စိုက်ပျိုးရေးတွင် ကျင့်သုံးသင့်သည့် အလေ့အထကောင်းများ-၂

12/01/2018 11:29 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

၂။ Biological Hazards ရောဂါဖြစ်စေသော အဏုဇီဝပိုး များပါဝင်နေခြင်း–

အဏုဇီဝပိုး များပါဝင်နေခြင်း ကို သာမန် မျက်စိဖြင့်မမြင်နိုင်၊ အဏုကြည့် မှန်ဘီလူးဖြင့်သာ မြင်နိုင်ပါသည်။ ပတ်ဝန်းကျင်တွင် အဏုဇီဝပိုး များပါဝင်နေခြင်းသည် နေရာအနှံ့ အပြား ပင်ဖြစ်ပါသည်။ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တို့တွင် အဏုဇီယပိုးများစွာ တွယ်ကပ် ပါဝင်နိုင်ပါသည်။
တချို့က ပုပ်သိုးစေသလို အနံ့ အသက်ဆိုးများ ထွက်စေ တတ်ပါသည်။ တချို့ ကထိုသ်ု့ိ မဟုတ်ပဲ စားသုံးသူကို ရောဂါရ စေတတ်ပါသည်။
ရောဂါ ဖြစ်စေတတ်သော အဏုဇီဝပိုးအများစု ကို ဟင်းသီးဟင်းရွက် သစ်သီးဝလံ တို့၏ ပြင်ပ ဧရိယာ တွင်တွေ့ရတတ်သည်။ အနည်းစုကို အတွင်းသား တစ်သျှူး များတွင် တွေ့ ရတတ်ပါသည်။
ရောဂါဖြစ်စေသော အဏုဇီဝပိုးများ မှာ..
၁။ ဘက္တီးရိးယား။
၂။ ကပ်ပါးပိုးများ
၃။ ဗိုင်းရပ်များ တို့ဖြစ်ပါသည်။

ဘက်တီးရီးယား

အစာမှ တဆင့် ဖြစ်စေသော အစာအဆိပ်သင့်ရောဂါ ဖြစ်စေသက်ရှိများ စသည် ဘက်တီးရီးယား များဖြစ်ပါ သည်။ ဘက်တီးရီးယားများ ပါဝင်မှုသည် သစ်သီးဝလံ ဟင်းသီးဟင်းရွက် အမျိုး အစားနှင့်အဟာရ ဓာတ် ပါဝင်မှု အနည်းအများပေါ်တွင် မူတည်သည်။
အစိုဓာတ်မြင့်မား ပြီး အပူချိန် မြင့်မားလျှင် ပေါက်ပွား လွယ်သည်။ ၇ နာရီ အတွင်းဆဲလ် ပေါင်း တစ်သန်းကျော် ပေါက်ပွားနိုင်သည်။
ဟင်းသီးဟင်းရွက် နှင့်သစ်သီးဝလံတို့တွင် အများဆုံးတွေ့ရတတ်သော ရောဂါဖြစ်သော ဘက်တီးရီးယား များမှာ…။
Salmonella species
Escherichia coli (E. coli)
Shigella species
Listeria monocytogenes
တို့ဖြစ်ကြသည်။

Listeria monocytogenes ကဲ့ သို့သော ဘက်တီးရီးယား တို့မှာ မြေတွင် အများဆုံးတွေ့ရတတ်သည်။ မြေဆီလွှာ ထဲတွင် ရက်ပေါင်း ၆၀ ထိ အသက်ရှင်နေထိုင်နိုင်သည်။ ထို့ကြောင့် ဟင်းသီးဟင်းရွက် နှင့်သစ်သီးဝလံ များခူးဆွတ်ပြီး မြေကြီး နှင့်ထိတွေ့ ခြင်း မသန့်ရှင်းသော ထည့်စရာ ပစ္စည်းများ ခူးဆွတ်ရိတ်သိမ်းကိရိယာများ မှ တဆင့် ကူးစက်စေတတ်ပါသည်။
Salmonella species, E. coli, and Shigella species စသော ဘက်တီးရီးယား များ မှာ တိရိစ္ဆာန် နှင့် လူ တို့၏ အူလမ်းကြောင်း တွင် တွေ့ရလေ့ရှိပါသည်။
ထို့ကြောင့် သေချာ မပြုပြင်ထားသော တိရိစ္ဆာန် အညစ်အကြေးများ ၊ မသန့်ရှင်းသော ရေ ၊ သစ်သီးဝလံ နှင့် ဟင်းသီး ဟင်းရွက် တို့ ထုပ်ပိုး ထုတ်လုပ်သည့်နေရာ တွင် အိမ်မွေးတိရိစ္ဆာန် များ၊ မွေးမြူရေး တိရိစ္ဆာန်များ ရှိနေတတ် ပါက ထိုသို့သော ဘက်တီးရီးယားများ ရောနှော ပါဝင် တတ်ပါသည်။

