ပေါင်းသတ်ဆေး အသုံးပြုရာတွင် သတိပြုရမည့် အချက်များ

11/01/2018 11:39 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ယခုအခါ စိုက်ခင်းတွေမှာ ပေါင်းသတ်ဆေးတွေကို အတော်လေး တွင်တွင် ကျယ်ကျယ် အသုံးပြုလာကြတာ တွေ့ရပါတယ်။ စိုက်ပျိုးရေး ဦးစီးဌာန၊ သီးနှံ ကာကွယ်ရေး ဌာနခွဲ (www.ppdmyanmar.org) မှ ပေါင်းသတ်ဆေး အသုံးပြုရာတွင် လိုက်နာ ဆောင်ရွက်သင့်သည့် အချက် (၁၂) ချက်ကို ဖော်ပြပေးထားပါတယ်။ ၎င်းတို့မှာ-

၁။ ပေါင်းသတ်ဆေး ရွေးချယ်မှု မှန်ရမည်။ (ဥပမာ- စိုက်ပျိုးသော သီးနှံနှင့် ပေါက်ရောက်သော ပေါင်း အမျိုးအစားအလိုက် ကိုက်ညီသော ဆေး ဖြစ်ရမည်)

၂။ သင့်တော် မှန်ကန်သော ဆေး နှုန်းထား ဖြစ်ရမည်။ (ဆေးဘူး၊ ပုလင်းတွင် ပါရှိသည့် အညွှန်းစာ အတိုင်း)

၃။ ပက်ဖျန်းချိန် မှန်ရမည်။ ပေါင်းပင်နှင့် သီးနှံပင် သက်တမ်း၊ အခြေအနေ။

၄။ ပတ်ဝန်းကျင် အခြေအနေ မှန်ရမည်။ လေဆန်၍ မဖျန်းရ။ လေတိုက်သော နေ့၊ မိုးရွာသောနေ့ မဖျန်းရပါ။

၅။ မြေမျက်နှာပြင် ညီညာ၍ ရေသွင်း ရေထုတ်ချိန် မှန်ကန်ရမည်။

၆။ ဆေးဖျန်းရာတွင် အသုံးပြုမည့် ရေသည် ကြည်လင်ရမည်။

၇။ ဆေး အမျိုးအစားကို လိုက်၍ ဆေးဖျန်းပြီး သုံးနာရီမှ ခြောက်နာရီအတွင်း မိုးလွတ်ရမည်။ (ဥပမာ- ဂလိုင်ဖိုဆိတ်)

၈။ သင့်တင်သော ဆေးဖျန်းခေါင်း သုံးပါ။ ပင်လုံးပြန့်နှင့် မြေပေါ် ဖျန်းဆေးအတွက် ယပ်တောင်ပုံနှင့် ထိသေဆေးအတွက် ပိုးသတ်ဆေးဖျန်းခေါင်းကို သုံးနိုင်သည်။

၉။ ဆေးတစ်မျိုးတည်း ဆက်တိုက် သုံးစွဲပါက ပေါင်းသတ်ဆေး ဒဏ်ခံနိုင်သော ပေါင်းမျိုးစိတ်များနှင့် နှိမ်နင်းရခက်သော ပေါင်းများ ပေါ်ပေါက်လာနိုင်သဖြင့် ဖြစ်နိုင်ပါက ဆေးအုပ်စု မတူသော ဆေးကို ပြောင်းလဲ သုံးစွဲပါ။

၁၀။ ပေါင်းသတ်ဆေး ၂ မျိုး၊ ၃မျိုး ရောသုံးခြင်းသည် တစ်မျိုးတည်း သုံးခြင်းထက် ပို၍ အာနိသင် ထက်မြက်သည်။ ဆေးနှုန်းထား ရောစပ်ပုံများ လွဲမှားနိုင်သဖြင့် အသင့် အရောကို ဝယ်ယူသုံးစွဲပါ။

၁၁။ ပေါင်းသတ်ဆေး ဖျန်းပုံး သီးသန့်ထားရန်နှင့် မဖျန်းမီနှင့် ဖျန်းပြီး ချိန်တွင် ဆေးဖျန်းပုံးကို သေချာစွာ ဆေးကြောပြီးမှ သုံးပါ။

၁၂။ မြေပေါ်ဖျန်း ပေါင်းသတ်ဆေး အသုံးပြုရာတွင် ဆေးဖျန်းခေါင်းနှင့် မြေကြီး အကွာအဝေး ၁ ပေခြား၍ ဖျန်းပြီး အရွက်ဖျန်း ပေါင်းသတ်ဆေး အသုံးပြုရာတွင် ဆေးဖျန်းခေါင်းနှင့် အပင်ထိပ်ဖျား အကွာအဝေး တစ်ပေခြားပြီး ဖျန်းရမည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်