လယ်ယာဝန်ဆောင်မှုလုပ်ငန်းများလိုအပ်ပါက ဆက်သွယ်ဆောင်ရွက်နိုင်

01/04/2020 14:29 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    တောင်သူလယ်သမားများအနေနဲ့ လယ်ယာဝန်ဆောင်မှုလုပ်ငန်းများလိုအပ်ပါက စက်မှုလယ်ယာဦးစီးဌာနကို ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။

    လယ်ယာဝန်ဆောင်မှုလုပ်ငန်းများကို အကူအညီရယူလိုသူများအနေနဲ့ သက်ဆိုင်ရာဌာနများကို ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း အဆိုပါဌာနထုတ်ပြန်ချက်အရ သိရပါတယ်။

    လယ်ယာလုပ်သားအခက်အခဲများကြောင့် လယ်ယာလုပ်ငန်းများ နှောင့်နှေးမှုမဖြစ်စေရန်နဲ့လယ်ယာကုန်ထုတ်လုပ်မှု မထိခိုက်စေရန်အတွက် လယ်ယာစက်ကိရိယာများအသုံးပြု၍ ထွန်ယက်ရေး၊ စိုက်ပျိုးရေးနှင့် ရိတ်သိမ်းခြွေလှေ့ရေးလုပ်ငန်းများကို စက်မှုလယ်ယာဦးစီးဌာနမှ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

    တောင်သူလယ်သမားမျာအနေနဲ့  နီးစပ်ရာစက်မှုလယ်ယာစခန်းများကို ဆက်သွယ်နိုင်ပြီး ဖုန်းနံပါတ် ၀၆၇-၃၄၃၁၂၁၀၊ ၀၆၇ - ၃၄၃၁၂၁၂ နဲ့ ၀၆၇ - ၃၄၃၁၂၁၈ ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရပါတယ်။ 

တိုးတိုးခိုင်(ABM)


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်