စိုက်ပျိုးရေးတွင် ကျင့်သုံးသင့်သည့် အလေ့အထကောင်းများ-၃

12/01/2018 11:03 AM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား

မႈိ Fungus

ASEAN-FOOD SAFETY Module တွင်ထည့်သွင်း ဖေါ်ပြထားခြင်းမရှိသော အဏုဇီဝ ပိုး တစ်မျိုးမှာ မှို ဖြစ်ပါသည်။

အပင်ရောဂါ ဖြစ်စေသော သက်ရှိအများစုမှာ မှိုများ ဖြစ်ကြပါသည်။ အပင်ကို ရောဂါဖြစ်စေသော မှို မှ လူကို အန္တရာယ် ဖြစ်စေသော မှို မှာ အားဂေါ့ မှို ဖြစ်ပါသည်။ အားဂေါ့ ဆိုသည်မှာ (Rye) ဟုခေါ်ဆိုသည့် ဝီစကီချက် လို့ရသည့်ကောက်နှံပင် တစ်မျိုး တွင် ဖြစ်ပွားသည် မှို ရောဂါ တစ်မျိုး ဖြစ်ပါသည်။ရောဂါဖြစ်စေသည့်သက်ရှိမှာ Claviceps purpurea  ဆိုသော မှို တစ်မျိုး ဖြစ်ပါသည်။(Rye) ရိုင်း သည်ယခင်က ဂျုံခင်းထဲတွင်ပေါက်ပွားတတ်သည့်ပေါင်းပင် တစ်မျိုး ဖြစ်ခဲ့ပါသည်။

ဥရောပ အရှေ့ပိုင်းနှင့် ရုရှ အနောက်ပိုင်း ဒေသများတွင် ၅ရာစုနှစ်လောက် အချိန်များ မှ စတင်ပြီး အားဂေါ့ မှိုရောဂါ သည် ကပ်ရောဂါ ဆိုးသဖွယ် လူများစွာကို သေစေခဲ့ပါသည်။ အားဂေါ့ရောဂါ ဖြစ်သည့်အခါ (Rye) ရိုင်းကောက်နှံများတွင် ကောက်နှံစေ့ တည်ရမည့်နေရာတွင် အဆံမတည် ပဲ Claviceps purpurea မှို သည် ပတ်ဝန်းကျင် ကို ခံနိုင်ရည် ရှိစေမည့် ပုံစံတစ်မျိုးကို ဖွဲ့စည်း ဖြစ်ပေါ်စေပါသည်။ ထို ပုံစံသည် မာကျော ကျစ်လစ်ပြီး ကြွက်ချေး သဏ္ဍန် ခရမ်းရောင် အဆံ သဖွယ် ကောက်နှံ တွင် သီးပါသည်။

ထိုကောက်နှံပါသော အဆံများကို ရိတ်သိမ်းမိပြီး ပေါင်မုန့်ကြမ်း များဖုတ်ကာ စားသုံးကြသူများ မှာ အဆိပ်သင့် ကြရပါသည်။  အသားတစ်သျှူးများ သေဆုံးခြင်း၊ လက်မောင်း၊ ခြေထောက် ၊ခြေဖျား လက်ဖျား များတွင် လောင်ကျွမ်းခြင်းဖြစ်ပေါ်ကာ ညိုမည်းလာခြင်း၊ လူနာမှာ ပြင်းထန်သော ခံစားချက်ကြောင့် လူးလှိမ့်ကာ သေဆုံးကြရပါသည်။ထိုအချိန်က ဘုရားသခင် က ပြစ်ဒဏ်ချမှတ်သည့် လောင်ကျွမ်းမှု ဝေဒနာ God’sFire ဟုခေါ်ဆိုကြပါသည်။

သက္ကရာဇ် ၁၀၃၉ တွင် ပြင်သစ် နိုင်ငံ တွင် ထိုသို့အဆိပ်သင့်မှုမျိုး အကြီးအကျယ် ဖြစ်ပွား သောကြောင့် လူနာများကို ဆေးကုသ ရန်အတွက် ဆေးရုံများပင်တည်ထောင်ပေးခဲ့ရပါသည်။ဆေးရုံတည်ထောင် ပေးခဲ့သူ Gastonde Valloire     က သူတော်စင်St. Anthony ရဲ့ ကယ်ဆယ် မှု ဖြင့် သက်သာရာ ရပါစေကြောင်း ရည်ရွယ် လျက်အဆိပ်သင့်ရောဂါကို   God’s Fireရောဂါ မှ St. Anthony’s Fire  ဟုပင် ပြောင်းလဲ ခေါ်ဆိုကြပါသည်။

