ကင်ဆာရောဂါပျံ့နှံမှုနှုန်းကို ဘယ်လိုကိန်းဂဏန်းတွေပေါ်မူတည်ပြီး တွက်ချက်ပါသလဲ..
ကင်ဆာရောဂါပျံ့နှံ့မှု (prevalence) ဆိုတာကတော့ အချိန်ကာလတစ်ခု (ကာလရှည်) အတွင်းမှာ ကင်ဆာရောဂါ လူ ဘယ်နှစ်ယောက် ဖြစ်ပွားခဲ့သလဲ ဆိုတာကို ဖော်ပြတဲ့ ကိန်းဂဏန်း ဖြစ်ပါတယ်။ (သတ်မှတ်ကာလအတွင်း အသစ်ထပ်ဖြစ်လာတဲ့ အရေအတွက် (incidence) ကို ဆိုလိုတာ မဟုတ်ပါဘူး။)
ရှင်းအောင် ပြောရရင် incidence က သတ်မှတ်ကာလအတွင်း ကင်ဆာရောဂါ ထပ်မံရရှိလာတဲ့ ဝေဒနာရှင် အသစ် အရေအတွက်ကို ဖော်ပြတာ ဖြစ်ပါတယ်။ prevalence ကတော့ သတ်မှတ်ကာလအတွင်း ရောဂါဖြစ်နေတဲ့သူ (အသစ်ရော၊ ယခင်ကတည်းက ဖြစ်နေတဲ့သူရော) အရေအတွက်ကို ဖော်ပြတာ ဖြစ်ပါတယ်။
Prevalence မှာ ထည့်သွင်းတွက်ချက်ထားတဲ့အရေအတွက်ထဲမှာ အောက်မှာဖော်ပြထားတဲ့သူတွေ ပါဝင်ပါတယ်။
- ရောဂါထပ်မံဖြစ်ပွားလာတဲ့ လူနာသစ်အရေအတွက်
- ကင်ဆာကုထုံး ကုသမှုခံယူနေတဲ့သူ
- ကင်ဆာကုထုံး ကုသမှုခံယူခဲ့ဖူးသူ
သုတေသီတွေက prevalence ကို ဖော်ပြရာမှာ ကိန်းဂဏန်းနဲ့ ဖော်ပြလေ့ရှိသလို၊ ရာခိုင်နှုန်းနဲ့လည်း ဖော်ပြလေ့ ရှိပါတယ်။ ရောဂါပျံ့နှံ့မှုနှုန်း (prevalence rate) ကို ဖော်ပြရာမှာတော့ လူအယောက် ၁၀၀,၀၀၀ မှာ ဘယ်နှစ်ယောက် ဆိုတာမျိုးနဲ့ ဖော်ပြလေ့ရှိပါတယ်။
- သုတေသီတွေဟာ အောက်မှာဖော်ပြထားတဲ့ အချက်တွေကို လေ့လာဆန်းစစ်သုံးသပ်ဖို့ prevalence ကို အသုံးပြု ကြပါတယ်။
- လူဦးရေ တစ်ရပ်လုံးအတွင်း ကင်ဆာပျံ့နှံ့မှု (Large populations)
- သီးသန့် လူအုပ်စုတစ်စုအတွင်း ကင်ဆာပျံ့နှံ့မှု (Specific population groups)
- ကင်ဆာအမျိုးမျိုး ရောနှောနေတဲ့ အခြေအနေ (several cancers combined)
- သီးသန့် ကင်ဆာအမျိုးအစား အုပ်စု (specific type of cancer)
- ကင်ဆာတစ်မျိုးရဲ့ သီးသန့် ကင်ဆာအဆင့်တစ်ဆင့် (specific stage of a type of cancer)
- ကင်ဆာဖြစ်နိုင်ချေအန္တရာယ်ကို ဖြစ်ပေါ်စေတဲ့ အချက်တစ်ချက် (specific risk factor)
ဥပမာအားဖြင့် BRCA1 နဲ့ BRCA2 မျိုးဗီဇတွေမှာ မျိုးဗီဇထွန်းခြင်း (mutation) ဖြစ်ပေါ်နေတဲ့သူတစ်ယောက်ဟာ အခြားသူတွေထက် ရင်သားကင်ဆာ ဖြစ်ပွားဖို့ အန္တရာယ်ပိုများပါတယ်။ အဲဒီ မျိုးဗီဇ နှစ်ခုအနက် တစ်ခုခုမှာ မျိုးဗီဇထွန်းခြင်း ဖြစ်ပေါ်တဲ့ prevalence က ၁ ရာခိုင်နှုန်းအောက်မှာပဲ ရှိပါတယ်။ ဆိုလိုတာက လူဦးရေ အားလုံးရဲ့ ၁ ရာခိုင်နှုန်းမှာပဲ အဲဒီ မျိုး ဗီဇထွန်းမှု ဖြစ်ပေါ်နိုင်ပါတယ်။
