ကကတစ်ငါး မွေးမြူနည်း

27/02/2020 15:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကကတစ်ငါးအကြောင်း

ကကတစ်ငါးမှာ ရေငန်၊ ရေချို ရေငန်စပ်၊ ရေချိုဒေသများတွင် နေထိုင်ကြပါသည်။ မျိုးပွားရာသီတွင် ရေငန်သည့် ပင်လယ်ဝ (၂၈-၃၂ PPT)၌ မျိုးပွားကြပါသည်။ အသားစားငါးများဖြစ်ပြီး သားပေါက်များမှာ အငန်နှုန်းနိမ့်ရာ မြစ်၊ချောင်း၊ ဒီရေတောများ၌ ရှင်သန်ကြီးထွားကြသည်။ အထီးမှ အမသို့ လိင်ပြောင်းလဲတတ်သည့် ငါးဖြစ်သည်။

မွေးမြူသင့်သည့် အကြောင်းအရင်း

- ကကတစ်ငါးမှာ အငန်နှုန်းပြောင်းလဲမှုဒဏ်ကို များစွာ ခံနိုင်ခြင်း၊

- ကြီးထွားနှုန်းကောင်းခြင်း၊

- ရေနောက်ကျိသည့်နေရာ၌ပင် အစားကောင်းစွာ စားနိုင်ခြင်း၊

- အကြမ်းခံနိုင်ခြင်း၊

- မွေးမြူထိန်းသိမ်းရန် ယဥ်ပါးလွယ်ခြင်း၊

- လူကြိုက်များပြီး ဈေးကွက်ကောင်းမွန်ခြင်း တို့ဖြစ်သည်။

အသားတိုး မွေးမြူနည်းစနစ်များ

(က) ရေပေါ်ပိုက်လှောင်အိမ် ( Floating net cage)

() မြေသားကန် (Pond)

() လှောင်အိမ်အသေ (Stationary Cage)တို့ ဖြစ်ကြသည်။

နေရာရွေးချယ်ခြင်း

(က) ရေပေါ်လှောင်အိမ်

၁။ လှိုင်းလေမပြင်းထန်သည့်နေရာ

၂။ အငန်နှုန်း (၁၀ – ၃၀) PPT ရှိသည့်နေရာ

၃။ ဒီရေအစစ်ဆုံးအချိန်

၄။ သင့်တင့်သော ရေစီးနှုန်းရှိသည့် နေရာ

၅။ ရေညစ်ညမ်းမှု ကင်းသည့်နေရာ

၆။ ငါးစာများဝယ်ကူရန် လက်လှမ်းမှီသည့် နေရာ

၇။ လုံခြုံစိတ်ချရသည့် နေရာ တို့ဖြစ်ပါသည်။

() မြေသားကန်

၁။ ရေချိုရေငန်စပ်၊ ရေငန်အလွယ်တကူရရှိနိုင်သည့် နေရာ

၂။ အငန်နှုန်း (၁၀ – ၃၀) PPT ရရှိနိုင်သည့်နေရာ

၃။ ကုန်းမြေ မနိမ့်လွန်း၊ မမြင့်လွန်းသော နေရာ

၄။ မြေအချဥ်ဓါတ်နည်းသည့် နေရာ

၅။ ရွံ့စေး (သို့) ရွံ့နုန်းမြေနေရာ

၆။ ထောက်ပံ့ဆက်သွယ်ရေးလမ်း ကောင်းမွန်သော နေရာ

၇။ ရေပြင်ညစ်ညမ်းမှု ကင်းသည့်နေရာ

၈။ ငါးစာများဝယ်ကူရန် လက်လှမ်းမှီသည့် နေရာ

၉။ လုံခြုံစိတ်ချရသည့် နေရာ တို့ဖြစ်ပါသည်။

ကန်အရွယ်အစား

ရေပေါ်လှောင်အိမ်တွင် (၁၀ပေ Ž ၁၀ပေ), (၁၂ပေ Ž ၁၂ပေ), (၁၅ပေ Ž ၁၅ပေ) အရွယ်အစား ရှိရမည်။

မြေသားကန်တွင် (.၂၅)ဧက မှ ()ဧက အရွယ်အစားရှိရပါမည်။

သားပေါက်ထည့်သွင်းခြင်း

သားပေါက်အရွယ် - .၅ လက်မကို ရေပေါ်လှောင်အိမ်တွင် ထည့်သွင်းပြီး (၁ လက်မ မှ ၂.၅ လက်မ)ကို မြေသားကန်တွင် ထည့်သွင်း မွေးမြူနိုင်ပါသည်။

ထည့်သွင်းနှုန်း - (၁၀ပေ Ž ၁၀ပေ Ž ၁၀ပေ) လှောင်အိမ်တစ်ခု၌ ကောင်ရေ (၆၀၀)နှုန်း/ ()ဧက မြေသားကန်၌ ကောင်ရေ (၃၀၀၀)နှုန်း ထည့်သွင်း မွေးမြူနိုင်ပါသည်။

ရေးသားသူ - ဦးဇော် (dof)

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်