ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနဲ့ သဟဇာတဖြစ်စေတယ်လို့ လူတွေ ယုံကြည်ကြတဲ့ ဘွန်ဆိုင်း (Bonsai) ပင်

15/01/2018 11:11 AM တွင် Aung Khing Soe Aung Khing Soe မှ ရေးသား

၁။ ဘွန်ဆိုင်းပင် မိတ်ဆက် - ဘွန်ဆိုင်းဆိုတာ အပင်တွေကို ပုံး (သို့) အိုး အတွင်းထဲမှာ ထည့်ပြီး စိုက်ပျိုးတဲ့ ဂျပန်ရိုးရာ စိုက်ပျိုးမှု ပုံစံတစ်မျိုး ဖြစ်ပါတယ်။ ဘွန်ဆိုင်းပင်များကို စိုက်ပျိုးရာမှာ မူလသစ်ပင်အတိုင်း ပုံစံတူ စိုက်ပျိုးကြပြီး လက်ရှိ အချိန်မှာ ဘွန်ဆိုင်းပင်များကို ကမ္ဘာ့နေရာအများစုမှာ စိုက်ပျိုးလျက် ရှိကြပါတယ်။ ဘွန်ဆိုင်းပင်များဟာ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနဲ့ သဟဇာတဖြစ်မှုတို့ကို ကိုယ်စားပြုတယ်လို့ လူအများစုက ယုံကြည်ကြပါတယ်။

ဘွန်ဆိုင်းပင်များ စိုက်ပျိုးခြင်းရဲ့ အဓိကကောင်းကျိုးကတော့ ၎င်းတို့ဟာနေရာ အနည်းငယ်သာ လိုအပ်တဲ့အတွက် ပြတင်းပေါက် ဘောင် (သို့) ဝရန်တာမှာ စိုက်ပျိုးနိုင်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အိမ်တွင်း အိမ်ပြင် နှစ်နေရာလုံးကို ဘွန်ဆိုင်းပင်များနဲ့ အလှဆင်နိုင်ပါတယ်။

ဘွန်ဆိုင်းပင် စိုက်ပျိုးရာမှာ ပါဝင်တဲ့ အဓိက အဆင့်တွေကတော့ စိုက်ပျိုးခြင်း၊ ကိုင်းဖြတ်ခြင်းနဲ့ ပုံသွင်းခြင်းတို့ ဖြစ်ကြပါတယ်။ သင့်အနေနဲ့ ဘွန်ဆိုင်းပင် တစ်ပင် စိုက်ပျိုးဖို့ စိတ်ကူးထားရင်တော့ မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ ကိုက်ညီတဲ့ အပင်မျိုးကိုရွေးချယ် စိုက်ပျိုးသင့်ပါတယ်။ ဘွန်ဆိုင်းပင် စိုက်ပျိုးပုံ အသေးစိတ်ကိုတော့ အောက်မှာ ဆက်လက်ဖော်ပြပါမယ်။

၂။ ဘွန်ဆိုင်းပင်ကို ပျိုးခင်း (သို့) စျေးဆိုင်မှ ဝယ်ယူခြင်း

လူအများစုဟာ ဘွန်ဆိုင်းပင်ကို ကိုယ်တိုင် စိုက်ပျိုးခြင်းထက် ပျိုးခင်း (သို့) စျေးဆိုင် (သို့) အွန်လိုင်းမှာ ရှိတဲ့ အသင့် စိုက်ပျိုးပြီး ဘွန်ဆိုင်းပင်ကို ဝယ်ယူလေ့ ရှိကြပါတယ်။ အသင့် စိုက်ပျိုးပြီး ဘွန်ဆိုင်းပင်ကို ဝယ်ယူမယ်ဆိုရင် အောက်ဖော်ပြပါ အချက်တွေကို လိုက်နာဖို့ လိုပါတယ်။

• ဘွန်ဆိုင်း စိုက်ပျိုးရာမှာ လိုအပ်တဲ့ ပစ္စည်းတွေ စုံလင်စွာ ပါဝင်စေဖို့ စတင် စိုက်ပျိုးမည့် သူများအနေနဲ့ ပျိုးပင်၊ ပုံး၊ ကြိုး၊ မြေကြီး၊ ကျောက်ခဲနှင့် အညွှန်း စာအုပ်များ အားလုံး ပါဝင်တဲ့ စိုက်ပျိုးရေး ပစ္စည်း ကိရိယာ အစုံလိုက်ကို ဝယ်ယူသင့်ပါတယ်။

