ချေလိုက်တဲ့အရွက်တွေဆီက အောက်ဆီဂျင်ရသေးလား

30/07/2021 11:00 AM တွင် Nan Su San Nan Su San မှ ရေးသား

အရွက်လေးတွေရဲ့ မျက်နှာပြင်ပေါ်မှာ Stomata လို့ခေါ်တဲ့ လေရှူပေါက်လေးတွေ ရှိပါတယ်။ အဲဒီလေရှူပေါက်လေးတွေကနေတဆင့် လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ် CO2 နဲ့ ရေ H20 မော်လီကျူးလေးတွေကိုစုပ်ယူ အလင်းရောင်ကို အားအင်တစ်ခုအနေနဲ့သုံးပြီး အစာချက်လုပ်ခြင်း လုပ်ငန်းစဉ်တစ်ခု (Phtosynthesis) လုပ်ဆောင်ကြပါတယ်။

အပင်လေးတွေ အစာချက်လုပ်ခြင်းကနေပြီး လူတွေအတွက် အရမ်းတန်ဖိုးရှိလှတဲ့ အောက်ဆီဂျင်လေးတွေ ထုတ်ပေးပါတယ်။ ငယ်ရွယ်နုပျိုတဲ့အရွက်လေးတွေ ကျန်းမာသန်စွမ်းတဲ့ အရွက်လေးတွေက အစာတွေများများချက်လုပ်နိုင်တာပေါ့။ တနည်းအားဖြင့်ပြောရမယ်ဆိုရင် အစိမ်းရောင်အရွက်လေးတွေပေါ့။ သူတို့ထဲမှာရှိတဲ့ စိမ်းရောင်ခြယ်ပစ္စည်းလေးတွေက နေရောင်ခြည်ကို ဖမ်းပေးတာလေ။ (အစိမ်းရောင်မဟုတ်တဲ့ အရွက်လေးတွေရဲ့ photosynthesis ကို ဒီမှာ အကျယ်တဝင့် မရေးတော့ဘူးနော်။)

အရွက်လေးတွေ အိုမင်းသွားရင်၊ ဝါသွားရင်၊ အနာတစ်ခုခု ရနေပြီဆိုရင်တော့ သူတို့ရဲ့ အစာချက်လုပ်နိုင်စွမ်း ကျသွားတော့တာပါပဲ။ အစာချက်လုပ်ခြင်းလုပ်ငန်းစဉ်ကို အပင်အများစုဟာ နေ့ခင်းပိုင်း အလင်းရောင်ရတဲ့အချိန်မှာ လုပ်ဆောင်ကြပါတယ်။ ဒါပေမယ့် …. ဒါပေမယ့်လေ ညခင်းပိုင်းမှာ အစာချက်လုပ်နိုင်တဲ့ အပင်လေးတွေ ရှိနေပါသေးတယ်။ အဲ့အပင်လေးတွေကတော့ နဂါးစက်၊ ပင်စိမ်း၊ ရှားစောင်း၊ ရှင်သီဝလိဂမုန်း၊ ပင့်ကူဂမုန်း၊ အလှစိုက်အုန်း အပင်လေးတွေပါ။ ညခင်းမှာ အစာချက်လုပ်နိုင်တယ်ဆိုတော့ ဒီအပင်လေးတွေက ညခင်းပိုင်းမှာ အောက်ဆီဂျင် ထုတ်ပေးနိုင်ပါတယ်။

အဲ့ဒီတော့ မိခင်အပင်ပေါ်မှာရှိနေတဲ့ အရွက်လေးတွေဟာ အစာချက်လုပ်ခြင်းလုပ်ငန်းစဉ် ဆောင်ရွက်ဖို့ သင့်တင့်လျှောက်ပတ်တဲ့ ပတ်ဝန်းကျင်/ အနေအထားတစ်ခုမှာရှိနေပြီဆို အစာချက်လုပ်နိုင်ပြီး အောက်ဆီဂျင်ထုတ်ပေးနိုင်တာပေါ့။ 

တကယ်လို့များ အရွက်လေးတွေကို အပင်ကနေခူးလိုက်မယ် ခြွေလိုက်မယ်ဆိုရင် သူတို့ အစာချက်နိုင်သေးလား/ အောက်ဆီဂျင်ထုတ်ပေးနိုင်သေးလား။ ပညာရှင်အများစုရဲ့ အဖြေကတော့ “ NO “ ပါတဲ့။ မိခင်အပင်ကနေ ကြွေကျသွားတဲ့အခါ သူတို့ရဲ့ အစာကြော၊ ရေကြော အားလုံးအဖြတ်ခံလိုက်ရတာကြောင့် အရွက်လေးတွေ အပင်ကခူးပြီး ဒီအတိုင်းထားလိုက်ရင် ခဏနေရင် ညှိုးနွမ်းပြီးခြောက် / သေသွားတာလေ။

အပင်ကနေခူးလိုက်တဲ့ အရွက်ပဲဖြစ်ဖြစ်၊ လေတိုက်လို့ ကြွေကျတဲ့အရွက်၊ ပိုးမွှားတွေကြောင့် ကြွေကျလာတဲ့အရွက်၊ အိုမင်းလို့ ကြွေကျလာတဲ့အရွက် ဒီအရွက်တွေအားလုံးဟာ သေဆုံးခါနီး အရွက်တွေပါပဲ။ ဒီအတိုင်းထားလိုက်ရင် သိပ်မကြာခင်မှာပဲ သူတို့လုပ်ဆောင်နိုင်တဲ့ လုပ်ငန်းစဉ်တွေတောင် မလုပ်နိုင်ဘဲ ညှိုးနွမ်းသွားတော့တာပါပဲ။ ဒါ့ကြောင့်မို့ ချေလိုက်တဲ့ အရွက်တွေက အောက်ဆီဂျင် အများကြီးထုတ်ပေးသလားဆိုတာတော့ စဉ်းစားစရာပါပဲ။

အရွက်တွေကို ချေလိုက်တဲ့အခါ ထွက်ပေါ်လာတဲ့ ဓါတ်ပေါင်းတစ်ခုခုကများ အသက်ရှူခြင်းကို အထောက်အပံ့ ဖြစ်စေတာလား။ အရွက်တွေကိုချေလိုက်ရင် ဘာဓါတ်တွေထွက်လာတာလဲဆိုတာ ခိုင်မာတဲ့သုတေသနတွေ ထပ်ပြီးလုပ်ဖို့တော့ အများကြီးလိုပါသေးတယ်။

နန်းစုစံ(စိုက်ပျိုးရေး)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်