ကြက်သွန်ဥ ထိပ်ပုတ်ရောဂါ (Botrytis Neck Rot)
ရောဂါဖြစ်စေသော သက်ရှိ- (၁) Bortrytis allii (၂) Bortrytis squamosa (၃) Botrytis cinerea
ရောဂါကျရောက်ချိန်- မိုးရွာသီ
ရောဂါလက္ခဏာ
ရောဂါရကြက်သွန်ဥ၏ ဂုတ်လည်ပတ်တွင် တစ်သျှူးသားများပျော့၍ အညိုရောင် ဖြစ်နေသည်။ ထပ်ဆင့်၍ ၎င်းတစ်သျှူးသားမှ မှိုအစုအဝေးသည် အညိုရောင်မှ အနက်ရောင်သို့ တဖြည်းဖြည်းပြောင်းလဲလာသည်ကို တွေ့ရှိရပါသည်။ ထို့နောက် နေလောင်သကဲ့သို့ ခြောက်ပြီး ဥတစ်ခုလုံးပုံသဏ္ဍာန်ပျက်သွားသည်။ ၎င်းမှတဆင့် ဘက်တီးရီးယား ဝင်ရောက်ခြင်းကြောင့် အပျော့ပုပ်ရောဂါထပ်ဆင့်၍ ဖြစ်စေနိုင်ပါသည်။
ရောဂါသံသရာ
ဤမှိုရောဂါကို ကြက်သွန်ဥများ သိုလှောင်စဉ်နှင့် သယ်ယူပို့ဆောင်ရာတွင် ပြင်းထန်စွာကျရောက်လေ့ရှိပါသည်။ ရိတ်သိမ်းချိန်တွင် မိုးရွာသွန်းခြင်း၊ စိုထိုင်းဆများခြင်းတို့ဖြစ်ပါက ရောဂါပိုမိုကျရောက်လေ့ရှိသည်။ ဤရောဂါဖြစ် မှိုသည် ကြက်သွန်ဥများ မခြောက်မီ ထိပ်ပိုင်းဖြတ်ခြင်း၊ လိမ်ခြင်းတို့ကြောင့် ၎င်းဒဏ်ရာများမှ တစ်ဆင့် ကြက်သွန် ဥတွင်းသို့ ဝင်ရောက်ပြီး ပျော့ပုပ်စေနိုင်ပါသည်။
ကာကွယ်နှိမ်နင်းနည်း
(၁) ရောဂါကင်း၍ ကောင်းမွန်စွာ ခြောက်သွေ့ပြီးသော ကြက်သွန်မျိုးများကို ရွေးချယ်စိုက်ပျိုးပါ။
(၂) စိုက်ချန်နောက်ပိုင်းတွင် ပုလဲ (နိုက်ထရိုဂျင်) မြေသြဇာလွန်ကဲစွာ ကျွေးခြင်းမပြုရပါ။
(၃) ကြက်သွန်မတူးဖော်မီ (၁၀) ရက် မှ (၁၄) ရက်အတွင်း ရေသွင်းခြင်း မပြုရပါ။
(၄) ခြောက်သွေ့သော ရာသီ၌သာ ကြက်သွန်တူးဖော်ပါ။
(၅) အမြိတ်မဖြတ်မီ တစ်ပါတ်အလိုတွင် စိုက်ခင်းကို အခြောက်ထားပါ။
(၆) သိုလှောင်ခြင်း မပြုမီ လေဝင်လေထွက်ကောင်းစေရန် ပြုလုပ်ပေးပါ။
(၇) သိုလှောင်ရာတွင် အပူချိန်( ၃၄-၃၆ ဒီဂရီ စင်တီဂရိတ်) နှင့် စိုထိုင်းဆ ၇၀ ရာခိုင်နှုန်းထက် လျော့နည်းမှ သာလျှင် အကောင်းဆုံး ဖြစ်ပါသည်။
လာဘီလိုက် (Labilite)PHI (၁၄)ရက် (၂၀၀ဂရမ်/ဧက) နှုန်း ပက်ဖျန်းပါ၊ ဘာဗစ်စတင်(Bavistin) ၂၅ ဂရမ် အစေ့ ၁ ကီလိုနှုန်း လူးနယ်စိုက်ပျိုးပါ။