• စတင် စိုက်ပျိုးမည့် သူများအနေနဲ့ စိုက်ပျိုးရ လွယ်ကူပြီး ထိန်းသိမ်းစောင့်ရှောက်မှု အနည်းငယ်သာ လိုအပ်တဲ့ ဘွန်ဆိုင်းပင်မျိုးကိုရွေးချယ်သင့်ပါတယ်။

• စိုက်ပျိုးမည့်နေရာဒေသနဲ့ သင့်တော်မည့် ဘွန်ဆိုင်းပင်ကိုရွေးချယ်သင့်ပါတယ်။ အိမ်တွင်းမှာ စိုက်ပျိုးသင့်တဲ့ အပင်တွေ (သမပိုင်းဇုန်) နဲ့ အိမ်ပြင်မှာ စိုက်ပျိုးသင့်တဲ့ အပင်တွေကို ခွဲခြား၍ ရွေးချယ် ဝယ်ယူပါ။

• ဘွန်ဆိုင်းပင်ကို ထိန်းသိမ်းစောင့်ရှောက် နိုင်ဖို့အတွက် သင်ဝယ်ယူတဲ့ မျိုးစိတ်ကို သိရှိအောင် ပြုလုပ်ပါ။

• နောက်ဆုံးအနေနဲ့ အိုး (သို့) ပုံးမှာ ပျက်စီးမှု၊ ယိုစိမ့်မှု ရှိမရှိ စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။

၃။ ဘွန်ဆိုင်းပင် စိုက်ပျိုးခြင်း (သို့) ဘွန်ဆိုင်းပင် ပင်ပိုင်း မျိုးပွားခြင်း

ဘွန်ဆိုင်းပင်ကို မျိုးစေ့ (သို့) ကိုင်းဖြတ်စ နှစ်မျိုးလုံးမှ စိုက်ပျိုးနိုင်ပါတယ်။ သို့သော်လည်း အကောင်းဆုံး နည်းလမ်းကတော့ ကိုင်းဖြတ်စ/ ပျိုးပင်/ (သို့) ဘွန်ဆိုင်းအပင်ပေါက် (အပင်ငယ် အဖြစ် စိုက်ပျိုးပြီးတဲ့အပင်) ကနေ စိုက်ပျိုးခြင်း ဖြစ်တယ်။ အပင်ငယ် အဖြစ် စိုက်ပျိုးပြီးတဲ့ အပင်တွေကို ဝယ်ယူရရှိနိုင်သော်လည်း ဒီနေရာမှာတော့ နည်းလမ်း နှစ်မျိုးလုံးကိုဖော်ပြပါမယ်။\

၄။ မျိုးစေ့မှ စိုက်ပျိုးခြင်း

• ပထမဆုံးအနေ နဲ့ရေဆင်းကောင်းစေတဲ့ ကျောက်ခဲကြမ်း အလွှာ တစ်ခုကို အပင် ထည့်စိုက်မယ့် ပုံးထဲ ထည့်ပါ။

• ထို့နောက် စိုက်ပျိုးမည့်မြေသား အဖြစ် ဘွန်ဆိုင်းမြေသား (စံမြေသား) ကို ထည့်ပါ။

• ယုံကြည် စိတ်ချရတဲ့စျေးဆိုင်/ ပျိုးခင်းကနေ ဘွန်ဆိုင်းပင် မျိုးစေ့များ ဝယ်ပါ။ သင်စိုက်ပျိုးမည့် အပင်ပေါ် မူတည်ပြီး အချို့မျိုးစေ့တွေကို အခွံချွတ်ပေးဖို့ လိုအပ်ပါတယ်။

• အရည်အသွေးကောင်းမွန်တဲ့ ဘွန်ဆိုင်း မျိုးစေ့တွေကို ဝယ်ယူပြီးနောက် မြေဆီလွှာထဲကို ထည့်သွင်းပါ။ မျိုးစေ့ တစ်ခုနဲ့ တစ်ခု ကြားမှာနေရာလွတ် အနည်းငယ် ထားပါ။

• စိုက်ပျိုးမည့်မြေသား အတွင်း မျိုးစေ့တွေ ထည့်သွင်းပြီးတဲ့နောက် ဘွန်ဆိုင်းမြေသားကို အပေါ်ယံအလွှာအဖြစ် ၂ စင်တီမီတာလောက် ဖြည့်ပေးပါ။

• မြေကြီး အသားကျစေရန် မြေကို လက်ချောင်းများဖြင့် အနည်းငယ် ဖိသိပ်ပေးပါ။

• နောက်ဆုံး အဆင့်အနေနဲ့ မျိုးစေ့များ အညှောင့်မပေါက်မချင်းမြေကြီး အစိုဓာတ် ရှိနေစေရန် ရေပုံမှန်လောင်းပေးပါ။ အပင် စတင်ကြီးထွားလာလျှင် တစ်ရက်ခြား တစ်ခါရေလောင်းပါ။