ဒါပေမယ့် BRCA မျိုးဗီဇထွန်းခြင်းရဲ့ prevalence ဟာ ရင်သားကင်ဆာဖြစ်ပွားတဲ့ အမျိုး သမီးအရေအတွက် ရဲ့ ၁၀ ရာခိုင်နှုန်းသာ ရှိပြီး၊ ရင်သားကင်ဆာဖြစ်ပွားတဲ့ အမျိုးသား အရေအတွက်ရဲ့ ၂၀ ရာခိုင်နှုန်းမှာသာ ရှိပါတယ်။ ဆိုလိုတာက ရင်သားကင်ဆာဖြစ်ပွားသူတွေထဲက အများဆုံး ၂၀ ရာခိုင်နှုန်းသာလျှင် BRCA မျိုးဗီဇထွန်းခြင်းကို တွေ့ရှိရမှာ ဖြစ်ပါတယ်။
သေဆုံးနှုန်း (Mortality)
သတ်မှတ်အချိန်ကာလတစ်ခုအတွင်းမှာ ကင်ဆာရောဂါနဲ့ လူဦးရေ ဘယ်လောက် သေဆုံးသလဲ ဆိုတာကိုတော့ သေဆုံးနှုန်း (Mortality) ဆိုတဲ့ ကိန်းဂဏန်းနဲ့ တိုင်းတာဖော်ပြပါတယ်။ အချိန်ကာလတစ်ခုအတွင်း လူအယောက် ၁၀၀,၀၀၀ မှာ ဘယ်နှစ်ယောက်သေဆုံးသလဲ ဆိုတာကို ဖော်ပြတာပါ။ အချိန်ကာလကိုတော့ များသောအားဖြင့် တစ်နှစ်အတွင်း လို့ သတ်မှတ်ဖော်ပြလေ့ ရှိပါတယ်။
သုတေသီတွေက သေဆုံးနှုန်းကို ဖော်ပြရာမှာ ကင်ဆာအမျိုးအစားအလိုက် ဖော်ပြနိုင်သလို၊ သီးခြားလူအုပ်စု တစ်စုစီအလိုက်လည်း ဖော်ပြလေ့ ရှိပါတယ်။ လေ့လာဖော်ပြလေ့ရှိတဲ့ သီးခြားလူအုပ်စုတွေအတွက် ဥပမာအချို့ကတော့ အောက်မှာဖော်ပြထား တဲ့အတိုင်း ဖြစ်ပါတယ်။
- အသက် ၁၂ နှစ်အောက် ကလေးငယ်များ
- ဆေးလိပ်သောက်သုံးသူများ
- BRCA1 မျိုးဗီဇ ချို့ယွင်းချက်ရှိသူ အမျိုးသမီးများ
သုတေသီတွေအနေနဲ့ သေဆုံးနှုန်းကို ဖော်ပြရာမှာလည်း incidence ကို ဖော်ပြသလိုပဲ အသက်အရွယ်ကိုပါ ထည့်သွင်းတွက်ချိန် ညှိနှိုင်းပြီး ဖော်ပြတဲ့ သေဆုံးနှုန်း (age-adjusted mortality rate) အဖြစ်လည်း ဖော်ပြနိုင်ပါတယ်။
ကင်ဆာရောဂါကို ကုသနိုင်မှု၊ မဖြစ်ခင် ကြိုတင်ပြီး ရောဂါရှာဖွေဖော်ထုတ်နိုင်မှု (screening test) နဲ့ ကြိုတင်ကာ ကွယ်နိုင်မှုတွေ ပိုပြီး လုပ်လာနိုင်တာနဲ့အမျှ ကင်ဆာတစ်မျိုးချင်းစီရဲ့ သေဆုံးနှုန်းတွေဟာလည်း ပြောင်းလဲလာနိုင်ပါတယ်။ ဥပမာအားဖြင့် ၁၉၆၀ ပြည့်လွန်နှစ်များအတွင်းက အမေရိကန်ပြည်ထောင်စုမှာ Hodgkin lymphoma ကင်ဆာရောဂါရဲ့ age-adjusted mortality rate ဟာ ၁.