ကပ်ပါး ပိုးများ Parasites

ကပ်ပါးပိုးများ ဆိုသည်မှာ သက်ရှိ တစ်မျိုးမျိုး အပေဓတွင် နေစရာအတွက် သာမက ထို လက်ခံသက်ရှိ ထံ မှ အဟာရ ကို စုတ်ယူစားသုံးကာ နေထိုင်တတ်သော သက်ရှိ များကို ကပ်ပါးဟုခေါ်ပါသည်။ သက်ရှိ တစ်ခုခု အပေါ် မှီခို ရှင်သန်ရသောကြောင့် ပြင်ပတွင် မရှင်သန်နိုင်ပါ..။ လူ (သို့) တိရိစ္ဆာန် တို့ ၏ ခန္ဒ္စာ အတွင် ဝင်ရောက်ပါက လက်ခံ သက်ရှိဖြစ်သော လူ၊ တိရိစ္ဆာန် တို့ကို ရောဂါ ဖြစ်စေနိုင်ပါသည်။
သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တို့သည် လည်း သက်ရှိ အပင်များ ဖြစ်ကြသဖြင့် စားသုံးကြသော လူနှင့် တိရိစ္ဆန် တို့ ကို ယာဉ် ရထား သဖွယ် သယ်ဆောင် ကူးစက် စေတတ်ပါသည်။
(Cysts ဆစ်စစ်) ဟုခေါ်ဆိုသော ကပ်ပါးပိုး တို့၏ ငုတ်လျှိုး နေချိန်အဆင့် တွင် သာ ရှိနေမည် ဆိုပါက မြေ ထဲတွင် ရှိနေစေကာမူ ၇-နှစ် အထိ ၊ ဆက်လက် ရှင်သန်နိုင်စွမ်း၊ ကူးစက်နိုင်စွမ်း ရှိပေသည်။ ဥပမာ- Giardia
လူ၊တိရိစ္ဆာန် တို့ ၏ မစင်ကျင်ကြီးများ ဖြင့် ညစ်ညမ်းနေသော ရေ ဖြင့် ဟင်းသီးဟင်းရွက် ၊သစ်သီးဝလံ တို့ကိုဆေးကြော မိခြင်းကြောင့် သယ်ဆောင် ထုပ်ပိုးသူများ၊ လယ်ယာသုံး တိရိစ္ဆာန်များ၊ ကို ကပ်ပါးပိုးများဝင်ရောက်ရောဂါရစေပါသည်။

သစ်သီးဝလံ နှင့် ဟင်းသီးဟင်းရွက် တို့ မှ တဆင့်အများဆုံး ကူးစက် စေတတ်သော ကပ်ပါးပိုး များမှာ..
Cryptosporidium
Cyclospora
Giardia တို့ဖြစ်ကြပါသည်။

ဗိုင်းရပ်စ် ပိုးများ Viruses

ဗိုင်းရပ်စ် ပိုးများ သည် ရှင်သန်နေသော သက်ရှိ ဆဲလ် များ ၏ ပြင်ပတွင် ရှင်သန် ပေါက်ပွားနိုင်စွမ်းမရှိ သဖြင့် သစ်သီးဝလံ နှင့် ဟင်းသီးဟင်းရွက် တို့ တွင် မပေါက်ပွားနိုင်ပါ။
သို့သော်လည်း ချက်ချင်းစားသုံးကြ မည် ဆိုပါက ယာဉ်ရထားသဖွယ် ကူးစက်စေနိုင်ကြ ပြီးရောဂါများ ဖြစ်ပွားစေနိုင်ပါသည်။
ထိုသို့ကူးစက် စေနိုင်သော ဗိုင်းရပ်စ်များ မှာ..။
Hepatitis A virus ( အသည်းရောင်အသားဝါ အေ ဗိုင်းရပ်စ်)
Norwalk virus and Norwalk-like virus တို့ဖြစ်ပါသည်။
Sources of biological contamination

