ဆန်စပါးလောကအတွက် ပြောင်းလဲချက်ဖြစ်လာနိုင်မည့် GAP လက်မှတ်

22/05/2019 19:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာနိုင်ငံသည် ဆန်စပါးပို့ကုန်တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်တင်ပို့နိုင်ရေး အာရုံစူးစိုက်ကြိုးပမ်းနေသည်ကို တွေ့မြင်ရသည်။

လောလောဆယ်တွင် အိမ်နီးချင်းနှင့် အာဆီယီနိုင်ငံများအနက် ထိုင်း၊ ဗီယက်နမ်နှင့် အိန္ဒိယတို့သည် ဆန်စပါးတင်ပို့မှုတွင် ရှေ့သို့ရောက်ရှိနေပြီဖြစ်သည်။

ထိုကြောင့် မြန်မာ့ဆန်စပါးထုတ်လုပ်မှုသည် အရည်အသွေးပိုင်းတွင် အဆိုပါနိုင်ငံများနှင့် ယှဉ်နိုင်အောင်၊ ထိုမှတစ်ဆင့် ကျော်လွှားနိုင်အောင် ဆက်လက်ကြိုးပမ်းနေရမည်ဖြစ်သည်။

ယနေ့ကာလတွင် စိုက်ပျိုးရေးထုတ်ကုန်များနှင့် ပတ်သက်လျှင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း (GAP) စနစ်သည် အရေးပါလာသကဲ့သို့ မွေးမြူရေးကဏ္ဍတွင်လည်း ဥပမာအားဖြင့် ငါးမွေးမြူရေးအလေ့အကျင့်ကောင်း (GAqP) သည် အထူးလိုအပ်လျက်ရှိသည်။

လောလောဆယ်တွင် မန္တလေးတိုင်း၌ စိန်တစ်လုံးသရက် GAP လက်မှတ်များထုတ်ပေးလျက်ရှိနေသည်ကို တွေ့ရသည်။

အလားတူပင် အခြားသော ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့တို့တွင်လည်း မိမိတို့တိုင်းဒေသကြီးများ၏ အဓိကထွက်ကုန်များထဲမှ ပို့ကုန်အဆင့်မီရန် အလားအလာကောင်းသီးနှံများအတွက် GAP လက်မှတ်များထုတ်ပေးရန် စီစဉ်နေကြသည့်သတင်းများကိုလည်း မကြာမကြာ တွေ့မြင်ကြားသိနေရသည်။

တကယ်တော့ GAP စနစ်ဆိုသည်မှာ စိုက်ပျိုးလုပ်ကိုင်မှုများတွင် ကောင်းမွန်သည့် အလေ့အကျင့်ကောင်းများကို စုစည်းဖော်ဆောင်ထားခြင်း ဖြစ်သည်။

GAP စနစ်ကျင့်သုံးလျှင် စိုက်ပျိုးထုတ်လုပ်မှုအဆင့်တိုင်းတွင် စနစ်ကျရန်၊ မျက်ခြည်မပြတ်ကြီးကြပ်ပေးရန်၊ သွင်းအားစုများကို သတ်မှတ်ချက်များနှင့်အညီ အသုံးပြုရန် အထူးလိုအပ်သည်။

စိုက်ပျိုးထုတ်လုပ်မှုဖြစ်စဉ်တစ်လျှောက် မြေယာပြုပြင်သည်မှစတင်ပြီး စတင်စိုက်ပျိုးစဉ်၊ ရိတ်သိမ်းခြွေလှေစဉ်၊ သိုလှောင်သိမ်းဆည်းစဉ်၊ ကိုင်တွယ်ထုပ်ပိုးစဉ်မှ နောက်ဆုံးတင်ပို့ရောင်းချသည်အထိ စနစ်ကျရန် လိုအပ်သည်။

အမှန်စစ်စစ် လယ်ယာကဏ္ဍသည် အလွန်ကျယ်ပြန့်ပြီး ထုတ်လုပ်မှု ဖြစ်စဉ်အဆင့် အများအပြားရှိသော်လည်း စပါးသီးနှံသည် ဟင်းသီးဟင်းရွက်များကဲသို့ ဓာတုဓာတ်ကြွင်းကင်းစေရန် ခူးဆွတ်ရေဆေးရခြင်းမျိုးမရှိသဖြင့် ရေကြောင့် ဝင်ရောက်နိုင်သည့် အဏုဇီဝပိုးမွှားဒဏ်မှ ကင်းလွတ်သည့် အားသာချက်ရရှိထားသည်။

သို့သော် လက်တွေ့ဆောင်ရွက်ကြရာတွင် GAP စနစ်သည် အဆင့်တိုင်းတွင် စနစ်ကျနနေရသဖြင့် လုပ်သားအင်အားလည်း လိုအပ်ချက်ဖြစ်လာသည်။

GAP စနစ်ဖြင့် ထုတ်လုပ်သည့် ကုန်ပစ္စည်းသည် အစားအစာဘေးကင်းလုံခြုံသည့် ထုတ်ကုန်ပစ္စည်းဖြစ်၍ ထုတ်လုပ်နိုင်သည်နှင့်အမျှ အကျိုးအမြတ်လည်း ရှိသည့်စနစ်တစ်ခုဖြစ်သည်။

ထို့ကြောင့် ကနဦးစည်းရုံးအကောင်အထည်ဖော်စဉ်က တောင်သူလယ်သမားများသည် GAP စနစ်ကို အားတက်သရောလိုက်ပါ လုပ်ဆောင်မှုများ ရှိခဲ့သော်လည်း လုပ်ကိုင်ဆောင်ရွက်ရင်း ပေါ်ပေါက်လာသည့် လိုအပ်ချက်များကို မဖြည့်ဆည်းနိုင်သူအချို့သည် လက်လျှော့လာတတ်ကြသည့် အားနည်းချက်များကို တွေ့ရှိလာကြရသည်ဆို၏။

သို့ဖြစ်၍ "လိုလျှင်ကြံဆ နည်းလမ်းရ" ဆိုစကားနှင့်အညီ စီးပွားရေးအကျိုးအမြတ်ရှိပြီး လူသားတို့ စားသုံးမှုအန္တရာယ် ကင်းရှင်းကြောင်း ကောင်းကျိုးများကို ဖော်ဆောင်ပေးနိုင်မည့် GAP စနစ်ဖြင့် ဆန်စပါး ထုတ်လုပ်နိုင်ရေးကို အစိုးရဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ တောင်သူလဘ်သမားများ အနေဖြင့် "စိတ်ရှည်သည်းခံနည်းလမ်းရှာကြံ" ကာ ဖြစ်နိုင်ချေများသော ဒေသများမှသည် တစ်စတစ်စ တိုးချဲ့အကောင်အထည်ဖော်သင့်ကြောင်း တိုက်တွန်းအပ်ပေသည်။

Source - လယ်ယာစီးပွား

 

 

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်