မီးရှို့ခြင်းနဲ့ ကျွန်ုပ်တို့ရဲ့ပတ်ဝန်းကျင်

12/01/2021 14:30 PM တွင် စုမြတ်မြတ်မိုး စုမြတ်မြတ်မိုး မှ ရေးသား

    ကမ္ဘာပေါ်တွင် လူဦးရေအဆမတန်တိုးပွားလာသည်နဲ့အမျှ စားဝတ်နေရေးကို အစဥ်အမြဲရင်ဆိုင်ဖြေရှင်းနေရပါသည်။ ထိုသို့ဖြေရှင်းရာတွင် လူသားများသည် သုံးစွဲပြီးသော အမှိုက်သရိုက်များကို မီးရှို့ပြီးဖျက်ဆီးခြင်းကလည်း အပါအဝင်ဖြစ်ပါသည်။ ရှေးခေတ်များစွာထဲမှ လူသားများသည် အမှိုက်သရိုက်များကို မီးရှို့ဖျက်ဆီးကြသော်လည်း နောက်ဆက်တွဲရလာဒ်ကိုမူ စိတ်ဝင်စားခြင်းမရှိခဲ့ပါ။

    အမှိုက်သရိုက်များကိုမီးရှို့ခြင်းမှ ထွက်လာ​သောမီးခိုးများသည် ပထမဦးစွာ မျက်စိမွှန်ခြင်း၊ ယားခြင်းနှင့် အသက်ရှုမဝ​ခြင်းများ ဖြစ်စေမည်ဖြစ်ပါသည်။ မီးခိုးငွေ့ထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက်၊ ကာဗွန်မိုနောက်ဆိုက်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်နှင့် မီသိန်းများ ပါဝင်ပြီး အဆိုပါဓာတ်ငွေ့များသည် ကားအင်ဂျင်များ၊ မီးခိုးခေါင်းတိုင်များမှထွက်သော ဓာတ်ငွေ့များနှင့် တူညီပါသည်။ လေထုထဲသို့ အစုလိုက့်အပြုံလိုက်ရောက်သွားပါက လေထုညစ်ညမ်းမှုကိုဖြစ်စေပြီး မသန့်ရှင်း​သောလေထုကို ရှူရှိုက်ပါက အသက်ရှုကြပ်​ခြင်း၊ ပျို့အန်ခြင်း ၊ ယားနာများထွက်ခြင်းနှင့် ပန်းနာရင်ကြပ်​ရောဂါများ ဖြစ်လာပါသည်။ အဆုတ်မကောင်းသောလူများသည် မသန့်ရှင်းသောလေကိုရှူမိပါက အသက်ရှူမဝခြင်းမှစကာ ရင်ကြပ်ခြင်းအထိ ဖြစ်လာပါသည်။

    ယခုအခါ ရန်ကုန်ကဲ့သို့ မြို့ကြီးများတွင် လူဦးရေထူထပ်သည့်အပြင် စီးပွားရေလုပ်ငန်းများကြောင့် အလုပ်ရုံများမှထွက်​သော မီးခိုးများသည် လေထုညစ်ညမ်းမှုမြင့်တက်​စေလာပြီး မြူဆိုင်းနေသကဲ့သို့ အုံ့မှိုင်း​သောရက်များ ရှိနေပါသည်။ ထို့အပြင် မီးခိုးတွင်ပါသည့် ကာဗွန်မိုနောက်ဆိုက်နှင့်မီသိန်းများက ကမ္ဘာကြီးပူနွေးလာမှုကိုအားပေး​သော ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့များ ဖြစ်နေပါသည်။ ဖန်လုံအိမ်ဓာတ်ငွေ့များလာပါက လက်ရှိအပူချိန်ထက် အဆမတန် အပူချိန်မြင့်တက်လာပြီး ရာသီဥတုဖောက်ပြန်လာကာ သီးနှံများ စိုက်ပျိုး၍မရနိုင်ပါ။ မြင့်လာသောအပူချိန်ကြောင့် ရေခဲတောင်များ အရည်ပျော်ကျလာကာ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာပြီး ကမ်းရိုးတန်းဒေသရှိမြို့များ ရေအောက်နစ်မြုပ်သွားခြင်း၊ ရေခဲမြစ်များပျောက်ကွယ်ခြင်း၊ ရေခဲတောင်များတွင် မှီတင်းနေထိုင်သော သက်ရှိမျိုးစိတ်များနှင့် အပင်မျိုးစိတ်များမျိုးတုံးခြင်း စသောဆိုးကျိုးများစွာ ကြုံတွေ့မည်မလွဲပေ။

