မီးရှို့ခြင်းနဲ့ ကျွန်ုပ်တို့ရဲ့ပတ်ဝန်းကျင်

12/01/2021 14:30 PM တွင် စုမြတ်မြတ်မိုး စုမြတ်မြတ်မိုး မှ ရေးသား

    ကမ္ဘာပေါ်တွင် လူဦးရေအဆမတန်တိုးပွားလာသည်နဲ့အမျှ စားဝတ်နေရေးကို အစဥ်အမြဲရင်ဆိုင်ဖြေရှင်းနေရပါသည်။ ထိုသို့ဖြေရှင်းရာတွင် လူသားများသည် သုံးစွဲပြီးသော အမှိုက်သရိုက်များကို မီးရှို့ပြီးဖျက်ဆီးခြင်းကလည်း အပါအဝင်ဖြစ်ပါသည်။ ရှေးခေတ်များစွာထဲမှ လူသားများသည် အမှိုက်သရိုက်များကို မီးရှို့ဖျက်ဆီးကြသော်လည်း နောက်ဆက်တွဲရလာဒ်ကိုမူ စိတ်ဝင်စားခြင်းမရှိခဲ့ပါ။

    အမှိုက်သရိုက်များကိုမီးရှို့ခြင်းမှ ထွက်လာ​သောမီးခိုးများသည် ပထမဦးစွာ မျက်စိမွှန်ခြင်း၊ ယားခြင်းနှင့် အသက်ရှုမဝ​ခြင်းများ ဖြစ်စေမည်ဖြစ်ပါသည်။ မီးခိုးငွေ့ထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက်၊ ကာဗွန်မိုနောက်ဆိုက်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်နှင့် မီသိန်းများ ပါဝင်ပြီး အဆိုပါဓာတ်ငွေ့များသည် ကားအင်ဂျင်များ၊ မီးခိုးခေါင်းတိုင်များမှထွက်သော ဓာတ်ငွေ့များနှင့် တူညီပါသည်။ လေထုထဲသို့ အစုလိုက့်အပြုံလိုက်ရောက်သွားပါက လေထုညစ်ညမ်းမှုကိုဖြစ်စေပြီး မသန့်ရှင်း​သောလေထုကို ရှူရှိုက်ပါက အသက်ရှုကြပ်​ခြင်း၊ ပျို့အန်ခြင်း ၊ ယားနာများထွက်ခြင်းနှင့် ပန်းနာရင်ကြပ်​ရောဂါများ ဖြစ်လာပါသည်။ အဆုတ်မကောင်းသောလူများသည် မသန့်ရှင်းသောလေကိုရှူမိပါက အသက်ရှူမဝခြင်းမှစကာ ရင်ကြပ်ခြင်းအထိ ဖြစ်လာပါသည်။

    ယခုအခါ ရန်ကုန်ကဲ့သို့ မြို့ကြီးများတွင် လူဦးရေထူထပ်သည့်အပြင် စီးပွားရေလုပ်ငန်းများကြောင့် အလုပ်ရုံများမှထွက်​သော မီးခိုးများသည် လေထုညစ်ညမ်းမှုမြင့်တက်​စေလာပြီး မြူဆိုင်းနေသကဲ့သို့ အုံ့မှိုင်း​သောရက်များ ရှိနေပါသည်။ ထို့အပြင် မီးခိုးတွင်ပါသည့် ကာဗွန်မိုနောက်ဆိုက်နှင့်မီသိန်းများက ကမ္ဘာကြီးပူနွေးလာမှုကိုအားပေး​သော ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့များ ဖြစ်နေပါသည်။ ဖန်လုံအိမ်ဓာတ်ငွေ့များလာပါက လက်ရှိအပူချိန်ထက် အဆမတန် အပူချိန်မြင့်တက်လာပြီး ရာသီဥတုဖောက်ပြန်လာကာ သီးနှံများ စိုက်ပျိုး၍မရနိုင်ပါ။ မြင့်လာသောအပူချိန်ကြောင့် ရေခဲတောင်များ အရည်ပျော်ကျလာကာ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာပြီး ကမ်းရိုးတန်းဒေသရှိမြို့များ ရေအောက်နစ်မြုပ်သွားခြင်း၊ ရေခဲမြစ်များပျောက်ကွယ်ခြင်း၊ ရေခဲတောင်များတွင် မှီတင်းနေထိုင်သော သက်ရှိမျိုးစိတ်များနှင့် အပင်မျိုးစိတ်များမျိုးတုံးခြင်း စသောဆိုးကျိုးများစွာ ကြုံတွေ့မည်မလွဲပေ။

