ကင်ဆာရောဂါဖြစ်နိုင်ချေနဲ့ ပတ်သက်တဲ့စာရင်းအင်းကိန်းဂဏန်း
ရောဂါမဖြစ်ပွားမီ ရောဂါဖြစ်ပွားနိုင်ချေကို ကြိုတင်ခန့်မှန်းရန်နှင့် ရောဂါရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် အသုံးပြုသော စာရင်းအင်းကိန်းဂဏန်းများအကြောင်းကို ဆက်လက်ဆွေးနွေးပေးသွားပါ့မယ်။
စာရင်းအင်းကိန်းဂဏန်းတွေ (statistics) ဆိုတာ အများပြည်သူအတွင်း ကင်ဆာရောဂါ ဖြစ်ပွားနိုင်ချေနဲ့ ဖြစ်ပွားမှု အခြေအနေတွေကို ခန့်မှန်းပေးပါတယ်။ သုတေသီတွေက အဲဒီစာရင်းအင်းကိန်းဂဏန်းတွေကို အသုံးပြုပြီး ကင်ဆာရောဂါ ဖြစ်ပွားနိုင်ချေ အန္တရာယ်ရှိမှု (risk) ကို ဆုံးဖြတ်ပေးပါတယ်။ ဒါ့အပြင် ရောဂါရှိ၊ မရှိ သိရှိနိုင်အောင် ဘယ်လို စမ်းသပ်စစ်ဆေး မှု (screening test) တွေ ဆောင်ရွက်သင့်သလဲဆိုတာကိုလည်း ဆုံးဖြတ်ပေးပါတယ်။
သတိထားရမယ့်အချက်ကတော့ စာရင်းအင်းကိန်းဂဏန်းတွေက ကင်ဆာအန္တရာယ် ဘယ်လောက်ရှိတယ်ဆိုတာကိုသာ ပြောပြနိုင်ပြီး မိမိမှာ ကင်ဆာဖြစ်မယ်၊ မဖြစ်ဘူးလို့ အတိအကျ ပြောပြပေးနိုင်တာ မဟုတ်ပါဘူး။ ကိုယ့်အခြေအနေဟာ ကင်ဆာရောဂါ ဖြစ်နိုင်ချေ ရှိ၊ မရှိနဲ့ ပတ်သက်ပြီး ဘယ်ကိန်းဂဏန်းအချက်အလက်ကို ကြည့်ရာမယ်ဆိုတာကိုတော့ သက်ဆိုင်ရာ ကျွမ်းကျင်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးရမှာ ဖြစ်ပါတယ်၊၊ မိမိကြားဖူးတဲ့ ကင်ဆာရောဂါဆိုင်ရာ ကိန်းဂဏန်း အချက်အလက်တွေနဲ့ ပတ်သက်ပြီး မရှင်းလင်းတာတွေကိုလည်း နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေသေချာချာ မေးမြန်း ဆွေးနွေးဖို့ လိုအပ်ပါတယ်။
ဒီဆောင်းပါးမှာတော့ ကင်ဆာရောဂါဖြစ်ပွားနိုင်ချေ အန္တရာယ် (cancer risk) နဲ့ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ စာရင်းအင်းကိန်းဂဏန်းအချက်အလက်တွေအကြောင်း အဓိကထား ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ရောဂါဖြစ်ပွားမှုပမာဏ (Incidence)
ရောဂါဖြစ်ပွားမှုပမာဏ (incidence) ဆိုတာ လူဘယ်နှစ်ယောက်လောက် အသစ်ထပ်ပြီး ကင်ဆာရောဂါ ဖြစ်ပွားနိုင်တယ်ဆိုတာကို ခန့်မှန်းတွက်ချက်ပြတဲ့ စာရင်းအင်းကိန်းဂဏန်း တစ်ခုဖြစ်ပါတယ်။ ရောဂါဖြစ်ပွားမှုနှုန်းကို တွက်ချက်ဖော်ပြရာမှာ အချိန်ကာလ (ကာလတို) တစ်ခု သတ်မှတ်ပြီး အဲဒီကာလအတွင်း ရောဂါဖြစ်ပွားနှုန်းကို ဖော်ပြလေ့ရှိပါတယ်။ ယေဘုယျ အားဖြင့်တော့ အချိန်ကာလ ၁ နှစ် ကို အခြေခံလေ့ ရှိပါတယ်။
