လာမယ့်နှစ်အတွင်း မြန်မာ့ငရုတ်ထွက်ရှိမှုနှုန်း ကျဆင်းနိုင်

11/12/2019 11:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

လာမယ့်နှစ်အတွင်းမှာ မြန်မာ့ငရုတ်ထွက်ရှိမှုနှုန်းမှာ ကျဆင်းနိုင်ကြောင်း ငရုတ်သီးစျေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။ 

သဖန်းဆိပ်ဆည်မှ ရေပေးဝေမှု ရပ်ဆိုင်းလိုက်တာကြောင့် ငရုတ်ပင်စိုက်ပျိုးမှု ထိခိုက်နိုင်ပြီး  ငရုတ်သီးထွက်ရှိမှုနှုန်းမှာ ကျဆင်းနိုင်တယ်လို့ ငရုတ်သီးစျေးကွက်နှင့် နည်းပညာဖွံ့ ဖြိုးတိုးတက်ရေးအသင်းမှ ဥက္ကဌ ဒေါ်ဥမ္မာကျော်ကပြောပါတယ်။

တစ်နိုင်ငံလုံးရှိ ဆည်ရေသောက်ဧရိယာ၏ ၂၀ % ကိုရေပေးဝေနေတဲ့ဆည်ကြီးက ရပ်ဆိုင်းလိုက်တဲ့အတွက် အခုရေဂါလံ(၂၉) သိန်း သုံးစွဲနေတဲ့ ငရုတ်ခင်းကြီးကို (၃)သိန်းပဲရမယ်ဆိုတော့ ငရုတ်စိုက်ပျိုးဖို့ကအဆင်မပြေဘူး။ အဲဒါကြောင့် လာမယ့်နှစ်အတွင်းမှာ ငရုတ်သီးထွက်ရှိမှုနှုန်းက ကျဆင်းနိုင်ပါတယ်

ငရုတ်သီးထွက်ရှိမှုနှုန်းကျဆင်းမှုကြောင့် ပြည်ပစျေးကွက်များကိုပါ တင်ပို့မှုကျဆင်းနိုင်တာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။ 

မြန်မာ့ငရုတ်ကို  ဧရာဝတီတိုင်းဒေသကြီးနဲ့ ကျောက်ဆည်တို့မှာ အများဆုံးစိုက်ပျိုးတာဖြစ်ကြောင်း ငရုတ်သီးစျေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။

တိုးတိုးခိုင်(ABM)

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်