ယခုနှစ်တွင် တောင်သူများ လိုအပ်ချက် မြင့်မားနေသည့် မျိုးစေ့များ ရရှိစိုက်ပျိုးနိုင်ရန် ဖြန့်ချီပေးထားသကဲ့သို့ ထွက်ရှိလာသည့် ပဲပုပ်များကိုလည်း ပိဿာ (၂၀) တစ်တင်းလျှင် ကျပ် ၁၈,၀၀၀ ဖြင့် အနိမ်ဆုံးဈေး သတ်မှတ် ကာ ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ပဲပုပ်စိုက်တောင်သူ အများပိုင်ကုမ္ပဏီမှ သိရသည်။