ဘုန်းတော်ကြီးများက ဆေးရုံပေါင်း၃၇၀ ဆောက်လုပ်ပေးရသည် အထိ လူနာများ များပြားခဲ့ပါသည်။ လူနာများသည်လည်း(Rye)  ရိုင်း ဂျုံကြမ်းပေါင်မုန့် ကို စားသုံးကြရသည့် ဆင်းရဲသားလူနာများ ပင်ဖြစ်သည့် အပြင် အားဂေါ့မှို အဆိပ်ပါသည့် ပေါင်မုန့် စား၍ ရောဂါဖြစ်ရခြင်းကို မသိကြသည့်အလျောက် ဆက်လက် စားသုံးနေသည့်အတွက် ရောဂါသက်သာသူများပင် ထပ်ဖြစ်ကြ ရပါသည်။

ပြင်သစ်နိုင်ငံသည် ထို ဆိုးရွားသော ကပ်ရောဂါ ဖြစ်ပွား ရာ ဗဟိုဒေသ ဖြစ်ခဲ့ပြီး လူပေါင်း လေးသောင်းကျော် ထိ သေဆုံးခဲ့ရပါသည်။ ပြင်သစ် နိုင် ၏ (Rye) ရိုင်းဂျုံကြမ်းပန်းပွင့်ချိန် သည် အေးစက် စိုစွတ်ချိန်ဖြစ်သဖြင့် အားဂေါ့မှို သည် ပန်းပွင့်အတွင်းလွယ် ကူစွာပေါက်ပွား နိုင်ရပါသည်။

 ၁၆၇၀ ခုနှစ် တွင်မှသာ ပြင်သစ်လူမျိုး ဆရာဝန် French physician, Dr. Thuillier သည် အားဂေါ့မှို ပါဝင်သော ဂျုံကြမ်း ကို ကြိတ်ပြီးပြုလုပ်ထားသော ပေါင်မုန့် များကို စားသုံးခြင်းကြောင့် ဟု အတည်ပြုပြောဆို နိုင်ခဲ့ပါသည်။

Error

Whoops, looks like something went wrong.

" alt="" />

 

ကင်ဆာ ဖြစ်စေသာ အဆိပ်အတောက် ကို ထုတ်ပေးသည့် မှိုများလည်းရှိပါသည်။

စားသုံးသူများအတွက် အန္တရာယ် ကြီးမားစွာပေးနိုင်သော အပင်ရောဂါ မှို များ မှာAspergillus flavus နှင့်Aspergillus parasiticus, တို့ ဖြစ်ကြပါသည်။

 Aflatoxins အက်ဖလာတောက်ဆင် ဟုခေါ်သော မှို အဆိပ်ကို ထုတ်ပေးတတ်သည့် မှို များဖြစ်သဖြင့် လည်း ဂရုစိုက် ရန်အရေးကြီးလှပါသည်။

ထို မှိုဆိပ် များမှာ ၁၄ မျိုးလောက် ပင် ရှိပါသည်။ Aflatoxins M1, M2  သည် Aspergillus parasiticusမှို ပါဝင်သော နွားစာကို စားသုံးမိသော နွား ၏ နွားနို့ တွင်ပင် ပါဝင်နိုင်ပါသည်။အမေရိကန် နိုင်ငံ ရှိ United States Food and Drug Administration (FDA) ကသတ်မှတ်ထားသည် မှာ လူတို့အတွက် အစားအစာနှင့် တိရိစ္ဆန် အစားအစာ တို့တွင် သန်းတစ်ထောင် ပုံ လျှင် ၂၀ နှင့် ၃၀၀ပုံ အတွင်းသာ ပါဝင်သင့်ကြောင်း သတ်မှတ်ထားပါသည်။ ထို့ထက် ပိုမို ပါဝင်ပါက ကျန်းမာရေး ထိခိုက်နိုင်ကြောင်း ထုတ်ပြန်ထားပါသဖြင့် ထိုမှိုများကို အထူး ဂရုစိုက် သင့်ပါသည်။

ဆက်လက်ဖေါ်ပြပါမည်။

ဒေါက်တာသန်းသန်းစိန်


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်