ပေါင်းသတ်ဆေး အသုံးပြုရာတွင် သတိပြုရမည့် အချက်များ

11/01/2018 11:39 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ယခုအခါ စိုက်ခင်းတွေမှာ ပေါင်းသတ်ဆေးတွေကို အတော်လေး တွင်တွင် ကျယ်ကျယ် အသုံးပြုလာကြတာ တွေ့ရပါတယ်။ စိုက်ပျိုးရေး ဦးစီးဌာန၊ သီးနှံ ကာကွယ်ရေး ဌာနခွဲ (www.ppdmyanmar.org) မှ ပေါင်းသတ်ဆေး အသုံးပြုရာတွင် လိုက်နာ ဆောင်ရွက်သင့်သည့် အချက် (၁၂) ချက်ကို ဖော်ပြပေးထားပါတယ်။ ၎င်းတို့မှာ-

၁။ ပေါင်းသတ်ဆေး ရွေးချယ်မှု မှန်ရမည်။ (ဥပမာ- စိုက်ပျိုးသော သီးနှံနှင့် ပေါက်ရောက်သော ပေါင်း အမျိုးအစားအလိုက် ကိုက်ညီသော ဆေး ဖြစ်ရမည်)

၂။ သင့်တော် မှန်ကန်သော ဆေး နှုန်းထား ဖြစ်ရမည်။ (ဆေးဘူး၊ ပုလင်းတွင် ပါရှိသည့် အညွှန်းစာ အတိုင်း)

၃။ ပက်ဖျန်းချိန် မှန်ရမည်။ ပေါင်းပင်နှင့် သီးနှံပင် သက်တမ်း၊ အခြေအနေ။

၄။ ပတ်ဝန်းကျင် အခြေအနေ မှန်ရမည်။ လေဆန်၍ မဖျန်းရ။ လေတိုက်သော နေ့၊ မိုးရွာသောနေ့ မဖျန်းရပါ။

၅။ မြေမျက်နှာပြင် ညီညာ၍ ရေသွင်း ရေထုတ်ချိန် မှန်ကန်ရမည်။

၆။ ဆေးဖျန်းရာတွင် အသုံးပြုမည့် ရေသည် ကြည်လင်ရမည်။

၇။ ဆေး အမျိုးအစားကို လိုက်၍ ဆေးဖျန်းပြီး သုံးနာရီမှ ခြောက်နာရီအတွင်း မိုးလွတ်ရမည်။ (ဥပမာ- ဂလိုင်ဖိုဆိတ်)

၈။ သင့်တင်သော ဆေးဖျန်းခေါင်း သုံးပါ။ ပင်လုံးပြန့်နှင့် မြေပေါ် ဖျန်းဆေးအတွက် ယပ်တောင်ပုံနှင့် ထိသေဆေးအတွက် ပိုးသတ်ဆေးဖျန်းခေါင်းကို သုံးနိုင်သည်။

၉။ ဆေးတစ်မျိုးတည်း ဆက်တိုက် သုံးစွဲပါက ပေါင်းသတ်ဆေး ဒဏ်ခံနိုင်သော ပေါင်းမျိုးစိတ်များနှင့် နှိမ်နင်းရခက်သော ပေါင်းများ ပေါ်ပေါက်လာနိုင်သဖြင့် ဖြစ်နိုင်ပါက ဆေးအုပ်စု မတူသော ဆေးကို ပြောင်းလဲ သုံးစွဲပါ။

၁၀။ ပေါင်းသတ်ဆေး ၂ မျိုး၊ ၃မျိုး ရောသုံးခြင်းသည် တစ်မျိုးတည်း သုံးခြင်းထက် ပို၍ အာနိသင် ထက်မြက်သည်။ ဆေးနှုန်းထား ရောစပ်ပုံများ လွဲမှားနိုင်သဖြင့် အသင့် အရောကို ဝယ်ယူသုံးစွဲပါ။

၁၁။ ပေါင်းသတ်ဆေး ဖျန်းပုံး သီးသန့်ထားရန်နှင့် မဖျန်းမီနှင့် ဖျန်းပြီး ချိန်တွင် ဆေးဖျန်းပုံးကို သေချာစွာ ဆေးကြောပြီးမှ သုံးပါ။

၁၂။ မြေပေါ်ဖျန်း ပေါင်းသတ်ဆေး အသုံးပြုရာတွင် ဆေးဖျန်းခေါင်းနှင့် မြေကြီး အကွာအဝေး ၁ ပေခြား၍ ဖျန်းပြီး အရွက်ဖျန်း ပေါင်းသတ်ဆေး အသုံးပြုရာတွင် ဆေးဖျန်းခေါင်းနှင့် အပင်ထိပ်ဖျား အကွာအဝေး တစ်ပေခြားပြီး ဖျန်းရမည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်