၅၅ အထက်မှာ ရှိပါတယ်။ ဆိုလိုတာက လူ အယောက် ၁၀၀,၀၀၀ မှာ ၁.၅၅ ယောက် ဟာ အဲဒီရောဂါကြောင့် သေဆုံးရခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ၁၉၆၀ ပြည့်လွန် နှောင်းပိုင်းကာလတွေမှာ ဆရာဝန်တွေက ဆေးသွင်းကုသမှု (chemotherapy) နည်းလမ်းတွေ ပေါင်းစပ်အသုံးပြုလာကြပါတယ်။ ရလဒ်အနေနဲ့ အဲဒီ ကင်ဆာရောဂါ ကြောင့် သေဆုံးနှုန်းက သိသိသာသာ လျော့နည်းကျဆင်းလာပါတယ်။ ၂၀၁၂ ကနေ ၂၀၁၆ ခုနှစ်အထိ ကောက်ယူထားတဲ့ ကိန်းဂဏန်းတွေအရ အဲဒီရောဂါရဲ့ age-adjusted mortality rate ဟာ ၀.၃ အထိ ကျဆင်းလာတယ်လို့ ဆိုပါတယ်။

ကင်ဆာကို ကြိုတင်ရှာဖွေဖော်ထုတ်သည့် စမ်းသပ်မှု (screening test) ပြုလုပ်ရန်လိုအပ်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရန်အတွက် လူတစ်ဦး၏ ကင်ဆာဖြစ်နိုင်ချေအန္တရာယ်ကို ခန့်မှန်းခြင်း
သုတေသီတွေအနေနဲ့ ဘယ်လိုလူအုပ်စုတွေဟာ ကင်ဆာရောဂါတစ်မျိုးမျိုးဖြစ်ပွားဖို့ အန္တရာယ်ပိုများသလဲ ဆိုတာ ခန့်မှန်းနိုင်ကြပါတယ်။ မတူညီတဲ့ လူအုပ်စုတွေအကြား အဲဒီ ကင်ဆာအမျိုးအစားရဲ့ incidence ဘယ်လောက်ရှိတယ်၊ pre-valence ဘယ်လောက်ရှိတယ် ဆိုတဲ့ စာရင်းအင်းကိန်းဂဏန်းတွေကို ကြည့်ပြီး ခန့်မှန်းကြတာပါ။
ဥပမာအားဖြင့်၊ စာရင်းအင်းကိန်းဂဏန်းတွေက အောက်မှာဖော်ပြထားတဲ့ ခန့်မှန်းစရာ အချက်အလက်တွေကို ဖော်ထုတ်ပေးထားပါတယ်။
- အသက်ငယ်တဲ့ အမျိုးသမီးတွေနဲ့ နှိုင်းယှဉ်ရင် အသက်ကြီးတဲ့ အမျိုးသမီးတွေဟာ ရင်သားကင်ဆာ ဖြစ်ပွားဖို့ အန္တရာယ် ပိုများတယ်။
- လူဖြူအမျိုးသားတွေနဲ့ နှိုင်းယှဉ်ရင် လူမည်းအမျိုးသားတွေဟာ ဆီးကျိတ်ကင်ဆာရောဂါ ဖြစ်ပွားဖို့ အန္တရာယ် ပို များတယ်။
- အရက်သေစာသောက်သုံးသူတွေဟာ မသောက်သုံးသူတွေထက် အသည်းကင်ဆာ ဖြစ်ပွားဖို့ အန္တရာယ် ပို များတယ်။
Incidence ကိန်းဂဏန်းတွေ၊ Prevalence ကိန်းဂဏန်းတွေနဲ့ Mortality ကိန်းဂဏန်းတွေကို ပေါင်းစပ်ပြီး လူတစ် ယောက်ဟာ screening test လုပ်သင့်၊ မလုပ်သင့် ဆုံးဖြတ်နိုင်ပါတယ်။ ဥပမာအနေနဲ့ အောက်မှာ ဖော်ပြထားတဲ့ အချက်အ လက်တွေကို လေ့လာကြည့်ပါ။
Incidence နဲ့ Prevalence ကိန်းဂဏန်းတွေအရ အူမကြီးကင်ဆာ (colorectal cancer) ဟာ အမေရိကန် ပြည်ထောင်စုမှာ အဖြစ်အများဆုံး ကင်ဆာတွေထဲ က တစ်ခု ဖြစ်ပါတယ်။