သုတေသီတွေက လက်ရှိနှစ်အတွင်း ရောဂါဖြစ်ပွားမှုပမာဏကို အောက်မှာဖော်ပြထားတဲ့ အချက် ၃ ချက်ကို အခြေခံပြီး တွက်ချက်လေ့ ရှိပါတယ်။
သုတေသီတွေက ပြီးခဲ့တဲ့ကာလတလျှောက် နှစ်အလိုက် ကင်ဆာရောဂါဖြစ်ပွားကြောင်း အတည်ပြုနိုင်ခဲ့တဲ့ လူနာအရေအတွက် စာရင်းကို ပြုစုရပါတယ်။
ရရှိလာတဲ့ ကိန်းဂဏန်းတွေကို အနာဂတ်ကာလမှာ တွေ့ရှိရမယ့် ရောဂါဖြစ်ပွားနှုန်းကို ကြိုတင်ခန့်မှန်းဖို့ တည်ဆောက်ထားတဲ့ စာရင်းအင်းကိန်းဂဏန်းဆိုင်ရာတွက်ချက်မှုပုံစံ (statistical model) ထဲကို ထည့်သွင်း တွက်ချက်ရပါတယ်။
သုတေသီတွေဟာ အနည်းဆုံးဖြစ်နိုင်တဲ့ ပမာဏ၊ အများဆုံးဖြစ်နိုင်တဲ့ ပမာဏစတဲ့ ဘောင် (range) တွေကို သုံးပြီး ခန့်မှန်းချက်တွေကို ဖော်ပြပေးပါတယ်။
ဥပမာအနေနဲ့ အမေရိကန်ပြည်ထောင်စုက ကင်ဆာရောဂါဆိုင်ရာအသင်းအဖွဲ့တွေ စုပေါင်းထုတ်ပြန်တဲ့ ၂၀၂၀ ခုနှစ် ကင်ဆာရောဂါ အချက်အလက်များ (Cancer Facts & Figures 2020) ဆိုတဲ့ အစီရင်ခံစာ ကို လေ့လာကြည့်နိုင်ပါတယ်။ အဲဒီ အစီရင်ခံစာမှာ သုတေသီတွေက ၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အကြား ကင်ဆာရောဂါစမ်းသပ်တွေ့ရှိခဲ့တဲ့ လူနာစာရင်း ကို ပြုစုပါတယ်။ အဲဒီ ကိန်းဂဏန်းတွေကို အသုံးပြုပြီး ၂၀၂၀ ခုနှစ်အတွက် ကင်ဆာရောဂါဖြစ်နိုင်ချေကို ခန့်မှန်းတွက်ချက်ပြပါတယ်။

သုတေသနရလဒ်တွေကို ဖော်ပြရာမှာ တခါတရံ ရောဂါဖြစ်ပွားမှုပမာဏအစား ရောဂါဖြစ်ပွားမှုနှုန်း (incidence rate) အဖြစ် ဖော်ပြတာမျိုးလည်း ရှိပါတယ်။ လူအယောက် ၁၀၀,၀၀၀ မှာ ဘယ်နှစ်ယောက်ဟာ ကင်ဆာရောဂါ ဖြစ်ပွားနိုင်သလဲဆိုတာကို တွက်ချက်ဖော်ပြတာပါ။ ဥပမာအားဖြင့် “အမေရိကန်ပြည်ထောင်စုမှာ ၂၀၁၉ ခုနှစ်အတွက် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှုနှုန်းဟာ ၁၀၄.၁ ဖြစ်တယ်” လို့ ဖော်ပြထားတယ်ဆိုပါစို့။ အဓိပ္ပာယ်ကတော့ “၂၀၁၉ ခုနှစ်အတွင်း အမေရိကန် ပြည်ထောင်စုအတွင်းမှာရှိတဲ့ လူ အယောက် ၁၀၀,၀၀၀ မှာ ၁၄၀.၁ ယောက်ဟာ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားကြောင်း ဆရာဝန်တွေက စမ်းသပ်အတည်ပြုခဲ့တယ်” ဆိုတဲ့အဓိပ္ပာယ်ပါပဲ။
