ငါးကြင်းမွေးမြူရေးအကြောင်း

15/06/2020 15:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြက်စားငါးကြင်း၊ ငွေရောင်ငါးကြင်း၊ ခေါင်းကြီးငါးကြင်းမျိုးများကို မွေးမြူခြင်းဖြင့် အစာရှားပါးမှုအတွက် များစွာအထောက်အကူပြုပါသည်။ မြက်စားငါးကြင်းများသည် မည်သည့်မြက်မဆို အဆိပ်မပါသည့်မြက်များကို စားနိုင်သည့်အတွက် ငါးစာရှားပါးသောဒေသအတွက် အကျိုးသက်ရောက်မှု အများကြီးရနိုင်ပါသည်။ ငါးကန်တစ်ကန်တွင် မြက်စားငါးကြင်း၊ ငွေရောင်ငါးကြင်း၊ ခေါင်းကြီးငါးကြင်း ()မျိုး မွေးမြူခြင်းဖြင့် မြက်စားငါးကြင်းအတွက် မြက်ကျွေး၍ မြက်စားငါးကြင်း၏ အညစ်အကြေးမှ အပင်မျှော(သို့)ရေလွင့်ပင် (Phytoplankton) များကို ငွေရောင်ငါးကြင်းမှ စားပြီး အကောင်မျှော (သို့) ရေလွင့်ကောင်(Zooplankton)များကို ခေါင်းကြီးငါးကြင်းမှ စားသုံးလျှက်ရှိပါသည်။

မြက်စားငါးကြင်းသည် ရွှေဝါငါးကြင်းကဲ့သို့ အဖတ်တင်နှုန်းနည်းသည့်အတွက် ဂရုတစိုက်မွေးမြူရပါသည်။ အဖတ်တင်နှုန်းမှာ ၆၀%ခန့်ရှိသည့်အတွက် လက်သန်းအရွယ်တွင် ကန်အတွင်း မြွေများမရှိစေရေးနှင့် အောက်စီဂျင်(Oxygen)မပြတ်စေရန် အထူးသတိပြုရန် လိုအပ်ပါသည်။ မြက်စားငါးနှင့်တူသော ငွေရောင်ငါးကြင်း၊ ခေါင်းကြီးငါးကြင်းများအပြင် ငါးမြစ်ချင်းနှင့် ရော၍ မွေးမြူနိုင်ပါသည်။ မြက်အပြင် ဖွဲနု၊ ပဲဖတ်၊ နှမ်းဖတ်များ ကျွေးပါက ကြီးထွားနှုန်းပို၍ မြန်ဆန်စေပါသည်။ မြက်စားငါးကြင်းမှ ညှစ်ထုတ်သော အညစ်အကြေးကြောင့် ကန်ရေမှာ စိမ်းနေပြီး ကန်ထဲမှ အက်စစ်ဓါတ်များလွန်းပါက အောက်စီဂျင်ပြတ်၍ ငါးသေနိုင်ပါသည်။ သို့ဖြစ်၍ တစ်လတစ်ကြိမ် ရေ(/)ခန့် ထုတ်ပြီး ပြန်သွင်းပါက ပို၍ကောင်းပါသည်။

ကြီးထွားနှုန်းမှာ ကန်ကြီးပါက ငါးပို၍ ကြီးနိုင်ပါသည်။ ပုံမှန်အနေအထားအရ တစ်နှစ်လျှင် (၇၀ကျပ်သားမှ တစ်ပိဿာခွဲအထိ ကြီးနိုင်ပါသည်။ အစာကျွေးမွေးမှု၊ ကန်ရေပြင်ကျယ်ပြန့်မှုပေါ်မှာ ကြီးထွားနှုန်းမူတည်ပါသည်။ တချို့ဆည်ကြီးများတွင် မြက်စားငါးကြင်း ၂ -နှစ်သား (၁၀ ပိဿာမှ ၁၂ ပိဿာ)အရွယ်များအထိ ကြီးထွားသည်ကို တွေ့ရှိနိုင်ပါသည်။

ဤငါးကြင်းငါးမျိုးများသည် အသားစားကောင်းသည့်အပြင် အရိုးအမျှင်နည်းသဖြင့် နိုင်ငံတကာတွင် မွေးမြူရေးကဏ္ဍ၌ ခေတ်စားလျှက်ရှိပါသည်။