    ထို့ပြင် စိုက်ပျိုးရေးလုပ်ငန်းတွင် သစ်ရွက်ခြောက်များမီးရှို့ခြင်း၊ အမှိုက်များမီးရှို့ခြင်း၊ တောမီးရှို့ကာ စိုက်ပျိုးခြင်းတို့တွင် သစ်ရွက်များမှထွက်သော ကာဗွန်မိုနောက်ဆိုက်သည် လူများကို အဆုတ်ကင်ဆာဖြစ်စေနိုင်သည်ဟု ဆရာဝန်များက သတ်မှတ်ကြပါသည်။

    ထိုအခါ အမှိုက်သရိုက်ကို အတတ်နိုင်ဆုံး မီးရှို့ခြင်းမှရှောင်ကြဥ်ကာ သဘာဝအတိုင်းဆွေးမြေ့စေခြင်း၊ ပြန်သုံးခြင်း(အအေးဘူးခွံ)၊ ပြန်လည်အသုံးချခြင်း (ကျွတ်ကျွတ်အိတ်များကို အမှိုက်ထည့်ရန်ပြန်သုံးခြင်း)၊ မဆွေးမြေ့သော ပလတ်စတစ်နှင့် ကျွတ်ကျွတ်အိတ်များကို လျော့သုံးခြင်း၊ ဆွေးမြေ့လွယ်သော ဖက်ရွက်၊ ကြာရွက်များဖြင့် အသား ငါး၊ အသီးရွက်များထုပ်ပိုးခြင်း၊ တစ်ခါသုံးကော်ဖီခွက် ပန်းကန်များအား လျော့သုံးခြင်း၊ စျေးသွားပါက ထည့်စရာခြင်း သို့မဟုတ် အိတ်များကို မိမိဘာသာသယ်ဆောင်သွားခြင်းများ ပြုလုပ်ရပါမည်။ စိုက်ပျိုးရေးတွင်လည်း သစ်ရွက်များနှင့် မြက်ခြောက်များကို မီးရှို့မည့်အစား natural mulch အဖြစ် လိုအပ်သည့်နေရာတွင် ပုံခြင်း၊ ဖုံးပေးခြင်း၊ သဘာဝအတိုင်းမြေဆွေးပုံအဖြစ်ထားကာ ဆွေးမြေ့စေခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါသည်။ တောင်ယာမီးရှို့ခြင်းကိုလည်း အတတ်နိုင်ဆုံးရှောင်ရပါမည်။

    မီးရှို့ခြင်းမှဖြစ်လာသော နောက်ဆက်တွဲ သက်ရောက်မှုများသည် လူအပါအဝင် သက်ရှိများနှင့် ကမ္ဘာကြီးကိုပါ ခြောက်လှန့်သော ဆိုးရွားသည့်အချက်များဖြစ်သောကြောင့် မိမိတို့တစ်ယောက်ခြင်းသည် အထက်ပါအချက်များကို တတ်နိုင်သမျှလိုက်နာပါက လူသားတို့နေထိုင်ရာကမ္ဘာကြီးသည် ရေရှည်တွင် ကျန်းမာသောနေ့သစ်များကို အနာဂတ်မျိုးဆက်သစ်များအတွက် ယူဆောင်ပေးမည်မှာ မလွဲဖြစ်ပါတော့သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်