၅။ ကိုင်းဖြတ်စမှ စိုက်ပျိုးခြင်း

• ပထမဆုံး အနေနဲ့ ရေဆင်းကောင်းစေတဲ့ ကျောက်ခဲကြမ်း အလွှာတစ်ခုကို အပင်ထည့်စိုက်မယ့် ပုံးထဲ ထည့်ပါ။

• ထို့နောက် စိုက်ပျိုးမည့်မြေသားအဖြစ် ဘွန်ဆိုင်းမြေသား (စံမြေသား) ကို ထည့်ပါ။

• မူရင်း ဘွန်ဆိုင်းပင်မှ ကိုင်းဖြတ်စ အဖြစ် အသုံးပြုလို့ ရနိုင်မည့် အကိုင်းအချို့ကို ကိုင်းဖြတ်ပါ။

• အပင် အကိုင်းအခက်များကို ကိုင်းဖြတ်ရာမှာ ဓားထက်ထက်ကို သုံးပြီး ၄၅ ဒီဂရီ စောင်း ဖြတ်ပါ။

• ကိုင်းဖြတ်စများကိုမြေကြီးထဲ ၂ စင်တီမီတာ အနက်ခန့် မြုပ်ပါ။

• မြေကြီး စိုစွတ်မှု ရှိစေရန် ရေချက်ချင်းလောင်းပေးပါ။ ကိုင်းဖြတ်စတွေ ကြီးထွားနိုင်ဖို့ အစိုဓာတ်ကို ထိန်းသိမ်းထားပါ။ ပုံမှန်အားဖြင့် ကိုင်းဖြတ်စတွေဟာ ရက်သတ္တပတ် အနည်းငယ်အတွင်း ကြီးထွား လာပါတယ်။

၆။ ဘွန်ဆိုင်းပင် ကိုင်းဖြတ်ခြင်း

ပုံသဏ္ဍန်လှတဲ့ ဘွန်ဆိုင်းပင် တစ်ပင် ရရှိဖို့ သင့်အနေနဲ့ ဘွန်ဆိုင်းပင်ကို ကိုင်းဖြတ်ပေးဖို့ လိုအပ်ပါတယ်။ ကိုင်းဖြတ်ခြင်းဟာ အပင် တစ်ပင်ချင်းစီနဲ့ လိုချင်တဲ့ ပုံသဏ္ဍန်ပေါ် မူတည်ပါတယ်။ ကိုင်းဖြတ်ခြင်းမှာ အမြစ် ကိုင်းဖြတ်ခြင်းနဲ့ အရွက်ကိုင်းဖြတ်ခြင်း ဆိုပြီး နှစ်မျိုး ရှိပါတယ်။

(က) ဘွန်ဆိုင်းပင်အမြစ် ကိုင်းဖြတ်ခြင်း ။ ။ ဘွန်ဆိုင်းပင်ဆိုတာ အိုး (သို့) ပုံးသေးသေးလေး ထဲမှာ ထည့်စိုက်ရတဲ့ အပင် ဖြစ်တာကြောင့် အမြစ်တွေ ကြီးထွားဖို့ ခက်ခဲပါတယ်။ ကိုင်းဖြတ်ပေးခြင်း အားဖြင့် အမြစ်အသစ်တွေ ထွက်ဖို့ နေရာရလာစေပြီး ဒါဟာ ဘွန်ဆိုင်းပင် ကောင်းမွန်စွာ ကြီးထွားဖို့ အရေးပါပါတယ်။

(ခ) ဘွန်ဆိုင်းပင်အရွက် ကိုင်းဖြတ်ခြင်း ။ ။ အရွက်ကိုင်းဖြတ်ခြင်းဟာ သင်လိုချင်တဲ့ ပုံသဏ္ဍန်ရဖို့ ဖြစ်ပါတယ်။ သင့်စိတ်ကြိုက် ပုံစံအတိုင်း ပုံဖော်ပါ။ သေနေတဲ့အရွက်၊ ရောဂါပိုးကျနေတဲ့ အရွက်တွေကို ဖယ်ရှားပေးခြင်းဟာ ဘွန်ဆိုင်းပင်ကိုကောင်းမွန်စွာ ကြီးထွားစေပါတယ်။