ကူးစက်ရောဂါဖြစ်စေတတ်သော အဏုဇီဝပိုး များတွေ့ရှိ ပေါက်ပွားရာနေရာဒေသများ

၁။ မြေကြီး
၂။ မသန့်ရှင်းသော ရေ
၃။ တိရိစ္ဆာန် တို့၏ အညစ်အကြေးများ
၄။ မသန့်ရှင်းသော ရေဆိုးရေညစ်များ
၅။ ရောဂါဖြစ်ေနေသော လူ များ ၊တိရိစ္ဆာန်များ
၆။ လေ မှသယ် ဆောင်လာသော ဖုန်မှုန့်များ တို့ ဖြစ်ကြပါသည်။

ရောဂါဖြစ်စေသော အဏုဇီဝ ပိုးများ ကပ်ညိကာ ကူးစက် စေတတ်သော အကြောင်းရင်း အလေ့အထများ

၁။ တိရိစ္ဆာန် နှင့် လူတို့၏ အညစ်အကြေး များ စီးဆင်းမျောပါနေသော ရေကို စိုက်ခင်း တွင် အသုံးပြုခြင်၊ ပိုးသတ်ဆေး ဖျော်ခြင်း၊ ခူးဆွတ် ရိတ်သိမ်း ရာ တွင် ထည့်သည့် ပစ္စည်း များကို ဆေးကြောခြင်း၊ ရေခြဲပုလုပ်၍ သစ်သီးဟင်းသီးဟင်းရွက် များအပေါ်တွင် ရေခဲရိုက်ခြင်း၊ အအေးပေးသော စနစ် တွင် အသုံးပြုခြင်း၊ သစ်သီးဝလံ ဟင်းသီးဟင်းရွက် တို့ကို ဆေးကြောခြင်း။
၂။ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တို့ ခူးဆွတ် ပြီးသောအခါ တိရိစ္ဆာန် နှင့် လူတို့၏ အညစ်အကြေးများ စီးဆင်းမျောပါနေသော မြေ တွင် ပုံချခြင်း။
၃။ တိရိစ္ဆာန် နှင့် လူတို့၏ အညစ်အကြေး များ ထိစပ် နေသော လယ်ယာသုံးကိရိယာ၊ ထည့်စရာပစ္စည်းများ၊ ထုပ်ပိုးပစ္စည်းများ၊ သယ်ဆောင်သည့် တွန်းလှည်း၊ ထွန်စက်နောက်တွဲ ယာဉ်များ ကို အသုံးပြုမိသဖြင့်ကူးစက်ခြင်း။
၄။ ခူးဆွတ်ရာ တွင် အသုံးပြုသော ဓါးများ ၊ သစ်သားခြင်းများ ၊ အရွယ် အစားခွဲခြားသော ကိရိယာများ၊ ထုပ်ပိုးကိရိယားများကို သေချာစွာမဆေးကြောခြင်း။ သန့်စင် ထားမှုမရှိခြင်း၊ မသန့်ရှင်သော မြေ၊ ရေ တို့ နှင့် တိုက်ရိုက် ထိတွေ့ နေခြင်း။
၅။ သေချာ ပြုပြင်ထားခြင်း မရှိသည့် တိရိစ္ဆာန်ချေးများ၊ ကို စိုက်ခင်းတွင် တိုက်ရိုက် ထည့်သွင်းအသုံးပြု သောကြောင့် သစ်သီးဝလံ ဟင်းသီးဟင်းရွက်တို့ကို ထိတွေ့ ရောဂါ ရစေခြင်း။
၆။ ကူးစက် ရောဂါ ဖြစ်နေသော အလုပ်သမားတို့ကို ခိုင်းစေခြင်း၊ အိမ်သာ သွားပြီး လက်သေချာ မဆေးကြောခြင်း ၊ ညစ်ပတ်သော အိမ်သာ နှင့် ဆေးကြောသန့်စင် ရာ တွင် အသုံးပြုသည့် ပစ္စည်းများ ပံ့ပိုး တပ်ဆင် ထားမှုမရှိခြင်း။
၇။ တစ်ကိုယ်ရည် သန့်ရှင်းမှုမရှိသော အလုပ်သမားများ ကို ခိုင်းစေခြင်း၊ အသည်းရောင်အသားဝါ အေ ပိုး ဖြစ်ပွားနေသော အလုပ်သမားများကို စိုက်ခင်းများ၊ ခူးဆွတ် ထုပ်ပိုး၊ သယ်ဆောင် ရာ တွင် လည်းကောင်း၊ ခိုင်းစေ ခြင်း တို့ကြောင့် ရောဂါဖြစ်စေသော အဏုဇီဝ ပိုးများကပ်ညိကာ ကူးစက် စေတတ်သော အကြောင်းရင်း အလေ့အထများ ဖြစ် ပါသည်။

ဆက်လက်ဖေါ်ပြပါမည်။

ဒေါက်တာသန်းသန်းစိန်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်