တချို့သော သုတေသနတွေမှာတော့ အသက်အရွယ်ကွာခြားမှုကိုပါ ထည့်သွင်းတွက်ချက်ပြီး ကင်ဆာဖြစ်ပွားမှုနှုန်းကို ဖော်ပြလေ့ ရှိပါတယ်။ ဒါကိုတော့ age-adjusted incidence rate လို့ ခေါ်ပါတယ်။ ဆိုလိုတာက ဒေသနှစ်ခုမှာရှိတဲ့ ရောဂါဖြစ်ပွားနှုန်းတွေကို နှိုင်းယှဉ်ဖော်ပြရာမှာ အဲဒီ ဒေသနှစ်ခုမှာရှိတဲ့ လူတွေရဲ့ အသက်အရွယ်ကွာခြားမှု (ဒေသတစ်ခုက လူကြီး အရေအတွက် ပိုများပြီး၊ နောက်ဒေသတစ်ခုကတော့ လူငယ် အရေအတွက် ပိုများတာမျိုး ဖြစ်နိုင်တယ်) ကိုပါ ထည့်သွင်း စဉ်းစားပြီး တွက်ချက်တာ ဖြစ်ပါတယ်။ ဥပမာ ဖလော်ရီဒါပြည်နယ်မှာ အသက်အရွယ်ကြီးရင့်သူ ပိုများပါတယ်။ သူနဲ့ နှိုင်းယှဉ်ရင် အလက်စကား ပြည်နယ်မှာတော့ လူငယ်က အရေအတွက် ပိုများပါတယ်။ ရင်သားကင်ဆာဟာ အသက်ကြီးလာလေလေ ရောဂါဖြစ်ဖို့ အခွင့်အရေးပိုများလေ ဖြစ်ပါတယ်။
ဒီတော့ ဖလော်ရီဒါ ပြည်နယ်မှာ ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်းဟာ ပိုမိုမြင့်မားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သုတေသီတွေက အဲဒီပြည်နယ်နှစ်ခုမှာရှိတဲ့ အသက်ကြီးသူနဲ့ အသက်ငယ်သူ အချိုးအစားသာ တူညီရင် ရင်သားကင်ဆာဖြစ်ပွားမှုနှုန်း ဘယ်လိုတွေဖြစ်နိုင်မလဲ ဆိုတာကို ချိန်ညှိတွက်ချက်ကြည့်ပါတယ်။ အဲဒါကို age-adjusted လုပ်တယ်လို့ ခေါ်တာ ဖြစ်ပါတယ်။ အဲဒီလို age-adjusted incidence rate ကို တွက်ချက်ကြည့်တဲ့အခါ အလက်စကားပြည်နယ်မှာ ရှိတဲ့ အမျိုးသမီးတွေဟာ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ အမျိုးသမီးတွေထက် ပိုပြီး ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်း ပိုမိုမြင့်မားတာကို တွေ့ရပါတယ်။ ၂၀၁၂ ကနေ ၂၀၁၆ အတွင်း အလက်စကားပြည်နယ်ရဲ့ အမျိုးသမီးအရေအတွက် ၁၀၀,၀၀၀ မှာ ၁၂၁.၉ ယောက်ဟာ ရင်သားကင်ဆာ ဖြစ်ပွားခဲ့ပြီး ဖလော်ရီဒါပြည်နယ်ရဲ့ အမျိုးသမီး အရေအတွက် ၁၀၀,၀၀၀ မှာ ၁၁၇.၅ ယောက်ဟာ ရင်သားကင်ဆာ ဖြစ်ပွားခဲ့တာကို တွေ့ရှိရပါတယ်။ ဆိုလိုတာက incidence မှာ ဖလော် ရီဒါက ပိုမိုမြင့်မားပေမယ့် age-adjusted incidence rate မှာတော့ အလက်စကားက ပိုပြီး မြင့်မားတယ် ဆိုတာပါပဲ။
ရောဂါဖြစ်ပွားမှုနဲ့ ပတ်သက်တဲ့ ကိန်းဂဏန်းတွေဟာ ကျယ်ပြန့်တဲ့ လူဦးရေ (ဥပမာ တစ်နိုင်ငံ လုံးမှာရှိတဲ့ လူဦးရေ အားလုံး) ကို အခြေခံပါတယ်။ ဒါပေမယ့် ပုံမှန်အားဖြင့် အချက်အလက်တွေဟာ အဲဒီ လူဦးရေထဲက တစ်ယောက်ချင်းစီထံက ကောက်ယူထားတာမျိုး မဟုတ်ပါဘူး။ နမူနာ အရေအတွက် အနည်းငယ်ဆီက ကောက်ယူထားတဲ့ အချက်အလက်တွေကို အခြေခံပြီး လူဉီးရေ တစ်ရပ်လုံးအတွက် ခန့်မှန်းတွက်ချက်ထားတာ ဖြစ်ပါတယ်။