၇။ ဘွန်ဆိုင်းပင် ပုံသွင်းခြင်း

ဘွန်ဆိုင်းပင်ကို လိုချင်တဲ့ ပုံသဏ္ဍန် အဖြစ် ပုံသွင်းတဲ့အခါမှာ အကိုင်းအခက်တွေကိုထောက်မဖို့ ဝါယာကြိုးကို အသုံးပြုပါ။ (ပစ္စည်း ကိရိယာ အစုံလိုက်ဝယ်ရင် ကြေးနီဝါယာကြိုးကို ရရှိနိုင်ပါတယ်။) ဝါယာပတ်တဲ့အခါ အကိုင်းအခတ်တွေကို မပျက်စီးစေရန် ဂရုတစိုက် ပြုလုပ်ပါ။ အသုံးပြုတဲ့ ဝါယာကြိုးဟာ မှန်ကန်တဲ့ အထူရှိရမှာ ဖြစ်ပြီး အကိုင်းအခတ်တွေကို မကျိုးစေသင့်ပါဘူး။ ဝါယာပတ်နေစဉ်မှာ အကိုင်းကို လက်နှစ်ဘက်နဲ့ ကိုင်ထားဖို့ လိုပါတယ်။

၈။ ဘွန်ဆိုင်းပင် ပြုစုခြင်း

ဘွန်ဆိုင်းပင် စိုက်ပျိုးရာမှာအောက်ပါ အကြံပြုချက်တွေကို လိုက်နာဆောင်ရွက် သင့်ပါတယ်။

• ဘွန်ဆိုင်းပင်ကိုရွေးချယ်ရာမှာ အလွယ်တကူ ဖြတ်တောက် ပုံသွင်းနိုင်ပြီး အခေါက်မာတဲ့ အပင် အမျိုးအစားကိုရွေးချယ်ပါ။

• အလွန်အကျွံရေလောင်းခြင်းကိုရှောင်ကြည်ပါ။ ဘွန်ဆိုင်းပင်များ ကောင်းမွန်စွာ ရှင်သန်ကြီးထွား နိုင်ဖို့အတွက် တစ်ရက်ခြား တစ်ခါ ရေလောင်းနိုင်ပါတယ်။

• ဘွန်ဆိုင်းပင်ကို မျိုးစေ့မှ လည်းကောင်း၊ ကိုင်းဖြတ်စမှ လည်းကောင်း စိုက်ပျိုးနိုင်ပါတယ်။ သို့သော်လည်း အပင်ငယ်အဖြစ် စိုက်ပျိုးပြီးတဲ့ အပင်တွေကိုလည်း ရရှိနိုင်ပါပြီ။ ဘွန်ဆိုင်းပျိုးပင်၊ အပင်ကိုင်းဖြတ်စ၊ အရွက်ငယ်တွေပါတဲ့ ဘွန်ဆိုင်း အပင်ငယ် စတာတွေဟာ စိုက်ပျိုးရ ပိုအဆင်ပြေ ပါတယ်။

• ဘွန်ဆိုင်းပင် အသီးသီးခြင်းနှင့် အပွင့်ပွင့်ခြင်း တို့အတွက် အနည်းဆုံး ၄ နာရီခန့် နေရောင်ခြည် တိုက်ရိုက် ရရှိအောင် ထားပေးပါ။

• ဘွန်ဆိုင်းပင်တွေကို အိမ်တွင်းမှာ စိုက်ပျိုးနိုင်ပါတယ်။ သို့သော်လည်း ပြတင်ပေါက်ဘောင်၊ ဝရန်တာ၊ ပန်းအိုးစင်တို့မှာ စိုက်ပျိုးခြင်းက ပိုမို သင့်လျော်ပါတယ်။ ဘွန်ဆိုင်းပင်ကိုလေအေးပေးစက် တပ်ထားတဲ့ အခန်းထဲမှာ အချိန်ကြာမြင့်စွာ ထားခြင်း မပြုရပါ။

ဘွန်ဆိုင်းပင် စိုက်ပျိုးရတာဟာ ပျော်ရွှင်စရာ ကောင်းပြီးအေးချမ်း တည်ငြိမ်မှုကိုပေးပါတယ်။ အကယ်၍ သင့်မှာ ပျိုးပင် စိုက်ပျိုးတဲ့ ဗဟုသုတရှိရင် ဘွန်ဆိုင်းပျိုးပင်တွေ စိုက်ပျိုးရောင်းချနိုင်ပါတယ်။ တိုက်ခန်း လူနေမှုစနစ်တွေ များပြားလာတာ နဲ့အမျှ ဘွန်ဆိုင်းပင် စိုက်ပျိုးခြင်းဟာ စီးပွားအရလည်း အကျိုး ရှိလာနိုင်ပါတယ်။

အောင်ခိုင်စိုး( InnoRay Translation Group)
Source- agrifarming

 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်