ပြောင်းစိုက်ခင်းများမှာ FAW ငမြှောင်တောင်ပိုး ကျရောက်ဖျက်စီးပါက ဆက်သွယ်အကြောင်းကြားနိုင်

14/06/2019 17:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကရင်ပြည်နယ်အတွင်း ပြောင်းစိုက်ဧရိယာများမှာ FAW ငမြှောင်တောင်ပိုး ကျရောက်ဖျက်စီးပါက ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း ကရင်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ သိရပါတယ်။

တောင်သူများအနေနဲ့ စိုက်ခင်းများမှာ FAW ငမြှောင်တောင်ပိုး ကျရောက်မှုများရှိလာပါက ချက်ချင်းအကြောင်းကြားနိုင်ပြီး  ဆက်သွယ်နိုင်ပါတယ်လို့ ကရင်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးသန်းထိုက် ကပြောပါတယ်။

“ ပြည်နယ်အချို့ရဲ့ ပြောင်းစိုက်ခင်းဧရိယာတွေမှာ ဖျက်စီးတဲ့ပိုးတွေ ကျရောက်နေတော့ စိုက်ချိန် ကို နောက်မကျဖို့နဲ့ အသိပေးကြေညာချက်တွေ၊ ကာကွယ်ရမယ့်နည်းလမ်းတွေကို အခုလုပ်ဆောင်နေပါတယ်။ တောင်သူတွေအနေနဲ့လည်း သံသယဖြစ်စရာပိုးမွှားတွေ့ရှိရင် အချိန်မှီဆက်သွယ်နိုင်ပါတယ်”

ကရင်ပြည်နယ်ရှိ တောင်သူများအနေနဲ့ သံသယဖြစ်စရာပိုးမွှားများ တွေ့ရှိပါက ဆက်သွယ်ရန် ဖုန်း နံပါတ် ၀၉- ၂၀၂၀၁၀၆၀၉ - ၄၄၃၅၉၆၆၉ နဲ့ ၀၉ - ၆၉၉၉၈၆၉၃၉ ကို ဆက်သွယ်နိုင်ကြောင်းသိရပါတယ်။

ယခင်ရက်ပိုင်းအတွင်းက စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်ရှိ ပြောင်းစိုက်ခင်းဧရိယာအချို့မှာ FAW ငမြှောင်တောင် ပိုးများ ကျရောက်ခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။

တိုးတိုးခိုင်(ABM)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်