    ထို့ပြင် စိုက်ပျိုးရေးလုပ်ငန်းတွင် သစ်ရွက်ခြောက်များမီးရှို့ခြင်း၊ အမှိုက်များမီးရှို့ခြင်း၊ တောမီးရှို့ကာ စိုက်ပျိုးခြင်းတို့တွင် သစ်ရွက်များမှထွက်သော ကာဗွန်မိုနောက်ဆိုက်သည် လူများကို အဆုတ်ကင်ဆာဖြစ်စေနိုင်သည်ဟု ဆရာဝန်များက သတ်မှတ်ကြပါသည်။

    ထိုအခါ အမှိုက်သရိုက်ကို အတတ်နိုင်ဆုံး မီးရှို့ခြင်းမှရှောင်ကြဥ်ကာ သဘာဝအတိုင်းဆွေးမြေ့စေခြင်း၊ ပြန်သုံးခြင်း(အအေးဘူးခွံ)၊ ပြန်လည်အသုံးချခြင်း (ကျွတ်ကျွတ်အိတ်များကို အမှိုက်ထည့်ရန်ပြန်သုံးခြင်း)၊ မဆွေးမြေ့သော ပလတ်စတစ်နှင့် ကျွတ်ကျွတ်အိတ်များကို လျော့သုံးခြင်း၊ ဆွေးမြေ့လွယ်သော ဖက်ရွက်၊ ကြာရွက်များဖြင့် အသား ငါး၊ အသီးရွက်များထုပ်ပိုးခြင်း၊ တစ်ခါသုံးကော်ဖီခွက် ပန်းကန်များအား လျော့သုံးခြင်း၊ စျေးသွားပါက ထည့်စရာခြင်း သို့မဟုတ် အိတ်များကို မိမိဘာသာသယ်ဆောင်သွားခြင်းများ ပြုလုပ်ရပါမည်။ စိုက်ပျိုးရေးတွင်လည်း သစ်ရွက်များနှင့် မြက်ခြောက်များကို မီးရှို့မည့်အစား natural mulch အဖြစ် လိုအပ်သည့်နေရာတွင် ပုံခြင်း၊ ဖုံးပေးခြင်း၊ သဘာဝအတိုင်းမြေဆွေးပုံအဖြစ်ထားကာ ဆွေးမြေ့စေခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါသည်။ တောင်ယာမီးရှို့ခြင်းကိုလည်း အတတ်နိုင်ဆုံးရှောင်ရပါမည်။

    မီးရှို့ခြင်းမှဖြစ်လာသော နောက်ဆက်တွဲ သက်ရောက်မှုများသည် လူအပါအဝင် သက်ရှိများနှင့် ကမ္ဘာကြီးကိုပါ ခြောက်လှန့်သော ဆိုးရွားသည့်အချက်များဖြစ်သောကြောင့် မိမိတို့တစ်ယောက်ခြင်းသည် အထက်ပါအချက်များကို တတ်နိုင်သမျှလိုက်နာပါက လူသားတို့နေထိုင်ရာကမ္ဘာကြီးသည် ရေရှည်တွင် ကျန်းမာသောနေ့သစ်များကို အနာဂတ်မျိုးဆက်သစ်များအတွက် ယူဆောင်ပေးမည်မှာ မလွဲဖြစ်ပါတော့သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်