စာရင်းအင်းကိန်းဂဏန်းတွေဟာ တခါတရံမှာတော့ တစ်နိုင်ငံလုံးကို လွှမ်းခြုံတာ မဟုတ်ဘဲ သီးခြား လူအုပ်စု တစ် ခုအပေါ်မှာ အခြေခံတွက်ချက်ထားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ သုတေသီတွေကတော့ ဒါကို “specific incidence” လို့ သုံးနှုန်းခေါ် ဝေါ်လေ့ ရှိပါတယ်။ ဥပမာအားဖြင့် “လူမည်းအမျိုးသမီးတွေရဲ့ ရင်သားကင်ဆာနဲ့ပတ်သက်တဲ့ specific incidence rate ဟာ ၁၀၀,၀၀၀ မှာ ၁၂၆.၇ ဖြစ်တယ်” ဆိုတဲ့ ဖော်ပြချက်မျိုးပါ။
ရောဂါဖြစ်ပွားမှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်တွေ တွက်ချက်တဲ့အခါ အောက်မှာဖော်ပြထားတဲ့ အချက်တွေ ကို ရှာဖွေဖော်ထုတ်လေ့ရှိပါတယ်။
- ကင်ဆာအမျိုးမျိုး ရောနှောနေတဲ့ အခြေအနေ (several cancers combined)
- သီးသန့် အသက်အရွယ်အုပ်စု (specific age ranges)
- သီးသန့် ကင်ဆာအမျိုးအစား အုပ်စု (specific type of cancer)
- ကင်ဆာတစ်မျိုးရဲ့ သီးသန့် ကင်ဆာအဆင့်တစ်ဆင့် (specific stage of a type of cancer)
- ကင်ဆာဖြစ်နိုင်ချေအန္တရာယ်ကို ဖြစ်ပေါ်စေတဲ့ အချက်တစ်ချက် (specific risk factor)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ပဲပုပ် စစိုက်မှာမလို့ပါ ပဲမြစ်ဖုဘက်တီးရီးယား ဘယ်မှာဝယ်လို့ရနိုင်ပါလဲ ပဲပုပ်အတွက်
Nay • ဖြေကြားချက် 0 ခု
fipronil profenofos beta.cypermethrin ဒီဆေးသုံးမျိုးအတွဲကမတ်ပဲမှာဘာပိုးတွေကိုနှိမ်နှင်းပေးပါသလဲဖြေပေးပါအုံးဆရာတို့
ဦးစိုး • ဖြေကြားချက် 1 ခု
profenofos beta.cypermethrin frpronil ဒီဆေး3မျိုးအတွဲကဘယ်လိုကာကွယ်ကုသပေးနိုင်ပါသလဲဖြေပေးပါအုံးဆရာတို့
myantthirikhet • ဖြေကြားချက် 1 ခု
ကြက်သွန်နီခင်းမှာ ဘယ်ရောဂါကျရင် ဘယ်ai သုံးမရလဲဆိုတာရော သိသလောက်ပြောပြပေးပါအုံးဗျ
Aung Myo Oo • ဖြေကြားချက် 1 ခု
(အမျိုးအစားမှာ ပင်စိမ်းမတွေ့လို့ ခရမ်းချဉ်ထည့်ထားတာပါ) ပင်စိမ်းပင်အားလုံး အရွက်နုတွေတွန့်လိပ်ပြီး ပိုးတွေ့တယ်။ဆပ်ပြာရည်နဲ့ထိုးချလည်းမကုန်ဘူး ပြန်ဖြစ်တယ်။ ဘယ်လိုလုပ်ရမလဲ ကူညီပါဦးဆရာတို့ 🙏။ ပင်စိမ်းပင်ပါ။
ကို ငယ် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
More from Khaing Kyi Thit
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....