိုင်သောအခါ ပုံမှန်ထက်စုလာပြီး ၀မ်းဗိုက်ပိုင်း ဖောင်းကားလာခြင်းဖြစ်သည်။ နွား၊ သိုး၊ ဆိတ်များတွင် အဖြစ်များသည်။

?လေပွခြင်း ၂ မျိုး ရှိပါသည်။

( ၁) Frothy bloat or Pasture bloat or Primary ruminal tampany

(၂) Free gas bloat or Gassy bloat or Secondary ruminal tampany

?(၁) Frothy bloat (အမြှုပ်များနှင့် လေပွခြင်း)

- တွေ့ရများပြီး အထူးသဖြင့် ချေဖျက်ရလွယ်ကူပြီး လျှင်မြန်စွာအချဉ်ပေါက်နိုင်သော အသားဓာတ်မြင့်သည့် အစာများ အလွန်အကျွံစားမိသောအခါ ဖြစ်တတ်သည်။ 

- ဥပမာ ပဲမျိုးနွယ်ပင် စားကျက်များတွင် လွှတ်ကျောင်းသောနွားများနှင့် မိုးဦးကျကဲ့သို့သော ကာလများတွင် ပြောင်းနု မြက်နုများကို လွန်ကဲစွာစားမိသောအခါတွင် တွေ့ရတတ်သည်။ 

- ထို့ပြင် အစာနုပမာဏ မြင့်မားစွာကျွေးသောနွားများနှင့် အသားတိုးနွားများတွင်လည်း ဖြစ်ပွားနိုင်ပါသည်။

- Frothy bloat (အမြှုပ်များနှင့် လေပွခြင်း) ဖြစ်ပွားလျှင် သေးငယ်သော ဂက်စ်ပူဖောင်း များ ၊ ingesta များမှ ပုံမှန်လေချဉ်တက်မှုကို ပိတ်ဆို့ပြီး ဂက်စ်များစုမိပြီး နောက်ဆုံးတွင် အစာအိမ်ရွေ့လျှားမှုနှင့် ကြွက်သားညှစ်အား လုံး၀မရှိတော့သည်အထိ ဖြစ်လာနိုင်သည်။ 

- နောက်ဆုံးတွင် ပြည့်နေသောအစာအိမ်မှ နှလုံးနှင့် အဆုတ်ကို ဖိမိခြင်း၊ အစာအိမ်မှ အဆိပ်တို့ကို စုပ်ယူမိခြင်းတို့ကြောင့် သေဆုံးသည်အထိဖြစ်နိုင်သည်။

?(၂) Free gas bloat (ဂက်စ်များနှင့် လေပွခြင်း)

- တွေ့ရနည်းပြီး တစ်ကောင်ချင်းစီအလိုက် ဖြစ်ပွားတတ်သည်။ 

- Free gas bloat (ဂက်စ်များနှင့် လေပွခြင်း) သည် ပုံမှန်လေတက်ခြင်းဖြစ်စဉ်ကို အနှောက်အယှက်ပေး‌သော အစာရေမျိုပိတ်ဆို့ခြင်း (ဥပမာ-အာလူး ကဲ့သို့သော အသီးများနှင့် အခြားအရာများ မတော်တဆမြိုချမိခြင်း ) နှင့် အခြားရောဂါအ‌ခြေအနေများ၏ နောက်ဆက်တွဲအနေနှင့် ဖြစ်ပွားတတ်သည် (ဥပမာ-မေးခိုင်ရောဂါ ၊ Acidosis ၊ အစာအိမ်ပြည့်ကြပ်ခြင်း ၊ နို့ရှိန်ဖျား )။

?ရောဂါလက္ခဏာများ

-ဘယ်ဘက်၀မ်းဗိုက်ပိုင်း သိသာစွာဖောင်းကားနေခြင်း

-တခါတရံ ၀မ်းဗိုက်ပိုင်းတစ်ခုလုံး ဖောင်းကား နေခြင်း

- ခြေဖြင့် ‌မြေကြီးကို မကြာခဏပေါက်ခြင်း 

- ၀မ်းဗိုက်ပိုင်းကို မကြာခဏလှည့်ကြည့်ခြင်း

- ခြေဖြင့် ၀မ်းဗိုက်ကိုကန်ခြင်း

- နာကျင်ခြင်း၊ မသက်မသာဖြစ်ခြင်း၊ အော်ခြင်း

- အသက်ရှုကျပ်ခြင်း (ပါးစပ်ဖြင့် အသက်ရှုခြင်း၊ သွားရေများကျခြင်း ၊ လျှာထွက်နေခြင်း )

- လည်ဆန့်နေခြင်း

- ဆီး ၊ ၀မ်း အနည်းငယ် မကြာခဏသွားခြင်း

- ဆီး၀မ်းသွားနည်းခြင်း၊ တခါတရံ လုံး၀ချုပ်သွားခြင်း

- လဲကျပြီး ‌‌ခြေလက် ယက်ကန်ယက်ကန်ဖြစ်ခြင်း 

- ၀မ်းဗိုက် အဆမတန်ဖောင်းပြီး လဲကျသေဆုံးခြင်း

?အစာအိမ် ပြည့်ဖောင်းမှုကို အမြင်ဖြင့် သိနိုင်သည်။ ထို့အပြင် rectum (အစာဟောင်းအိမ်) မှ နှိုက်၍လည်း သိနိုင်သည်။

?အသက်အန္တရာယ်ရှိသော အခြေအနေများတွင် stomach Tube (အစာအိမ်ပျွန်)သုံး၍ လေထုတ်ခြင်း

- အသီးအရွက်ဆီများနှင့် anti-bloat agent များတိုက်ကျွေးခြင်း

- လေထွက်စေရန် လျှာကို အသွင်းအထုတ်လုပ်‌ပေးခြင်း

- ကိုယ်လက်လုပ်ရှားမှုရှိစေရန် လမ်းလျှောက်စေခြင်း 

- Trocar နှင့် cannula အသုံးပြု၍လေထုတ်ခြင်း - Cannula သုံးပြီး ဂက်စ်များအတော်အသင့်ထွက်သွားပါက cannula မှ တဆင့် antiforming agent( အသီးအရွက်ဆီ ၊သတ္ထုဆီ -ဖယောင်းဆီ ) များခြင်း

- တိရစ္ဆာန်သည် လဲနေပြီး အစာရေမျိုပိတ်ဆို့သည့် အ‌ခြေအနေတွင် Emergency Surgery (အရေးပေါ်ခွဲစိတ်)လုပ်ရန် လိုအပ်ပါသည်။

?အရေးကြီးသော အချက်မှာ ရောဂါဖြစ်ပွားနေစဉ် အစာဖြတ်ထားပြီး အခြေအနေပေါ်မူတည်၍ ဖြည်းဖြည်းချင်း ပြန်ကျွေးသင့်ပါသည်။

?ကြိုတင်ကာကွယ်ခြင်း

ပဲမျိုးနွယ်ပင်များ၊ မြက်နုများ ပမာဏများများကျွေးသောအခါ သတိထားသင့်သည်။ လိုအပ်ပါက မြက်‌‌ခြောက်အနည်းငယ်နှင့် ရောနှောကျွေးသင့်သည်။ အစာနုပမာဏကို တိုးမြင့်ကျွေးသောအခါ တဖြည်းဖြည်း အချိန်ယူပြီးတိုးသင့်သည်။

MDEP


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်