အသက်အရွယ်အလိုက် လေ့လာထားတဲ့ Incidence နဲ့ Prevalence ကိန်းဂဏန်းတွေအရ အူမကြီးကင်ဆာ ဟာ အသက် ၅၀ ကျော်တွေမှာ ပိုပြီး အဖြစ်များပါတယ်။
Mortality ကိန်းဂဏန်းတွေအရ အူမကြီးကင်ဆာကို စောစောသိပြီး၊ စောစောကုသနိုင်လေ၊ ကုသမှုက ပိုပြီး အောင်မြင်နိုင်လေ ဖြစ်ပါတယ်။ အထက်မှာဖော်ပြထားတဲ့ စာရင်းအင်းကိန်းဂဏန်းအချက်အလက်တွေအားလုံးကို ပေါင်းစပ်ပြီး ဆရာဝန်တွေက အူမကြီးကင်ဆာအတွက် ပုံမှန်စစ်ဆေးမှု (screening test) တွေကို အသက် ၅၀ က စတင်ပြီး ဆောင်ရွက်ဖို့ လမ်းညွှန်ကြတာ ဖြစ်ပါတယ်။ ဒါက ပုံမှန်အနေအထား ရှိသူတွေအတွက် လမ်းညွှန်ချက် ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ အူမကြီးကင်ဆာ ကို စောစောစီးစီးသိရှိပြီး၊ ကုသမှုတွေ စောစောလုပ်ဆောင်ခြင်းအားဖြင့် ကုသမှုက ပိုမိုထိရောက်အောင်မြင်စေဖို့ (လူနာ အ သက်ရှင်နိုင်ဖို့) ဖြစ်ပါတယ်။
ဆရာဝန်တွေအနေနဲ့ လူတစ်ဦးချင်းစီရဲ့ ကင်ဆာဖြစ်ပွားနိုင်ချေအန္တရာယ်ရှိမှု အနည်း၊ အများပေါ်မှာ မူတည်ပြီး screening test လုပ်ဖို့ လမ်းညွှန်ချက်တွေကို အပြောင်းအလဲပြုလုပ်ပြီး နိုင်ပါတယ်။ ဥပမာအားဖြင့် အောက်ပါအချက်တွေ ပေါ်မူတည်ပြီး လမ်းညွှန်ချက်တွေ ပြောင်းလဲနိုင်ပါတယ်။
- မိသားစုမှာ ကင်ဆာရာဇဝင် ရှိ၊ မရှိ
- အခြားရောဂါတွေ ရှိ၊ မရှိ
- ဘဝနေထိုင်မှုပုံစံပဲဖြစ်ပါတယ်။
ဒီဆောင်းပါးမှာ ပါဝင်တဲ့ ကိန်းဂဏန်းအချက်အလက်တွေဟာ American Cancer Society's က ထုတ်ဝေတဲ့ Cancer Facts & Figures 2020 နဲ့ National Cancer Institute Surveillance Epidemiology and End Results (SEER) ရဲ့ database (January 2020) ကနေ ရယူပြီး ထုတ်နှုတ်အသုံးပြု ဖော်ပြထားတာ ဖြစ်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်
ဆက်စပ်ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
ဆက်စပ်မေးခွန်းများ
ငရုတ်စုပ်းစားပိုးအမြစ်ပြတ်နိင်ဆေးညွန့်ကြပါအုံး
ကိုဝေယံအောင် • ဖြေကြားချက် 0 ခု
3လက်မရေတွင်းကို3လက်မပိုက်နဲ့ရေသွင်းဖို့ပန့်သုံးတာအဆင်ပြေနိင်မလားဗျအကြုံပြုပေးပါမိတ်ဆွေအပေါင်းတို့
ကိုဝေယံအောင် • ဖြေကြားချက် 0 ခု