၁။ အစာကျွေးနည်း

(က) ကျွေးမွေးရမည့် အစာအမျိုးအစား

ငါးကြင်းငါးမျိုးစိတ်များကို ဖွဲနု၊ ပဲဖတ်၊ နှမ်းဖတ်၊ ဝါစေ့ပတ်၊ နေကြာဖတ် များကို ကျွေးနိုင်ပါသည်။ မြက်စားငါးကြင်းများကို မြက်များအပြင် အထက်ပါအတိုင်း ကျွေးနိုင်ပါသည်။ သဘာဝစာအဖြစ်လာအောင် (Organic matters)ဖြစ်သည့် တိရစ္ဆာန်မှ စွန့်ပစ်သည့် အညစ်အကြေးများ (Inorganic Matter) ဖြစ်သည့် စက်ရုံမှ ထုတ်လုပ်သော ဓါတ်မြေဩဇာများ၊ ဥပမာ- တီစူပါများကို အပင်မျှော(ခေါ်)ရေလွင့်ပင်(Phytoplankton) နှင့် အကောင်မျှော(ခေါ်)ရေလွင့်ကောင် (Zooplankton)ဖြစ်အောင် ပြုလုပ်ခြင်းဖြင့် ငါးကြီးထွားနှုန်း ပို၍မြန်ဆန်စေနိုင်ပါသည်။

() အာဟာရတန်ဖိုးများ

ဖွဲနုစစ်စစ်နှင့် လတ်ဆတ်သော ပဲဖတ်၊ နှမ်းဖတ်များသည် အစာအာဟာရအပြည့်ပါရှိပြီး ဖြစ်ပါသည်။

() အစာကျွေးနည်း (ဖွဲနုနှင့် ပဲဖတ် ၃:)

ဖွဲနု ၃ ဆ၊ ပဲဖတ်၊ နှမ်းဖတ် ၁ – ဆ ကို ရေနှင့်ရော၍ လုံးပြီး မနက်နေထွက်ချိန်မှစ၍ (:၀၀)နာရီ နှင့် (:၀၀)နာရီကြား ကျွေးသင့်ပါသည်။ သဘာဝအစာအတွက် ကန်ရေအခြေအနေကြည့်ပြီး လိုအပ်သလို တစ်ရက်လျှင် ၁ ကြိမ် (သို့) ၂ ကြိမ် ထည့်သင့်ပါသည်။

() အစာကျွေးရမည့်အချိန်

တစ်နေ့လျှင် နေထွက်ချိန် နံနက်(:၀၀)နာရီ မှ (:၀၀)နာရီကြား ကျွေးသင့်ပါသည်။ နေမထွက်ခင် အောက်စီဂျင်ပြတ်၍ မကျွေးသင့်ပါ။

() အစာကျွေးနှုန်း (ခန္ဓာကိုယ်အလေးချိန်၏ ၂% မှ ၄%)

တွက်ချက်နည်း- အစာကျွေးရာတွင် ငါးတစ်ကောင်၏ ကိုယ်အလေးချိန်( သို့မဟုတ်) တစ်လတစ်ခါဖမ်း၍ရသော ငါးတစ်ပိဿာတွင် ငါးကောင်ရေမည်မျှပါသည်ကို ချိန်ပြီး ၂% မှ ၄%ကျွေးသင့်ပါသည်။

မှတ်ချက်။ ။ ငါးများအစာ ဝ/မဝ ကို ဝမ်းဗိုက်ကို စမ်းကြည့်၍ ဝမ်းဗိုက်မာနေလျှင် အစာမဝ။ ဝမ်းဗိုက်ပျော့နေလျှင်အစာဝကြောင်း တွေ့ရပါသည်။

၂။ မွေးမြူသည့် ကာလအပိုင်းအခြား(Culture Period)

(-၁၂)လအကြာ မွေးမြူရပါမည်။ ငါးသားပေါက်ရရှိမည့်အချိန်နှင့် ချိန်ဆရပါမည်။ သားပေါက်ရရှိသော အချိန်မှစ၍ ၁နှစ် (သို့မဟုတ်) ၂နှစ်၊ ၃နှစ် ထိ မွေးသင့်ပါသည်။ ပထမနှစ်တွင် ကြီးထွားနှုန်းနှေးသည်။ ဒုတိယနှစ်နှင့် တတိယနှစ်တွင် ကြီးထွားနှုန်းပို၍ မြန်ဆန်အပြင် အနည်းဆုံး ၂နှစ်မွေးသင့်ပါသည်။

၃။ ကြီးထွားနှုန်း( Growth Rate)

အထက်တွင် ဖော်ပြပြီ ဖြစ်ပါသည်။ အဓိကအားဖြင့် -

(က) အစာ - Proteinပါသောအစာများ ကျွေးရပါမည်။,

() Water Quality - pH ခေါ် ရေ၏ ချဥ်ဖန်နှုန်း (.၅ မှ ၈.ကြား ရှိရပါမည်။

() ကန်၏အရွယ် - ငါးကန်ကြီးလျှင် ငါးပို၍ ကြီးနိုင်သည်။ ကန်အနက် အနည်းဆုံး ၄ ပေနှင့် အနက်ဆုံး ၆ ပေ ရှိ ရပါမည်။

ဦးဇော် (dof)

Ref: ရေချိုငါးမွေးမြူရေးလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ။

 

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်