မှတ်ချက်။ PHI (Pre Harvest Interval)ဆိုသည်မှာ ပိုးသတ်ဆေးဖြန်း အသုံးပြုပြီးနောက် သီးနှံများ ရိတ်သိမ်းရန် စောင့်ဆိုင်းရမည့် အချိန်ကာလ။
ပိုးသတ်ဆေး တစ်မျိုးချင်း သီးနှံအမျိုးအစားပေါ် မူတည်၍ ရိတ်သိမ်းရန် စောင့်ဆိုင်းရမည့် အချိန်ကာလသည် ကွာခြားမှု ရှိပါသည်။
အစိမ်းရောင်လမ်း

ဓာတ်ပုံ- ကြက်သွန်ဥတွင် တွေ့ရသော ထိပ်ပုပ် ရောဂါ
မှတ်ချက်- စိုက်ပျိုး မွေးမြူ ရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် စိုက်ပျိုးရေး ဦးစီးဌာန (www.doa.gov.mm)မှ စိုက်ပျိုးရေး နည်းပညာများ ပြန်လည် မျှဝေ ပေးခြင်း ဖြစ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကြက်သွန်နီဥပုပ်ရောဂါ
အကြောင်းအရာ 2
ကြက်သွန်ဥ ထိပ်ပုတ်ရောဂါ
ဆက်စပ်မေးခွန်းများ
အပင်အာဟာရကြောင့်လားပိုး။ မှိုရောဂါကြောင့်လားခင်ဗျ ပိုးဆေးက လက်ရှိ ပိုင်မီထရိုဇင်း သိုင်ယာမီသောင်ဇင် အာဘာမက်တင်နဲ့ရောပြီးတလည့်စီသုံးထားပါတယ် ဘယ်လို။ ပြုပြင်သင့်ပါလည်းခင်ဗျ မြေဆီ15ပတ်လည်ကြွေးထားပါတယ်
ခင်ဇော်ဝင်း • ဖြေကြားချက် 0 ခု
စုပ်စားပိုးကြောင့်လားရောဂါလားခင်ဗျ ပိုင်မီထရိုဇင်း သိုင်ယာမီသောင်ဇင် အမီတာကရိုးပစ် အာဘာမက်တင်နဲ့ရောပြီးဖြန်းပါတယ် ခုထိပြန့်နေတုံးပဲ မြေဆီ15ပတ်လည်တော့ကျွေးထားပါတယ်ခင်ဗျ အပင်အဟာရကြောင့်လားပိုးမွားမှိုရောဂါလားဆိုတာသုံးသပ်ပေးပါအုံးဆရာခင်ဗျဘယလိုပြုပြင်သင့်ပါလည်းခင်ဗျ
ခင်ဇော်ဝင်း • ဖြေကြားချက် 0 ခု
နှမ်းပင်ပေါက်လေးတွေပါ ပိုးတွေကျနေလို့ပါ ဘာပိုးသတ်ဆေး ဖြန်းရမလဲ ဘာပိုးကောင်လဲ ဘယ်လိုအကေါင်က ပေါက်တာလဲ
ဦးသာအောင် • ဖြေကြားချက် 1 ခု
နှမ်းပင်းပေါက်လေတွေပါ ပုံထဲကလို့ ပိုးလေးတွေကျနေလိုပါ ဘာပိုးသတ်ဆေး ဖြန်းရမလဲ ဘာပိုးအမျိုးအစားလဲ ဘယ်လိုအကောင်က ပေါက်တာလဲ
ဦးသာအောင် • ဖြေကြားချက် 1 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026