ကျောက်ဖရုံဘယ်ဈေးပေါက်လည်းရောင်းစရာရှိလို့ပါ
ပြည့်ဖြိုးအောင် • ဖြေကြားချက် 1 ခု
ပထမဦးစွာ ဆရာကြီးဒို့ဦးလေးနှင့် ဆရာ ကိုသော်ဇဥ်တို့အား ဝန်ချတောင်းပန်ခြင်း.. ဖြစ်ပုံကဒီလိုပါဆရာတို့ မိုးရာသီစတော့မယ် ပျိုးပင်တွေ ပျိုးဖို့ 15 ရက်လောက်အလိုမှာ ဒီ Green Way app မှာ ခရမ်ချဥ်နဲ့ပတ်သတ်ပီး ကျွန်တော်တို့ရာသီနှင့် ကိုက်ညီမည့် မည့်သည့်မျိုးစေ့ စိုက်ပျိုးရမလဲ လို့ မေးလိုက်တော့ ဆရာနှစ်ဦးလုံးက 909 ကိုပဲ စိုက်ဖို့အကြံပေးပါတယ် မနှစ်က ပံ 111 စိုက်ခဲ့တာကို အထွက်လဲကောင်းခဲ့ပါတယ် ဒါမဲ့ ဒီမှာမေးလိုက်တော့ 909 ကိုစိုက်ဖို့အြကံပေးပါတယ် ကိုယ့်စိတ်ထဲမှာတော့ မဟုတ်သေးဘူးပေါ့ ပံ 111 ကောင်းရဲ့နဲ့မညွှန်ပဲ ဘာလို့ 909 ကိုညွှန်ရလဲပေါ့ အတာနဲ့ စိတ်ထဲကတိကအောက်ဖြစ်တာနဲ့ ထပ်မေးခဲ့ပါတယ် ဆရာတို့ကလဲ ထပ်ဖြေပါတယ် 909 ပဲစိုက်ဖို့ အကြံပေးပါတယ် ကဲ ထားတော့ပေါ့ မေးပီးမှတော့မထူးတော့ဘူးပေါ့😄 909 ပဲမှာပီးပျိုးလိုက်တယ် အတာနဲ့အိမ် အမေအဒေါ်တွေကိုလဲ ပြောပြလိုက်တာပေါ့ဒီနှစ်မနှစ်ကမျိုးမဟုတ်ဘူး ဒီနှစ်မျိုးပြောင်းထားတယ်လို့ သူတို့ကလဲ ပြောတာပေါ့ " မနှစ်ကမျိုး အလုံးကကြီးသေးအလုံးကလှသေး ရေရှည်လဲအဆွတ်ခံသေး " အတာကိုနင်က ဘာလို မျိုးပြောင်းတာလဲ ဘာညာပြောတာပေါ့ ကျွန်တော်လဲ ဘာမှမပြောပဲ ငြိမ်ခံရတာပေါ့ ဒါမဲ့အခုသိလိုက်ရပါပြီ သီးလိုက်တာကလဲအဆုတ်လိုက် အလုံးကလဲ ကြီးသေးတယ်ဗျာ လှလိုက်တာသီးထားတာ ရောဂါကလဲကင်း ပိုးလဲရှင်းနေရော့ ဒီချိန်မှပဲ အသက်ရှူချောင်တော့တယ်ဆရာတို့ရေ အိမ်ကအေဒါ်တွေအမေကလဲ ဟုတ်သားပဲ လှလိုက်တာ ချောလိုက်တာနဲ့ အသီးကလဲအတော်သီးတယ် ဒါလောက်ပူလိုက် မိုးပြတ်သွားလိုက်ကို. အသီးက ကျမသွားပဲ သီးလိုက်တာဗျာ ပိုး / မှိုမျကအောင်လဲ ဆက်လက် စောင့်ကြည့်နေပါမယ်ခင်ဗျ ဒါကြောင့် ဆရာတို့ကဆရာပါပဲဗျာ ဆရာတို့အပေါ်မှာ သံသယတွေ ထားမိတဲ့အတွက် တောင်းပန်ပါတယ်လို့ ပြောကြားပါရစေခင်ဗျ..... 909 ခရမ်းချဥ်
U Yan • ဖြေကြားချက် 2 ခု
သခွါးပင် အရွက်တွေတွန့်ကုန်တယ် အညွန့် အဖျားလေးတွေ မီးလောင်သလိုခြောက်ပီကြွေကုန်တယ်ခင်ဗျ ဘာကြောင့်လဲခင်ဗျကူညီပါဦး
kosoe • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
More from Khaing Kyi Thit
အားလုံး